ကိုရိုနာဗိုင်းရာ့ဆ် ၄၂၆ သီပနာ ၂ သောင်းလောက်ထိ ကူးစက်လာ

Passengers wearing masks to prevent contracting coronavirus walk past a thermal camera upon their arrival at Incheon International Airport in South Korea, January 3, 2020. © Reuters / Kim Hong-Ji
Passengers wearing masks to prevent contracting coronavirus walk past a thermal camera upon their arrival at Incheon International Airport in South Korea, January 3, 2020. © Reuters / Kim Hong-Ji

အေနိ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီရေလူ အရေအတွက် ၄၂၆ ယောက်ထိ တက်လာပနာ၊ ကူးစက်ခံရရေ လူပေါင်း ၂ သောင်း လောက်ထိ ရှိလာရေလို့ တရုတ်နိုင်ငံ အစိုးရတီဗွီသတင်းမှာ ဖော်ပြထားပါရေ။

ကိုရိုနာဗိုင်းရာ့ဆ် မူရင်းဇတ်မြစ် ဟူဘီဒေသ(Hubei)မှာ အေနိ လူပေါင်း ၂,၃၄၅ ယောက် ထပ်ကူးစက်ခံရရေလို့ ဆိုပါရေ။

တရုတ်နိုင်ငံ ပြင်ပက ကျန် နိုင်ငံ၊ ဒေသ ၂၅ ခုမှာလည်း ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရရေ လူပေါင်း ၁၅၅ ယောက်ထိ တိုးလာပါရေ။

တရုတ်နှစ်သစ်ကူးအဗြီး၊ တရုတ် စတော့စျီး ဖွင့် ဖွင့်ချင်း၊ တရုတ်စတော့ ၃,၅၀၀ လောက်စွာ၊ သတ်မှတ်ထားရေ ၁ ရက်အတွင်း အများဆုံး ပြုတ်ကျနိုင်ရေ ပမာဏ ၁၀% ထိ ပြုတ်ကျလားကတ်ပါရေ။ အေနိ စတော့ ပိတ်တေအချိန်မှာ Shanghai Composite Index က ၇.၇% ပြုတ်ကျလားရေအတွက်၊ ၅ နှစ်အတွင်း အဆိုးရွားဆုံး ပြုတ်ကျလားစွာလို့ ပြောရပါဖို့။ Shenzhen Composite Index ကလည်း ၈.၈% ထိ ထိုးဆင်းလားရေအတွက် ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ တခါလည်း မဖြစ်ဖူးခရေ ဖြစ်စဉ်တခုပါ။ ၁ ရက်အတွင်း ဆုံးရှုံးမှု စုစုပေါင်း တန်ဖိုးကို တွက်ကြည့်လိုက်ကေ အမေရီကန်ဒေါ်လာ ၄၄၅ ဘီလီယံ လောက် ရှိပါရေ။

တရုတ်ဒင်္ဂါး ယွန်(yuan) တန်ဖိုးလည်း ၁.၅% လောက် ကျဆင်းလားရေအတွက်၊ အမေရီကန်ဒေါ်လာနန့် လဲလှယ်ကြည့်ကေ ၁ ဒေါ်လာကို ၇ ယွန် လောက်နန့် ညီမျှလားပါရေ။

တရုတ်ပြည်သူ့ဘဏ်(People’s Bank of China)ကတော့ ယွန် ၁.၂ ထရီလီယံ (အမေရီကန်ဒေါ်လာ ၁၇၀ ဘီလီယံ)ကို တရုတ်စျီးကွက်ထဲ ထည့်သွင်းပီးလားဖို့လို့ တနင်္ဂနိန်နိက ပြောလားပါရေ။