ကိုရိုနာဗိုင်းရာ့ဆ် ကို WHO အကြံပီးထားစွာတိ

World Health Organization
World Health Organization

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီရေလူ ၂၅၉ ယောက် ရှိပနာ၊ ကဗာအနှံ့မှာ လူပေါင်း ၁၂,၀၀၀ လောက်ထိ ကူးစက်ခံနိန်ရပါဗျာလ်။

အေဗိုင်းရာ့ဆ် ကူးစက်ပုံစွာ ကဗာမှာ အယင်က မရှိဖူးရေအတွက်၊ ကောလဟာလသတင်းတိနန့် တလွဲ အထင်အမြင် ရှိနိန်ကေ အန္တရာယ် ရှိနိုင်ပါရေ။ ယင်းအတွက်နန့် ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီ ကဗာ့ကျန်းမာရေးအဖွဲ့(World Health Organization (WHO))က အကြံပီးစွာတိကိုရာ လူတိုင်း လိုက်နာကတ်ဖို့ တိုက်တွန်းပါရေ။

အောက်မှာ ဒဗြူအိတ်ချ်အို(WHO)က အကြံပီးထားစွာတိကို ကိုယ်နန့် ကိုယ့်မိသားစုအတွက် ပြင်ဆင်ထားဖို့ လေ့လာကြည့်နိုင်ပါရေ။

မိန်း – ကိုရိုနာဗိုင်းရာ့ဆ်ကို အန်တီဘိုင်အိုတဲ့ဆ် လို့ခေါ်ရေ ပိုးသတ်ဆီးတိ သောက်ပနာ၊ ကြိုတင် ကာကွယ်ထားလို့ ရပါလာ? ဖြစ်နိန်ချိန်မှာ ကုသလို့ ရနိုင်ပါလာ?

ဖြေ – မရနိုင်ပါ။ အန်တီဘိုင်အိုတဲ့ဆ် လို့ခေါ်ရေ ပိုးသတ်ဆီးစွာ ဗိုင်းရာ့ဆ်တိကို မသတ်နိုင်ပါ။ ဘတ္တရီးယားပိုးတိကိုရာ သတ်နိုင်ပါရေ။ ကိုရိုနာဗိုင်းရာ့ဆ်စွာ ဗိုင်းရာ့ဆ်ပိုး ဖြစ်တေအတွက်၊ အန်တီဘိုင်အိုတဲ့ဆ် ကြိုတင်သောက်ထားလို့ မရနိုင်ရေပိုင်၊ ဖြစ်နိန်ချိန်မှာ သောက်ပနာ ကုသလို့လည်း မရနိုင်ပါ။ ဆေးရုံတိမှာ သောက်ခိုင်းစွာက၊ ဗိုင်းရာ့ဆ်ဖြစ်ချိန် ကပ်ပါလာရေ ဘတ္တရီးယားပိုးတိကို သတ်ဖို့လောက်ပါရာ။

မိန်း – ကိုရိုနာဗိုင်းရာ့ဆ်က အသက်ကြီးရေ လူကြီးတိမှာရာ ဖြစ်ပါလာ? လူငယ်တိမှာလည်း ဖြစ်နိုင်ပါလာ?

ဖြေ – အေပိုင်းရာ့ဆ်က အသက်အရွယ် မခွဲ ကူးစက်နိုင်ပါရေ။ အသက်ကြီးရေ လူကြီးတိနန့် ကျန်းမာရေး မကောင်း အခံရှိရေ လူတိကို ပိုပနာ ပြင်းပြင်းထန်ထန် ရောဂါဖြစ်စီနိုင်ပါရေ။

မိန်း – အိမ်မှာ မွီးဇတ်ထားရေ တရိတ္ဆန်တိက ကူးစက်နိုင်ပါလာ?

ဖြေ – အဂုထိတော့ အိမ်မွီးတရိတ္ဆန် ခွီး၊ ကြောင်တိက အေဗိုင်းရာ့ဆ် ကူးစက်စွာကို မတွိရပါ။ ယကေလည်း အိမ်မွီးတရိတ္ဆန်တိကို ကိုင်ဗြီးတိုင်း၊ သဗုန်နဲ့ လက်ဆီးလိုက်စွာက အကောင်းဆုံးပါ။

မိန်း – ကိုရိုနာဗိုင်းရာ့ဆ်ကို ကြိုတင် ကာကွယ်နိုင်ရေ၊ ကုသနိုင်ရေ ဆီး ရှိပါလာ?

ဖြေ – အဂု အချိန်ထိ၊ ကိုရိုနာဗိုင်းရာ့ဆ်ကို ကြိုတင် ကာကွယ်နိုင်ရေ၊ ဖြစ်နိန်ချိန် ကုသနိုင်ရေ ဆီး မရှိသိမ့်ပါ။ ဒဗြူအိတ်ချ်အိုက တခြားအပေါင်းအပါတိနန့် သုတေသန လုပ်ပနာ ထုတ်လုပ်ဖို့တော့ ကြိုးပမ်းနိန်ပါရေ။

(ပညာရှင်တိက အနည်းဆုံး ၃ လအထက် ကြာနိုင်ရေလို့ ခန့်မှန်းထားကတ်ပါရေ။)

မိန်း – နမိုးနီးယားကို ကာကွယ်နိုင်ရေ ထိုးဆီးတိက ကိုရိုနာဗိုင်းရာ့ဆ်ကို ကာကွယ်နိုင်ပါလာ?

ဖြေ – နမိုးနီးယား ကာကွယ်ဆီးတိက ကိုရိုနာဗိုင်းရာ့ဆ်ကို မကာကွယ်နိုင်ပါ။ ကိုရိုနာဗိုင်းရာ့ဆ်က အသစ်ဖြစ်ပနာ၊ တခြားဗိုင်းရာ့ဆ်တိနန့် မတူပါ။ အေဗိုင်းရာ့ဆ်ကို ကာကွယ်ဖို့အတွက် ဆီးအသစ်တမျိုးကို ဖန်တီးထုတ်လုပ်ဖို့ လိုပါရေ။

မိန်း – တရုတ်နိုင်ငံက ပို့လာရေ စာဖြစ်ဖြစ်၊ ပါဆယ်ထုပ် ဖြစ်ဖြစ် လက်ခံရစွာ အန္တရာယ် ရှိပါလာ?

ဖြေ – အန္တရာယ် မရှိပါ။ တရုတ်နိုင်ငံက လာရေ ပစ္စည်းတိကို ထိတွိစွာနန့် ဗိုင်းရာ့ဆ် မကူးစက်နိုင်ပါ။ အယင်လေ့လာဆန်းစစ်မှုအရ၊ ကိုရိုနာဗိုင်းရာ့ဆ်စွာ စာတိ၊ ပါဆယ်ထုပ်တိပိုင် ပစ္စည်းတိမှာ ကပ်ပနာ အကြာကြီး အသက် မရှင်နိုင်ပါ။