ကိုရိုနာဗိုင်းရာ့ဆ် အမေရီကန်ပြည်ထောင်စု တနိုင်ငံလုံး အရေးပေါ်လို့ ကြေငြာ

© REUTERS/Jonathan Ernst
© REUTERS/Jonathan Ernst

ကဗာ့ကူးစက်ရောဂါ ကိုဗဲ့ဒ် ၁၉ (COVID-19) ကိုရိုနာဗိုင်းရာ့ဆ်ကို တိုက်ဖျက်ဖို့စွာမှာ၊ လုပ်ပိုင်ခွင့် အာဏာတိ ပိုဖွင့်ပီးဖို့၊ ဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနန့် ဗဟိုအစိုးရ အရေးပေါ် စီမံရေး အေဂျင်စီ(Federal Emergency Management Agency (FEMA)) ဝင်ပါလာပနာ၊ ရံပုံငွေ ရဖို့အတွက်၊ တနားက အမေရီကန်သမ္မတ ဒေါ်နဲလ် ထရုန့်ပ် က တတိုင်းပြည်လုံး အရေးပေါ်အဆင့် လို့ ကြေငြာလားပါရေ။

“ဗဟိုအစိုးရ လုပ်ပိုင်ခွင့်တိ ပိုရဖို့အတွက်၊ ကျွန်တော် တနိုင်ငံလုံး အရေးပေါ်(national emergency)လို့ တရားဝင် ကြေငြာလိုက်ပါရေ။” လို့ အိမ်ဖြူတော် နှင်းဇီပန်းခြံ(White House Rose Garden)မှာ သမ္မတ ဒိုနဲလ် ထရုန့်ပ် က မိန့်ခွန်း ပြောလားပါရေ။ ကိုရိုနာဗိုင်းရာ့ဆ်ကို တိုက်ဖျက်ဖို့အတွက် အမေရီကန်ဒေါ်လာ ၅၀ ဘီလီယံ ရံပုံငွေထားလားဖို့လို့လည်း ပြောလားပါရေ။

တတိုင်းပြည်လုံးက ဆေးရုံတိမှာ အရေးပေါ် အစီအမံတိ ပြင်ဆင်ထားဖို့နန့်၊ ပြည်နယ်တိုင်းမှာ အရေးပေါ်လုပ်ငန်းနိန်ရာတိ ဖွင့်လားဖို့အတွက်လည်း ညွှန်ကြားလားဖို့လို့ ပြောလားပါရေ။

ကူးစက်ရောဂါ ထိန်းချုပ်ရေးနန့် ကာကွယ်ရေး ဗဟိုဌာန(Centers for Disease Control and Prevention (CDC)) အဆိုအရ၊ အမေရီကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံထားရရေ လူပေါင်း ၁,၂၁၅ ယောက်နန့် သီရေ လူပေါင်း ၄၁ ယောက် ရှိလားဗျာလ်လို့ ဆိုပါရေ။