ကိုရိုနာဗိုင်းရာ့ဆ်ကို တန်းခါးလက်ကိုင်မှာ တွိ

0
1109
germ-hot-spots-door-handle
germ-hot-spots-door-handle

တရုတ်နိုင်ငံမှာ လွန်ခရေ ၁၇ နှစ်က ဖြစ်ခရေ ဆားဆ်ရောဂါ(SARS)နန့် လူတိသီခစွာထက်၊ အဂု ကိုရိုနာဗိုင်းရာ့ဆ်နန့် ပိုပနာ လူသီလားပါဗျာလ်။ ယင်းထက် ပိုဆိုးလာစွာက၊ လူနာ ၁ ယောက်အိမ်က တန်းခါးလက်ကိုင်မှာ ကိုရိုနာဗိုင်းရာ့ဆ်တိကို တွိရစွာပါ။

ညဇာကထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရာ့ဆ်နန့် လူပေါင်း ၃၆၁ ယောက် သီဗျာလ်လို့ တရုတ် အမျိုးသားကျန်းမာရေးကင်မဲဆ်ရှန်(National Health Commission)က အတည်ပြု ပြောကြားရေအတွက်၊ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ ဆားဆ်ရောဂါနန့် သီခရေ လူပေါင်း ၃၄၉ ယောက်ကို ကျော်လွန်လားပါဗျာလ်။

တရုတ်နိုင်ငံမှာ ညဇာက သီရေ ၅၇ ယောက်မှာ၊ ၅၆ ယောက်က ဗိုင်းရာ့ဆ် စဖြစ်တေ ဟူဘီဒေသ(Hubei Province)ထဲမှာ သီကတ်စွာ ဖြစ်ပနာ၊ ကျန် ၁ ယောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချွင်ကျိန်းမြို့(Chongqing)မှာ သီစွာ ဖြစ်ပါရေ။

တရုတ်နိုင်ငံထဲမှာ စုစုပေါင်း ၁၇,၂၀၅ ယောက် ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံထားရရေလို့ လက်ရှိ မှတ်တမ်းတင်ထားပါရေ။

တရုတ်နိုင်ငံ အရှိတောင်ပိုင်း ဂွင်ကျိုးမြို့(Guangzhou) ကူးစက်ရောဂါကာကွယ်ရေးဗဟိုဌာန၊ ဒုတိယဂေါင်းဆောင် ဇန်း ဇူးဘိန်(Zhang Zhoubin)က လူနာ ၁ ယောက် အိမ်က တန်းခါးလက်ကိုင်မှာ ကိုရိုနာဗိုင်းရာ့ဆ်တိကို တွိရရေလို့ ပြောလားပါရေ။ “အေဟင့်က ကျွန်တော်ရို့ကို အိမ်မှာ လက်ကို ယပြတ်ဆီးနိန်ဖို့ လိုရေလို့ သတိပီးလိုက်စွာပါ။” လက်ကိုင်ဖုန်းတိ၊ ကင်ပျူတာကီးဘိုးဒ်တိနန့် တခြားလက်ကိုင်တိကိုလည်း အတတ်နိုင်ဆုံး မျှမသုံးကတ်ဖို့၊ ရှောင်ကတ်ဖို့ သတိပီးလိုက်ပါရေ။ (ဘာ့ဆ်ကား လက်ကိုင်တိ၊ ထိုင်ခုံတိကို သတိထားဖို့ လိုပါလိမ့်မေ။)

ဝူဟန်းမြို့က ဇီဝနည်းပညာ ကင်ပဏီတိက ဆဲလ်တည်ဆောက်မှုထဲမှာ ကိုရိုနာဗိုင်းရာ့ဆ်ကို ချော့ချနိုင်ရေ ထိုးဆီး ၃ မျိုးလောက်ကို တွိထားဗျာလ်လို့ ဆိုပါရေ။ ယကေလည်း အဂု ကြွက်နန့် မျောက်တိမှာရာ စမ်းသပ်နိန်တုန်း ရှိပနာ၊ လူနန့် မစမ်းသပ်ရသိမ့်လို့ ဟူဘီ သိပ္ပံနန့် နည်းပညာဌာန(Hubei’s Science and Technology Department)က ဝမ်ဝေ(Wang Wei)က ပြောလားပါရေ။

တဖက်မှာလည်း တရုတ်နိုင်ငံ ဝူဟန်းမြို့မှာ ၁၀ ရက်နန့် အဗြီးဆောက်နိန်ရေ လူနာကဒင် ၁,၀၀၀ ဆန့် ဟူးရှန်ရှန်းဆေးရုံ(Huoshenshan Hospital) တစိတ်တဒေသကို အေနိ စဖွင့်ပါပနာ၊ လူနာတိ ဝင်လာကတ်ပါဗျာလ်။ လူနာ ၁,၅၀၀ ဆန့် လိုင်ရှန်ရှန်းဆေးရုံ(Leishenshan)ကိုလည်း အေအပတ်ထဲ ဖွင့်လားဖို့လို့ ဆိုပါရေ။


An aerial view shows the newly completed Huoshenshan Hospital taken on February 2, 2020. ©China Daily via REUTERS
An aerial view shows the newly completed Huoshenshan Hospital taken on February 2, 2020. ©China Daily via REUTERS
လိုင်ရှန်ရှန်းဆေးရုံ ဆောက်နိန်ပုံ