ကိုရိုနာဗိုင်းရာ့ဆ် ၆၃၉ သီပနာ ၃၁,၀၀၀ ကျော်ထိ ကူးစက်လာ

© Reuters / Kim Kyung-Hoon
© Reuters / Kim Kyung-Hoon

ကိုရိုနာဗိုင်းရာ့ဆ် မူလဇတ်မြစ်ဖြစ်တေ တရုတ်နိုင်ငံ ဟူဘီဒေသ(Hubei province)မှာ နောက်ထပ် ၆၉ သီရေအတွက်၊ အဂုဆိုကေ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီရေလူ အရေအတွက် ၆၃၉ ယောက်ကို တက်လာပါရေ။ ဟူဘီဒေသမှာဗျာလ် နောက်ထပ် လူပေါင်း ၂,၅၀၀ ထပ်ပနာ ကူးစက်ခံရရေအတွက်၊ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၃၁,၀၀၀ ကို တက်လာပါရေ။

ဆိန်ကာပေါ်နိုင်ငံ(Singapore)မှာ နောက်ထပ် လူ ၂ ယောက် ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရပနာ၊ ယင်းအထဲက ၁ ယောက်က တရုတ်နိုင်ငံနန့် လုံးဝ အဆက်အစပ် မရှိလို့ ဆိုပါရေ။ “ပုံမှန် အပြင်က ဒေသခံလူထုအတွင်းမှာလည်း ကိုရိုနာဗိုင်းရာ့ဆ် ရောက်နိန်လောက်ဗျာလ်။” လို့ ပြည်သူတိကို သတိထားကတ်ဖို့ အစိုးရက သတိပီးထားပါရေ။

တရုတ်နိုင်ငံပြင်ပက တခြားနိုင်ငံတိမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံထားရရေ စရင်းကို အောက်မှာ တွိနိုင်ပါရေ။
  • Australia (at least 15 cases)
  • Belgium (at least 1 case)
  • Cambodia (at least 1 case)
  • Canada (at least 5 cases, plus two pending confirmation)
  • Finland (at least 1 case)
  • France (at least 6 cases)
  • Germany (at least 13 cases)
  • Hong Kong (at least 24 cases, 1 death)
  • India (at least 3 cases)
  • Italy (at least 3 cases)
  • Japan (at least 86 cases, including 61 in cruise ship quarantine)
  • Macao (at least 10 cases)
  • Malaysia (at least 14 cases)
  • Nepal (at least 1 case)
  • Philippines (at least 3 cases, 1 death)
  • Russia (at least 2 cases)
  • Singapore (at least 30 cases)
  • South Korea (at least 24 cases)
  • Spain (at least 1 case)
  • Sri Lanka (at least 1 case)
  • Sweden (at least 1 case)
  • Taiwan (at least 16 cases)
  • Thailand (at least 25 cases)
  • United Arab Emirates (at least 5 cases)
  • United Kingdom (at least 3 cases)
  • United States (at least 12 cases)
  • Vietnam (at least 12 cases)

ဟောင်ကောင်နန့် ဂျပန်နိုင်ငံက သင်္ဘောဆိပ် ၂ ခုမှာလည်း၊ လူထောင်ပေါင်းများစွာပါရေ အပျော်စီးသင်္ဘော ၂ စီးကို ခရီးသယ်တိ အောက်ကို အဆင်းမခံဘဲ ပိတ်လှောင်ထားပါရေ။ ခရီးသယ်ပေါင်း ၃,၇၀၀ ပါပနာ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့(Yokohama)က ဆိပ်ကမ်းမှာ ရပ်ထားရေ စိန်မင်းသမီး(Diamond Princess)ဆိုရေ အပျော်စီးသင်္ဘောထက်မှာ ကိုရိုနာဗိုင်းရာ့ဆ် အကူးခံထားရရေ လူပေါင်း ၆၁ ယောက်ထိ ရှိလာပါရေ။ ကူးစက်ခံထားရရေ လူတိစရင်းကို အောက်မှာ တွိနိုင်ပါရေ။

ဗိုင်းရာ့ဆ် ကူးစက်ခံထားရရေ ခရီးသည်

  • 28 – Japan
  • 11 – US
  • 7 – Australia
  • 7 – Canada
  • 3 – Hong Kong
  • 1 – Argentina
  • 1 – Taiwan
  • 1 – New Zealand
  • 1 – UK

ဗိုင်းရာ့ဆ် ကူးစက်ခံထားရရေ သင်္ဘောဝန်ထမ်း

  • 1 – Philippines

သင်္ဘောထက်မှာ ပိတ်လှောင်ခံထားရရေ ခရီးသည်တိကတော့ “ရီပေါ် ထောင်” ထဲမှာ ရောက်နိန်ရေပိုင် ခံစားနိန်ရရေလို့ လူမှုကွန်ယက်တိမှာ ခံစားချက်တိကို မျှဝီနိန်ကတ်ပါရေ။

ယင်းချင့်အပြင် ဆိန်ကာပေါ်နိုင်ငံက ထွက်လာရေ အပျော်စီးသင်္ဘောတစီးကိုလည်း တခြားအာရှနိုင်ငံတိက ကမ်းကပ်မခံဘဲ ပြန်လွတ်လိုက်ကတ်ပါရေ။

နယူးယော့ခ်မြို့တော်(New York City)မှာ ကမ်းကပ်လာရေ တော်ဝင် ကာရဲ့ဘ်ဘိန်း(Royal Caribbean) အပျော်စီးသင်္ဘောကိုလည်း အမေရီကန်ပြည်ထောင်စု ကူးစက်ရောဂါ ထိန်းချုပ်ရေးနန့် တားဆီးရေးဗဟိုဌာန(US Centers for Disease Control and Prevention)က စစ်ဆေးဗြီးမှရာ ခရီးသယ်တိကို အောက်ဆင်းခွင့် ပြုဖို့လို့ ဆိုပါရေ။

အေနိ တရုတ်နိုင်ငံက လူမှုကွန်ယက်တိမှာ ဟိုးလေးတကျော် ဖြစ်နိန်စွာက၊ ကိုရိုနာဗိုင်းရာ့ဆ်ကို စသတိထားမိပနာ၊ ပထမဆုံး လူထုကို အသိပီးခရေ ဆရာဝန်၊ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရပနာ သီလားရရေ သတင်းပါ။ ဒီဇန်ဘာလထဲမှာ ကိုရိုနာဗိုင်းရာ့ဆ် စပျံ့လာစွာကို သတိထားမိလို့၊ ဝူဟန်းမြို့ ဆေးရုံက ဆရာဝန် လီ ဝန်လျန်း(Li Wenliang)က အသိမိတ်ဆွေတိကို တရုတ်လူမှုကွန်ယက်ကနိန်ပနာ သတိပီးခပါရေ။ ယင်းချင့်ကို ဝူဟန်းမြို့ရဲတိက ကောလဟာလသတင်းလွှင့်မှုနန့် ဖမ်းပနာ၊ ခံဝန်လက်မှတ်ထိုးဗျာလ် ပြန်လွတ်လိုက်ပါရေ။ ယင်းဆရာဝန် ညဇာကညဥ့်မှာ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီလားရပါရေ။ တရုတ်ပြည်သူတိကြားမှာတော့ အေဆရာဝန်အတွက် ယူကျုံးမရ ဖြစ်နိန်ကတ်တေ လူတိနန့်၊ အစိုးရကို အပြစ်တင်ပနာ ခံပြင်းနိန်ကတ်တေ လူတိ သန်းပေါင်းများစွာ လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့နိန်ပါရေ။

TOPSHOT – A photo of the late ophthalmologist Li Wenliang is seen with flower bouquets at the Houhu Branch of Wuhan Central Hospital in Wuhan in China’s central Hubei province on February 7, 2020. – A Chinese doctor who was punished after raising the alarm about China’s new coronavirus died from the pathogen on February 7, sparking an outpouring of grief and anger over a worsening crisis that has now killed more than 630 people. (Photo by STR / AFP) / China OUT (Photo by STR/AFP via Getty Images)