ကိုရိုနာဗိုင်းရာ့ဆ် ကဗာတဝှမ်း ၆၄,၄၃၅ ထိ ကူးစက်လာ

0
967
A man wearing a protective face mask as a preventative measure against the coronavirus buys flowers to mark Valentine's Day in Hong Kong on February 14. Philip Fong/AFP/Getty Images
A man wearing a protective face mask as a preventative measure against the COVID-19 coronavirus, buys flowers to mark Valentine's Day in Hong Kong on February 14, 2020. (Photo by Philip FONG / AFP) (Photo by PHILIP FONG/AFP via Getty Images)

အေနိ တရုတ်နိုင်ငံထဲမှာ Covid-19 ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၅,၀၉၀ ယောက် ထပ်ရှိလာရေအတွက်၊ အဂုဆိုကေ ကဗာတဝှမ်းမှာ ကူးစက်ခံရရေ လူပေါင်း ၆၄,၄၃၅ ယောက်ထိ တိုးလာပါရေ။ သီလားရေ လူပေါင်းလည်း အနည်းဆုံး ၁,၃၈၃ ယောက် ရှိပါဗျာလ်။

တရုတ်နိုင်ငံထဲမှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၁,၇၀၀ ယောက် ဗိုင်းရာ့ဆ် အကူးခံရပနာ၊ ၆ ယောက် သီလားဗျာလ်လို့လည်း၊ တရုတ်နိုင်ငံအာဏာပိုင်တိက ဝန်ခံလားပါရေ။

တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရာ့ဆ် ပျံ့နှံကူးစက်လာရေ ပမာဏပြ ပုံ

အဂုအခါ ကူးစက်ခံရရေ လူပမာဏကိုလည်း ဓါတ်ခွဲခန်းက ထွက်လာရေ အဖြေအားလုံးကို မစောင့်နိုင်ဘဲ၊ ဆေးရုံ၊ ဆေးခန်းတိကို ရောက်လာပနာ၊ ရောဂါလက္ခဏာပြနိန်ရေ လူတိအားလုံးကို ရွီတွက်ရရေအထိ ဖြစ်လာပါရေ။ ယင်းအတွက်နန့်လည်း၊ ကူးစက်ခံရရေ လူနာပမာဏစွာ အယင်ကပိုင် တရိရိ တက်နိန်စွာ မဟုတ်ဘဲ၊ ဖေဘြူဝါရီလ ၁၃ ရက်က စပနာ၊ ရုတ်တရက် ခုန်တက်လားစွာကို အောက်က ပုံမှာ တွိရပါလိမ့်မေ။

အေနိ ဆိန်ဂါပေါ်နိုင်ငံမှာ နောက်ထပ် ၉ ယောက် အကူးခံရပနာ၊ အဂုဆိုကေ စုစုပေါင်း ၆၇ ယောက်ကို ခုန်တက်လာပါရေ။ အေနိ ရှန်ဂီလေဆိပ်(Changi Airport)ကို အလည်ရောက်လာရေ ဆိန်ဂါပေါ်ဝန်ကြီးချုပ် လီဆန်လုံး(Prime Minister Lee Hsien Loong)က အဂုကိုရိုနာဗိုင်းရာ့ဆ်စွာ အယင်ဆားဆ်ထက်တောင် ပိုထိန်းရခက်ပနာ၊ နိုင်ငံ့စီးပွားရေးကိုလည်း ပိုပနာ ထိခိုက်လားဗျာလ်ဖြစ်လို့၊ အေနှစ် ဆိန်ဂါပေါ်နိုင်ငံ စီးပွားရေးစွာ အနုတ်လက္ခဏာတောင် ဖြစ်ချင်ကေလည်း ဖြစ်လားနိုင်ရေလို့ ပြောလားပါရေ။

အေနိ ဂျပန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရရေ လူ နောက်ထပ် ၄ ယောက် ထပ်တိုးလာရေအတွက်၊ အဂုဆိုကေ ဂျပန်နိုင်ငံထဲမှာ ကူးစက်ခံနိန်ရရေ လူပေါင်း ၂၅၇ ယောက် ရှိနိန်ပါဗျာလ်။ ယင်း ၂၅၇ ယောက်ထဲမှာ၊ ၂၁၉ ယောက်က ယိုကိုယားမားကမ်းခြေမှာ ကပ်ထားရေ စိန်မင်းသမီး ဇိမ်ခံသင်္ဘောထက်မှာ အကူးခံနိန်ရရေ ခရီးသယ်တိနန့်၊ သင်္ဘောဝန်ထမ်းတိပါ။ အေနိတော့ခါ သင်္ဘောထက်က တချို့ခရီးသယ်တိကို ကမ်းထက်က အခန်းတိကို ပြောင်းပီးလိုက်ပါရေ။

တကဗာလုံးမှာ ကူးစက်ပျံ့နှံ့နိန်ရေ အရေအတွက်ကို အောက်ကပုံမှာ တွိနိုင်ပါရေ။

အေနိ တကဗာလုံးမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံနိန်ရရေ အနိန်အထားပြ ပုံ