
ညဇာက တရုတ်နိုင်ငံပြည်မထဲမှာ နောက်ထပ် ၁၃၆ ယောက် ကိုရိုနာဗိုင်းရာ့ဆ်နန့် သီလားရေအတွက်၊ အဂုဆိုကေ ကဗာတဝှမ်းမှာ ကိုရိုနာဗိုင်းရာ့ဆ်နန့် သီရေ လူပေါင်း ၂,၀၀၉ ယောက်ကို မြင့်တက်လာပါရေ။ တကဗာလုံးမှာ ကူးစက်ခံခရရေ လူပေါင်းလည်း ၇၅,၁၁၇ ယောက်ကို မြင့်တက်လာနာ၊ တရုတ်နိုင်ငံပြင်ပ နိုင်ငံတိမှာ ကူးစက်ရေ လူပေါင်း ၁,၀၀၀ အထက်ကို ရောက်လာပါရေ။
သတင်းဆိုးတခုက ကိုရိုနာဗိုင်းရာ့ဆ် ကာကွယ်ဆီးထုတ်ဖို့ အနည်းဆုံး နောက်တနှစ် ကြာနိုင်သိမ့်ရေလို့ ဒဗြူအိပ်ချ်အို ညွှန်ချုပ်(WHO director general) တီဒြိုဆ် အတ်ဟာနွင်းမ် ဂီဘရီရီဆာ့ဆ်(Tedros Adhanom Ghebreyesus)က ညဇာက သတင်းသမားတိနန့် တွိစွာမှာ ပြောလားပါရေ။
စိန်မင်းသမီး ဇိမ်ခံသင်္ဘောထက်မှာ ခရီးသယ်နန့် သင်္ဘောဝန်ထမ်း ၆၂၄ ယောက်အထိ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံလာရပါရေ။ အမေရီကန်ခရီးသယ်တိကိုတော့ခါ လေယာဉ်ပျံ ၂ စီးနန့် အမေရီကန်ပြည်ထောင်စုကို ပြန်ခေါ်လားပါဗျာလ်။ ကျန်ခရီးသယ်တိကတော့ စောင့်ကြည့်နိန်စွာ ၂ ပတ် ပြည့်ဗျာလ်ဖြစ်လို့၊ အေနိ သင်္ဘောထက်က ဆင်းကတ်ပါဖို့။
အဂု ကိုရိုနာဗိုင်းရာ့ဆ်စွာ အယင်ဖြစ်ခရေ ဆားဆ်ဗိုင်းရာ့ဆ်(SARS) နန့် မားဆ်ဗိုင်းရာ့ဆ်(MERS) ရို့ထက် ပိုပနာ ကူးစက်ပျံ့နှံ့ဖို့လွယ်စွာကို တွိရရေလို့ တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနန့် ကာကွယ်ရေး ဗဟိုဌာန(Chinese Center for Disease Control and Prevention)က ပညာရှင်တိ လူပေါင်း ၇၂,၀၀၀ ကို လေ့လာပနာ၊ တရုတ်ရောဂါဗေဒဂျာနယ်(Chinese Journal of Epidemiology) ထဲမှာ တနင်္လာနိက ဖော်ပြလားပါရေ။
