တောရိုင်းတရိစ္ဆာန် အစားအသောက် ရောင်းစွာ တရုတ်မှာ ပိတ်ပင်

FILE PHOTO. Customers eat snake soup in Hong Kong. ©REUTERS / Bobby Yip
FILE PHOTO. Customers eat snake soup in Hong Kong. ©REUTERS / Bobby Yip

ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ပြန့်ပွားခံရရေ နောက်မှာ တရုတ်နိုင်ငံအနှံ့ တောရိုင်းတရိစ္ဆာန် ရောင်းချစွာကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်ပါရေ။ တောရိုင်းတရိစ္ဆာန်တိကို စားသောက်စွာကနိန် အဂုဖြစ်နိန်ရေ ကိုရိုနာဗိုင်းရာ့ဆ် စဖြစ်လာရေလို့ ယူဆထားကတ်ပါရေ။

တောရိုင်းတရိစ္ဆာန်တိကို အသီဖြစ်ဖြစ်၊ အရှင်ဖြစ်ဖြစ်၊ စျီး၊ ဆူပါမာ့ကတ်၊ စားသောက်ဆိုင်နန့် အွင်လိုင်းစျီးတိမှာ မရောင်းရလို့ တားမြစ်လိုက်တေအပြင်၊ သယ်ယူခွင့်ကိုလည်း လုံးဝ ပိတ်ပင်လိုက်ပါရေ။ အေတရိစ္ဆာန်တိ မွီးဇတ်ထားရေ နိန်ရာတိကိုလည်း လုံးဝ အဝင်အထွက် မလုပ်ကတ်ဖို့၊ သစ်တောဝန်ကြီးဌာနနန့် ပူးတွဲထုတ်ပြန်ထားရေ ကြေငြာချက်မှာ တွိရပါရေ။

စက်မှုမြို့တော်ကြီး ဝူဟန်းမြို့က ပင်လယ်စာရောင်းရေ စျီးကြီး ၂ ခုက အေ ကိုရိုနာဗိုင်းရာ့ဆ်(2019-nCoV) စပနာ ပြန့်ပွားလာရေလို့ ယူဆထားကတ်ပါရေ။ အဂုဆိုကေ အေဗိုင်းရာ့ဆ်နန့် သီရေလူ ၅၀ ကျော် ရှိလာပါဗျာလ်။

အေဗိုင်းရာ့ဆ်ရောဂါက သာမန် အဖျားနန့် တူကေလည်း၊ လူတိကြားမှာ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ပါရေ။ ဇာတရိစ္ဆာန်က စပနာ ကူးလာမှန်း မသိရသိမ့်ကေလည်း၊ လင်းဆွဲ မဟုတ်ကေ မြွီ ကို စားကတ်စွာက စဖြစ်ဖို့ များရေလို့ ယူဆထားကတ်ပါရေ။

နာမေကြီး လင်းဆွဲဟင်းရည်(Screenshot from © YouTube/lam harley)

၂၀၀၂ – ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခရေ ဆားဆ်(SARS)ကူးစက်ရောဂါစွာလည်း တရုတ်နိုင်ငံ တောင်ပိုင်းမြို့တော် ဂင်ဇူးမြို့(Guangzhou)မှာ တောရိုင်းတရိစ္ဆာန်တိကို စားသောက်စွာက စတင်ခစွာပါ။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ လူပေါင်း ၈ ထောင်ကျော်ထိ ကူးစက်ခံခရပနာ၊ လူ ၈၀၀ လောက် သီခရပါရေ။

မှတ်ချက် – အဂု ထုတ်ပြန်ချက်နောက်ပိုင်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တောရိုင်းတရိစ္ဆာန် တင်ပို့နိန်ကတ်တေ လုပ်ငန်းတိ တိုက်ရိုက်ထိခိုက်နိုင်ပါရေ။