ကိုရိုနာဗိုင်းရာ့ဆ်က လက်အုပ်ချီ နှုတ်ဆက်ကတ်ဖို့ တိုက်တွန်း

Israeli Prime Minister Benjamin Netanyahu © REUTERS/Ammar Awad
Israeli Prime Minister Benjamin Netanyahu © REUTERS/Ammar Awad

အေနိ ကဗာတဝှမ်းမှာ Covid-19 ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၁၀၁,၇၇၈ ယောက်ထိ မြင့်တက်လာပနာ၊ သီရေ လူပေါင်းလည်း ၃,၄၉၀ ယောက်ထိ ရှိလာပါရေ။

ကိုရိုနာဗိုင်းရာ့ဆ်ရှိရေ လူကို ထိကိုင်စွာက၊ ဗိုင်းရာ့ဆ် အလွယ်တကူ ကူးစက်နိုင်ရေအတွက်၊ အဂုဆိုကေ တယောက်နန့် တယောက် လက်ဆွဲ၊ ပါးချင်းအပ်၊ ရင်ဖတ်ထိ၊ နှုတ်ဆက်ကတ်တေ ဓလေ့ရိုးရာတိကို ရှောင်ရှားကတ်ဖို့ ကဗာ့နိုင်ငံ အများစုမှာ ကြေငြာချက်တိ ထုတ်ပြန်လာကတ်ပါရေ။

တယောက်နန့် တယောက်၊ ထိတွိ နှုတ်ဆက်ကတ်ဖို့အစား “နာမဆတီ” အိန္ဒိယရိုးရာ လက်အုပ်ချီပုံစံနန့် နှုတ်ဆက်ကတ်ဖို့လည်း၊ တချို့နိုင်ငံခေါင်းဆောင်တိက တိုက်တွန်းလာကတ်ပါရေ။ မာ့ချ်လ ၄ ရက်နိက အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမိန် နတ်တန်ယာဟု(Israeli Prime Minister Benjamin Netanyahu)ကလည်း ဓလေ့ရိုးရာ လက်ဆွဲနှုတ်ဆက်ကတ်စွာကို ရှောင်ကြည်ကတ်ပနာ “နာမဆတီ နှုတ်ဆက်နည်း” နန့် မထိမတွိဘဲ နှုတ်ဆက်ကတ်ဖို့ တိုင်းသူပြည်သားတိကို တိုက်တွန်းလားပါရေ။

FILE PHOTO: India's Prime Minister Narendra Modi greets people during a ceremony to celebrate country's 73rd Independence Day in New Delhi, on August 15, 2019. ©  AFP / Money sharma
FILE PHOTO: India’s Prime Minister Narendra Modi greets people during a ceremony to celebrate country’s 73rd Independence Day in New Delhi, on August 15, 2019. ©  AFP / Money sharma

အန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီ(India’s Prime Minister Narendra Modi)ကလည်း၊ တကဗာလုံး ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ပြန့်ပွားဖို့စွာကို ရှောင်ကြည်ကတ်ဖို့အတွက်၊ တယောက်နန့် တယောက် တွိကေ လက်ဆွဲနှုတ်ဆက်ကတ်ဖို့အစား၊ အိန္ဒိယရိုးရာ နာမဆတီ နှုတ်ဆက်နည်းအတိုင်းရာ နှုတ်ဆက်ကတ်ဖို့ အေနိ တိုက်တွန်းလိုက်ပါရေ။

Hindu god Kubera on the left with a person in Namaste pose (13th century Chennakesava Temple, Somanathapura, Karnataka, India). Namaste or Añjali Mudrā are common in historic Hindu temple reliefs.
Hindu god Kubera on the left with a person in Namaste pose (13th century Chennakesava Temple, Somanathapura, Karnataka, India). Namaste or Añjali Mudrā are common in historic Hindu temple reliefs.
၁၃ ရာစု ချန်နကီဆာဗ ဘုရားကျောင်းက နာမဆတီ(ဝါ) အန်ဂျလီ မုဒြာ ပုံစံ

အေလက်အုပ်ချီ နာမဆတီနှုတ်ဆက်နည်းက ရခိုင်ပြည်သူပြည်သားတိနန့် မစိမ်းကေလည်း သုံးရေ နိန်ရာက မတူပါ။ အေလက်အုပ်ချီစွာကို ရခိုင်တိက ဘုရားရှင်ကို ရှိခိုးပူဇော်စွာမှာရာ သုံးပါရေ။ တယောက်နန့် တယောက် နှုတ်ဆက်စွာမှာ သုံးလေ့သုံးထ မရှိသလောက်ပါ။

နာမဆတီ(Namaste)စွာ လွန်ခရေ နှစ် ၃,၅၀၀ လောက်က အိန္ဒိယတိုက်ထဲက နယ်ချေ တခုမှာ သုံးခရေ၊ အိန်ဒို-အာယံ ဘာသာစကား ဆန်းဆကြေးတ(Sanskrit) စကားလုံး ဖြစ်ပနာ (Namas + te) နာမဆ နန့် တီ ကို ပေါင်းထားစွာပါ။ ဆန်းဆကြေးတ ဘာသာစကားစွာ၊ ဟိန္ဒူဘာသာ အတွေးအခေါ် ဘာသာစကား၊ ဗုဒ္ဓဘာသာ အတွေးအခေါ် ဘာသာစကားနန့် ဂျိန်းဘာသာ အတွေးအခေါ် ဘာသာစကားရို့ ရင်းမြစ်လည်း ဖြစ်ပါရေ။ လွန်ခရေ နှစ် ၁ ထောင်ကျော်ကပင်၊ အရှိတောင် အာရှ၊ အရှိ အာရှ၊ အာရှ အလယ်ပိုင်းရို့ကို ထိုးဖောက်ဝင်ရောက်လားပနာ၊ နောက်ပိုင်း ဘာသာစကားတိ အများကြီးကို ပုံစံအမျိုးမျိုး ပြောင်းလားပါရေ။

နာမဆတီကို “အန်ဂျလီ မုဒြာ” လို့လည်းခေါ်ပါရေ။ “အန်ဂျလီ” ကို ဆန်းဆကြေးတ မှာ ” ရှိခိုး ပူဇော်ခြင်း” “divine offering”၊ “အရိုအသေပေးခြင်း” “a gesture of reverence”၊ “ကောင်းချီးပေးခြင်း” “benediction”၊ “နှုတ်ဆက်ခြင်း” “salutation” လို့ အဓိပ္ပာယ်ရပနာ၊ အန်ဂျ်(anj) စကားလုံးအဓိပ္ပာယ် “ချီးမြှောက်ဖို့ (ဝါ) ဆင်နွဲဖို့” “to honour or celebrate” က ဆင်းသက်လာရေလို့ ဆိုပါရေ။

“မုဒြာ” ဆိုစွာက “တဇိပ် (ဝါ) သင်္ကေတ” “seal” or “sign” လို့ အဓိပ္ပာယ် ရပါရေ။

ယင်းအတွက်နန့် အန်ဂျလီ မုဒြာ အဓိပ္ပာယ်က “နှုတ်ဆက်ခြင်း သင်္ကေတ” “salutation seal” လို့ အဓိပ္ပာယ် ရပါရေ။

A Japanese statue of Bodhisattva Seishi, doing Añjali Mudrā
sadhu performing Anjali Mudra at his crown chakra in front of a sculptured figure in the same posture
Pressing hands together with a smile to greet Namaste – a common cultural practice in India