သင်းခွေချပ်စွာ ကိုရိုနာဗိုင်းရာ့ဆ် ဇတ်မြစ် ဖြစ်နိုင်လို့ သုတေသီတိပြော

File photo: © REUTERS/Kham/File Photo
File photo: © REUTERS/Kham/File Photo

ကိုရိုနာဗိုင်းရာ့ဆ်စွာ လင်းဆွဲ/လင်လုပ်တိကနိန် လူတိကို ကူးစက်စွာမှာ၊ သင်းခွေချပ်တိစွာ အဓိက ဇတ်မြစ်ဖြစ်နိုင်ရေလို့ တရုတ်သုတေသီတိက ယုံကြည်နိန်ကတ်ပါရေ။ သင်းခွေချပ်တိစွာ နို့တိုက်သတ္တဝါတိ ဖြစ်ပနာ၊ အရှိပိုင်းနိုင်ငံတိမှာ ဆီးဝင်ရေလို့ ယုံကြည်ကတ်တေအတွက်၊ တရားမဝင် နည်းလမ်းမျိုးစုံနန့် ရောင်းဝယ်ဖောက်ကားနိန်ကတ်ပါရေ။

“အဂု တွိရှိချက်က ဗိုင်းရာ့ဆ်မူရင်းဇတ်မြစ်ကို ထိန်းချုပ်ဖို့နန့် ကာကွယ်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်နိုင်ပါရေ။”လို့ တောင်တရုတ်စိုက်ပျိုးရေးတက္ကသိုလ်(South China Agricultural University) ဝပ်ဆိုက်ထဲက ကြေငြာချက်ထဲမှာ ရွီးထားပါရေ။

သင်းခွေချပ်တိစွာ အာရှတိုက်ထဲမှာ မှောင်ခိုအလားခံရဆုံး သတ္တဝါတမျိုးပါ။ နိုင်ငံတကာမှာ အထူးကာကွယ်စောင့်ရှောက်ရဖို့ တရိစ္ဆာန်တိစရင်းထဲမှာ ထည့်ထားကေလည်း၊ လွန်ခရေ ဆယ်စုနှစ်ထဲမှာ သင်းခွေချပ် ကောင်ရေ ၁ သန်းလောက်၊ အာရှတိုက်နန့် အာဖရိကတိုက် တောတိထဲက အဖမ်းခံရပါရေ။

အာရှတိုက်နိုင်ငံတိမှာ သင်းခွေချပ် အသားက ကကောင်း နူးညံ့လို့ စျီးကြီးပီး ဝယ်စားကတ်ပနာ၊ အချပ်ချပ် အကြီးခွံတိက ဆီးဝင်ရေဆိုပနာ တိုင်းရင်းဆီးတိမှာ ထည့်သုံးကတ်ပါရေ။

တရုတ်သုတေသီတိက တောရိုင်းတရိစ္ဆာန် အကောင် ၁ ထောင်ကျော်ကို သုတေသနလုပ်ကတ်စွာမှာ၊ သင်းခွေချပ်တိမှာ တွိရရေ ကိုရိုနာဗိုင်းရာ့ဆ် ဗီဇလက္ခဏာစွာ၊ အဂု ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံနိန်ရရေ လူနာတိမှာ တွိရရေ ကိုရိုနာဗိုင်းရာ့ဆ် ဗီဇလက္ခဏာနန့် ၉၉% ထပ်တူကျစွာကို တွိရရေလို့ ဆိုပါရေ။

အဂုပြန့်ပွားလာနိန်ရေ ကိုရိုနာဗိုင်းရာ့ဆ်စွာ တရုတ်နိုင်ငံ၊ ဟူဘီဒေသမြို့တော် ဝူဟန်းမြို့က၊ တောရိုင်းတရိစ္ဆာန်တိ ရောင်းရေ စျီးက စပနာ ပြန့်ပွားလာစွာပါ။