ကိုရိုနာဗိုင်းရာ့ဆ် ၁,၀၁၈ သီပနာ ၄၃,၀၉၀ ထိ ကူးစက်လာ

0
922
FILE PHOTO: A worker checks the temperature of a passenger arriving into Hong Kong International Airport with an infrared thermometer, following the coronavirus outbreak in China. © Reuters / Hannah McKay
FILE PHOTO: A worker checks the temperature of a passenger arriving into Hong Kong International Airport with an infrared thermometer, following the coronavirus outbreak in China. © Reuters / Hannah McKay

အေနိ မိုးသောက် စရင်းအရ၊ အဂုဆိုကေ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီရေလူပေါင်း ၁,၀၁၈ ယောက်ကို မြင့်တက်လာပါရေ။ ယင်းအထဲမှာ ၁,၀၁၆ ယောက်က တရုတ်နိုင်ငံထဲမှာ ဖြစ်ပနာ၊ ကျန် ၂ ယောက်က ဟောင်ကောင်(Hong Kong)မှာ ၁ ယောက်၊ ဖဲလ်လဲ့ပ်ပိန်းဆ်(Philippines)မှာ ၁ ယောက်ပါ။

ညဇာက ကိုရိုနာဗိုင်းရာ့ဆ် မူရင်းဇတ်မြစ် ဟူဘီဒေသ(Hubei province)မှာ နောက်ထပ် ၂,၀၉၇ ယောက် ထပ်ပနာ ဗိုင်းရာ့ဆ် အကူးခံရပါရေ။ အများစုက မြို့တော် ဝူဟန်း(Wuhan)မှာ အကူးခံရစွာပါ။ ညဇာက တရုတ်နိုင်ငံ တခုလုံးမှာ ၂,၄၇၈ ယောက် အကူးခံရရေအတွက်၊ အဂုဆိုကေ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရရေ လူပေါင်း ၄၂,၆၃၈ ယောက် ရှိလာပါဗျာလ်။ အေနိ မိုးသောက်အထိ၊ တကဗာလုံးမှာ ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရရေ လူပေါင်း ၄၃,၀၉၀ ယောက် ရှိလာပါရေ။ လူနာ ၄,၀၀၀ နီးပါးလောက်လည်း ရောဂါ ပျောက်ကင်းပနာ၊ ဆေးရုံတိက ဆင်းလားကတ်ဗျာလ်လို့ တရုတ်ကျန်းမာရေးအရာရှိတိက ပြောလားပါရေ။

အဂုအခါ ကဗာ့ကျန်းမာရေးအဖွဲ့ ဒဗြူအိပ်ချ်အို(World Health Organization, WHO)ကလည်း နိုင်ငံတိုင်းမှာ ကိုရိုနာဗိုင်းရာ့ဆ် ပျံ့နှံ့လာနိုင်ရေအတွက် ပြင်ဆင်ထားကတ်ဖို့၊ သတိပီးလိုက်ပါရေ။ ကိုရိုနာဗိုင်းရာ့ဆ် တိုက်ဖျက်ရေးအတွက်၊ ဒဗြူအိပ်ချ်အို ကျန်းမာရေးပညာရှင်တိလည်း တရုတ်နိုင်ငံကို အေနိ ရောက်နိန်ကတ်ပါဗျာလ်။

တိုင်ဝမ်နိုင်ငံ(Taiwan)ကလည်း တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို ဒေသတိနန့် ဆိန်ဂါပေါ်နိုင်ငံ၊ ထိုင်းနိုင်ငံရို့ကို မလိုအပ်ဘဲ ခရီးမလားကတ်ဖို့နန့်၊ လားကေလည်း လိုအပ်တေ ကာကွယ်မှုတိ လုပ်လားကတ်ဖို့ နိုင်ငံသားတိကို သတိပီးထားပါရေ။

ဆိန်ဂါပေါ်နိုင်ငံ(Singapore)မှာလည်း ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရရေ လူပေါင်း ၄၅ ယောက်ကို ထပ်တက်လာပါရေ။ အေနိ ထပ်အကူးခံရရေ လူတိမှာ၊ တရုတ်နိုင်ငံ ဝူဟန်းမြို့က ဂျန်နူဝါရီလ ၃၀ ရက်နိက ပြန်လာရေ အသက် ၂ နှစ်အရွယ် ကလိမ့်မေချေ တယောက်နန့်၊ တရုတ်နိုင်ငံကို မလားဘဲ ကူးစက်ခံရရေ အသက် ၃၇ နှစ်အရွယ် ယောကျ်ားတယောက်ပါ။

ဇိမ်ခံသင်္ဘော ၃ ဇင်းမှာ၊ တရုတ်နိုင်ငံ ဟောင်ကောင်မှာ ၅ ရက် အပိတ်ခံထားရရေ အိမ်မက်ကဗာ(World Dream) သင်္ဘောက ခရီးသယ်နန့် သင်္ဘောဝန်ထမ်း ၃,၆၀၀ကို ဖေဘြူဝါရီလ ၉ ရက်နိက ကမ်းတက်ခွင့် ခွင့်ပြုလိုက်ပါရေ။ ယင်းသင်္ဘောမှာတော့ ဗိုင်းရာ့ဆ် အကူးခံရစွာကို မတွိရပါ။ ဂျပန်နိုင်ငံ ယိုကိုဟားမားကမ်းခြေက ဖေဘြူဝါရီလ ၄ ရက်နိကပင် အပိတ်ခံထားရရေ၊ စိန်မင်းသမီး(Diamond Princess) သင်္ဘောမှာတော့ ခရီးသယ်နန့် သင်္ဘောဝန်ထမ်း ၁၃၅ ယောက် ကိုရိုနာဗိုင်းရာ့ဆ် အကူးခံထားရပါရေ။ အေသင်္ဘောက ခရီးသယ်နန့် ဝန်ထမ်းတိကို အောက်ဆင်းခွင့် မပြုသိမ့်ပါ။ နောက် ခရီးသယ်နန့် ဝန်ထမ်း ၂ ထောင်ကျော်ပါရေ ဝပ်ဆတာဒန်း(Westerdam)ဆိုရေ ဇိမ်ခံသင်္ဘောကိုတော့၊ ဂျပန်နိုင်ငံ၊ တိုင်ဝမ်နိုင်ငံနန့် ဖဲလ်လဲ့ပ်ပိန်းဆ်နိုင်ငံရို့က အဝင် မခံရေအတွက်၊ အဂု ထိုင်းနိုင်ငံကို လှည့်လာပါရေ။ ဖေဘြူဝါရီလ ၁၃ ရက်နိမှာ ကမ်းကပ်ဖို့ ရှိကေလည်း၊ ထိုင်းနိုင်ငံကလည်း ကမ်းထက်ကို အတက်ခံဖို့ မဟုတ်လို့ အစိုးရအထက်တန်း အရာရှိတယောက်က ပြောလားပါရေ။ ခရီးသယ်တိ အားလုံးကို ခရီးစဉ်ဖေသာ အားလုံး ပြန်အမ်းထားဗျာလ်လို့ ဆိုပါရေ။