ကိုဗဲ့ဒ်-၁၉(Covid-19) ကိုရိုနာဗိုင်းရာ့ဆ် ကဗာ့ကူးစက်ရောဂါက တကဗာလုံးကို ပြန့်ပွားလားရေအတွက်၊ ကဗာ့ခရီးလားလည်ပတ်တေလုပ်ငန်း(tourism)မှာ အလုပ်အကိုင်ပေါင်း သန်း ၅၀ ပျက်စီးလားဖို့လို့ ကဗာ့ခရီးနန့်အလည်အပတ်ကောင်စီ(World Travel and Tourism Council (WTTC))က အေအပတ်ထဲမှာ ပြောလားပါရေ။
“အေနှစ်ထဲမှာ ခရီးလားလုပ်ငန်း ၂၅% ထိ ကျုံ့လားဖို့”လို့လည်း WTTC က ပြောလားပါရေ။ လက်ရှိအခြေအနေက အေထက်မက ဆိုးရွားလားနိုင်ပါရေ။

ခရီးလားလုပ်ငန်း စီးပွားရေး(Tourism Economics) အဆိုအရ အေနှစ် အမေရီကန်ပြည်ထောင်စုမှာ နိုင်ငံခြားက ခရီးလားလည်ပတ်ရေးလုပ်ငန်းမှာ ရရေ ဝင်ငွေ အမေရီကန်ဒေါ်လာ ၂၅ ဘီလီယံ ထိ ဆုံးရှုံးလားဖို့လို့ ဆိုပါရေ။
ခရီးလားရေ လူ မရှိသလောက် ဖြစ်လာရေအတွက်၊ တရုတ်နိုင်ငံထဲမှာ လေကြောင်းလိုင်းတိ ၈၅% ထိ ထိုးကျလားလို့ အမေရီကန်ဒေါ်လာ ၃ ဘီလီယံ လောက် ဆုံးရှုံးလားရေလို့ ဆိုပါရေ။
တကဗာလုံးမှာ လေကြောင်းလိုင်းတိ အမေရီကန်ဒေါ်လာ ၁၀၀ ဘီလီယံ အထက် ဆုံးရှုံးလားဖို့လို့ ခန့်မှန်းထားကတ်ပါရေ။ တချို့လေကြောင်းလိုင်းတိ ပိတ်လားကတ်ရရေအတွက်၊ အလုပ်လက်မဲ့ အရေအတွက် သိန်းချီပနာ ဖြစ်လာနိုင်ပါရေ။ အပျော်စီးသင်္ဘောလုပ်ငန်းတိ နလန်ထူဖို့အတွက် ကကောင်း ရုန်းကန်ရဖို့ အနိန်အထား ရှိပါရေ။

၂၁ ရာစုထဲမှာ အဆိုးရွားဆုံး ဆတော့စျီးကွက် ပြိုကျရေနိက ဗြီးခရေ ကြာသပဒီးနိကပါ။ ယင်းနိ တနိတည်းမှာ ကဗာ့အချမ်းသာဆုံး လူ ၂၀ ပိုင်ဆိုင်မှုထဲက အမေရီကန်ဒေါ်လာ ၇၈ ဘီလီယံထိ ဆုံးရှုံးလားကတ်ပါရေ။

အကျဉ်းချုပ် ပြောရဖို့ဆိုကေ၊ ကိုရိုနာဗိုင်းရာ့ဆ် ကဗာ့ကူးစက်ရောဂါနန့် တကဗာလုံးမှာ စီးပွားရေးပျက်ကတ် ဂယက်ရိုက်ပါဖို့။ နိုင်ငံအများကြီးမှာ အေရောဂါကို တိုက်ဖျက်ဖို့ ကုန်ကျလားရေ ဖေသာက၊ တိုင်းပြည်ဝင်ငွေထက် ပိုများလားရေအတွက်၊ တချို့နိုင်ငံတိဆို နလန်မထနိုင်အောင်ထိ ထိုးကျလားနိုင်ပါရေ။ ငွေကြေးတန်ဖိုးတိ ကပြောင်းကပြန် ဖြစ်လားနိုင်ပါရေ။
ပထမအဆင့် ခရီးလားလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အပျော်စီးသင်္ဘောလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတိ အထိနာကတ်ပါဖို့။ တချို့ ပိတ်သိမ်းလားရပါဖို့။
ဒုတိယအဆင့် အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းတိ အထိနာကတ်ပါဖို့။ ယကေလည်း အထက်က လုပ်ငန်းတိလောက် နလန်ထဖို့ အကြာကြီး အချိန် မကြာနိုင်ပါ။
တတိယအဆင့် ကုန်ထုတ်လုပ်ငန်းတိ အားနည်းလားရေအတွက်၊ ရနံဝယ်ယူရေ ပမာဏ နည်းလားပနာ၊ ရနံစျီး ကျဆင်းလာပါဖို့။ ရနံထုတ်နိုင်ငံတိ အပြိုင်အဆိုင် ရောင်းကတ်လို့၊ ပိုပနာလည်း စျီးကျလာနိုင်ပါရေ။
စတုတ္တအဆင့် လူအများအပြား ပါဝင်ရေ အားကစား၊ လုပ်ရှားမှုတိ ရပ်လားရေခါ၊ တီဗီကြော်ငြာ၊ အစည်းအဝေးခန်းမ၊ မင်္ဂလာဆောင်ခန်းမရို့ပိုင် ဆက်စပ်လုပ်ငန်းတိ ထိခိုက်လာပါဖို့။ ဝန်ထမ်း ချော့စွာတိ ရှိလာပါဖို့။
အရေးအကြီးဆုံးက စီးပွားရေးလုပ်ငန်းတိ ရပ်ဆိုင်းရစွာ ကြာကေ၊ အလုပ်သမားဝန်ထမ်းတိကို ထုတ်စွာ၊ လစာမဲ့ ခွင့်ယူခိုင်းစွာတိ ရှိလာနိုင်ပနာ၊ အလုပ်ပြန်စဖို့ နလန်ထရေအချိန်မှာ ငွေအင်အား၊ ဝယ်ယူမှုအင်အား မကောင်းကေ၊ လူချော့စွာတိ ထပ်ကြုံရနိုင်ပါရေ။
မြန်မာနိုင်ငံ အခြေအနေကို သုံးသပ်ကြည့်ဖို့ဆိုကေ မြန်မာနိုင်ငံမှာ ပို့ကုန်ထက် သွင်းကုန်မှာ ဖေသာ ပိုသုံးရစွာကို တွိရပါရေ။

မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်က ပြည်တွင်းမှာ ရနိုင်ရေအတွက်၊ ပြည်ပသွင်းကုန်တိ ရပ်နိန်ရေခါ ဖေသာတန်ဖိုး ယာယီတက်လာပါဖို့။ ယကေလည်း ပြန်ပနာ သွင်းရရေအချိန်မှာ ဖေသာတန်ဖိုး ပြန်ထိုးကျလားနိုင်ပါရေ။ ပစ္စည်းတန်ဖိုးတိ လက်ရှိထက် ပိုစျီးကြီးလားနိုင်ပါရေ။
ပြည်ပပို့ ကုန်ထုတ်လုပ်ငန်းထိ ယာယီရပ်ဆိုင်းလားပနာ၊ နာလန်မထနိုင်ရေ လုပ်ငန်းတိ ရပ်ဆိုင်းလားနိုင်ပါရေ။ အရောင်းအဝယ်တိ ပါးလားနိုင်ပါရေ။ အလုပ်လက်မဲ့တိ အများကြီး ဖြစ်လာနိုင်ပါရေ။
နိတဓူဝ ရောင်းဝယ်ရေပုံစံ၊ ခရီးလားရေပုံစံ၊ လုပ်ငန်းခွင်ပုံစံတိ နှစ်အင်ဒန်ကြာအောင်ထိ လုံးဝ ပြောင်းလဲလားနိုင်ပါရေ။ လူမှုဘဝပုံစံတိ ပြောင်းလဲလာနိုင်ပါရေ။
အေအချိန်မှာ တန်ဖိုးကို ထိန်းထားနိုင်စွာက ရွှေရာ ရှိပါရေ။ စီးပွားရေး မတည်ငြိမ်လီ၊ ရွှေတန်ဖိုး တက်လီပါ။ လက်ရှိ တခုဖေသာလည်း သေချာရေရာရေ အခြေအနေမှာ မရှိသိမ့်ပါ။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် အာရှငွေကြေးဂယက်ရိုက်စွာထက် အများကြီး ဆိုးဆိုးရွားရွား ပိုခံစားရနိုင်ပါရေ။