ကိုရိုနာဗိုင်းရာ့ဆ် ၅၆၄ သီပနာ ၂၈,၀၀၀ လောက်ထိ ကူးစက်လာ

FILE PHOTO: A medical worker takes the body temperature of a man at an entrance to a hospital in Suichuan, China as the country is hit by an outbreak of the new coronavirus. © Reuters / China Daily
FILE PHOTO: A medical worker takes the body temperature of a man at an entrance to a hospital in Suichuan, China as the country is hit by an outbreak of the new coronavirus. © Reuters / China Daily

အေနိ ကိုရိုနာဗိုင်းရာ့ဆ် မူလရင်းမြစ် ဟူဘီဒေသ(Hubei)မှာ နောက်ထပ် လူ ၇၀ သီရေအတွက်၊ အဂုဆိုကေ ကိုရိုနာဗိုင်းရာ့ဆ်နန့် လူပေါင်း ၅၆၄ ယောက် သီလားပနာ၊ ကူးစက်ခံရရေ လူပေါင်းကလည်း ၂၈,၀၀၀ နားကို ကပ်လာပါဗျာလ်။

ကဗာ့ကျန်းမာရေးအဖွဲ့ ဒဗြူအိပ်ချ်အို(World Health Organization, WHO)ကတော့ အဂုထိ ကိုရိုနာဗိုင်းရာ့ဆ်ကို တိတိကျကျ ပျောက်ကင်းနိုင်အောင် ကုသနိုင်ရေ ဆီးမရှိသိမ့်လို့ အေနိ ထပ်ပြောလားပါရေ။

အဂု ကူးစက်ခံရရေ လူပေါင်း ၂၇,၆၀၂ ယောက် ရှိနိန်ပနာ၊ သံသယဖြစ်ခံနိန်ရရေ လူပေါင်းကလည်း ၂၃,၂၆၀ ယောက် ထပ်ရှိနိန်ပါရေ။ သီရေလူက ၅၆၄ ယောက် ရှိလားပနာ၊ အသည်းအသန် ဖြစ်နိန်ရေ လူပေါင်း ၃,၆၁၄ ယောက် ရှိနိန်ပါရေ။ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အေဗိုင်းရာ့ဆ် ကူးစက်ခံနိန်ရေလို့ သိရပနာ၊ အများဆုံးက တရုတ်နိုင်ငံမှာပါ။ သီလားရေ ၅၆၄ ယောက်မှာ၊ ၂ ယောက်က လွဲကေ၊ ကျန်လူတိအားလုံးက တရုတ်နိုင်ငံထဲမှာပါ။ ၂ ယောက်မှာ ၁ ယောက်က ဖေလ်လစ်ပိန်းနိုင်ငံ(Philippine)ထဲမှာ သီစွာ ဖြစ်ပနာ၊ ကျန် ၁ ယောက်က ဟောင်ကောင်မှာ သီစွာပါ။

အေနိ လူပေါင်း ၃,၇၀၀ ယောက်ပါရေ အပျော်စီးသင်္ဘော ၁ စီးကို၊ ခရီးသယ်တိ အောက်ကို မဆင်းဇီဘဲ ဂျပန်နိုင်ငံမှာ ထိန်းသိမ်းထားပါရေ။ ယင်းသင်္ဘောက ဆင်းလာရေ ခရီးသယ် ၁ ယောက်မှာ ကိုရိုနာဗိုင်းရာ့ဆ်ကို တွိရလို့ပါ။ ယင်းအထဲမှာ အမေရီကန် ခရီးသယ် ၄၀၀ လည်း ပါနိန်ပါရေ။