ကိုရိုနာဗိုင်းရာ့ဆ် သိထားစရာတိ

Philip FONG / AFP
Philip FONG / AFP

အေနိ တကဗာလုံးမှာ ကိုဗဲ့ဒ်-၁၉ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၁၈၈,၄၃၁ ယောက်ကို ရောက်လာပါရေ။ မူလဖြစ်တေ တရုတ်နိုင်ငံထဲမှာ ကူးစက်ခံရရေ လူစုစုပေါင်းထက်၊ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်ခံရရေ လူပမာဏက အများကြီး ပိုလားပါဗျာလ်။

လက်ရှိအချိန်မှာ ရထားရေ စရင်းအရ၊ သီရေ လူပေါင်းလည်း ၇,၄၉၉ ယောက် ရှိလားပါဗျာလ်။ ပြန်ကောင်းလားရေ လူပေါင်း ၈၀,၈၅၈ ယောက် ရှိလာပါရေ။

စိတ်မကောင်းစရာက အေဗိုင်းရာ့ဆ်ကို တရုတ်နိုင်ငံထဲမှာ အများကြီး ချော့ချနိုင်လာကေလည်း၊ ကျန်ရေနိုင်ငံတိမှာ ယလောက်ထိ၊ ထိန်းချုပ်မရသိမ့်စွာကို တွိရပါရေ။ လတ်တလောအခြေအနေမှာ အဆိုးရွားဆုံးက ဥရောပတိုက် ဖြစ်လာပနာ၊ သီရေ ရာခိုင်နှုန်းကလည်း တရုတ်ပြည်ထက် ပိုမြင့်နိန်စွာကို တွိရပါရေ။ နိုင်ငံအများကြီးမှာ နိုင်ငံသားတိ အိမ်ပြင် မထွက်ရ၊ နိုင်ငံခြားသားတိ မလာရဆိုပနာ၊ အတင်းအကျပ် ပိတ်ပင်လာရပါရေ။ အင်္ဂလန်မှာ လူဦးရေ ၈၁% ထိ ကူးစက်နိုင်ပါနာ၊ လူပေါင်း ၂၅၀,၀၀၀ လောက်ထိ သီနိုင်ရေလို့ ခန့်မှန်းထားပါရေ။ လူတိ စည်းကမ်းလိုက်နာပနာ၊ အစီအမံတိ ကောင်းမှရာ အေအရေအတွက်ကို ချော့နိုင်ဖို့လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါရေ။

ကိုရိုနာဗိုင်းရာ့ဆ်နန့် ပတ်သတ်လို့ ကောလဟာလ၊ ထင်မြင်ယူဆချက် မျိုးစုံ ထွက်နိန်စွာကို တွိရပါရေ။ ကဗာ့ကျန်းမာရေးအဖွဲ့ ဒဗြူအိပ်ချ်အို ထုတ်ပြန်ချက်တိကိုရာ လက်ခံကတ်ဖို့ လိုပါရေ။ ဒဗြူအိပ်ချ်အိုက မဖြစ်လို့ ယူဆနိန်ကေ “သီလောက်တေ အမှား လုပ်မိစွာ ဖြစ်လားလိမ့်မယ်” လို့ သတိပီးထားပါရေ။

အထူးသဖြင့် ကိုယ့်ဘားမှာ အပူချိန်မြင့်နိန်လို့ မကူးဆိုပနာ၊ လူတချို့က ယူဆကတ်ပါရေ။ မဟုတ်ပါ။ ကိုယ့်ဘားမှာထက် အပူရှိန်မြင့်ရေ နိုင်ငံတိကို အောက်က ပုံမှာ တွိပါလိမ့်မေ။

ကိုယ့်ဘားမှာထက် အပူရှိန် ပိုမြင့်ရေ နိုင်ငံတိမှာလည်း အေဗိုင်းရာ့ဆ် ကူးစက်ခံနိန်ရစွာကို အောက်က ပုံမှာ တွိပါလိမ့်မေ။

နောက်တခုက ကျန်းမာရေး ကောင်းကေ မကူးနိုင်လို့ ပြောနိန်ကတ်ပါရေ။ မဟုတ်ပါ။ ကဗာကျော် ဘောလုံးသမားတိ၊ အားကစားသမားတိ မကန် အေဗိုင်းရာ့ဆ် အကူးခံနိန်ရပါရေ။ အေလူတိလောက် ကျန်းမာရေး ကောင်းရေလူ ရှိဖို့ မထင်ပါ။ ညဇာက စပိန်နိုင်ငံက အသက် ၂၁ နှစ်ရာ ရှိသိမ့်ရေ ဘောလုံးနည်းပြ ဖရန်စစ္ဆကို ဂါစီယာ(Francisco Garcia) ကိုရိုနာဗိုင်းရာ့ဆ်နန့် သီလားပါရေ။

© Instagram / atlportadaalta

တခုရှိစွာက၊ တရုတ်နိုင်ငံမှာ ကိုဗဲ့ဒ်-၁၉ နန့် သီရေ လူတိကို၊ အသက်အရွယ်အလိုက် ရာခိုင်နှုန်းခွဲကြည့်လိုက်တေခါ၊ အသက် ၁၀ နှစ် နန့် ၁၉ နှစ် ကြား ၀.၂% (၁ ထောင်မှာ ၂ ယောက်)၊ ၂၀ – ၂၉ နှစ် ကြား ၀.၂% (၁ ထောင်မှာ ၂ ယောက်)၊ ၃၀ – ၃၉ နှစ် ကြား ၀.၂% (၁ ထောင်မှာ ၂ ယောက်)၊ ၄၀ – ၄၉ နှစ် ကြား ၀.၄% (၁ ထောင်မှာ ၄ ယောက်)၊ ၅၀ – ၅၉ နှစ် ကြား ၁.၃% (၁ ထောင်မှာ ၁၃ ယောက်)၊ ၆၀ – ၆၉ နှစ် ကြား ၃.၆% (၁ ထောင်မှာ ၃၆ ယောက်)၊ ၇၀ – ၇၉ နှစ် ကြား ၈% (၁ ထောင်မှာ ၈၀ ယောက်)၊ ၈၀ နှစ် အထက် ၁၄.၈% (၁ ထောင်မှာ ၁၄၈ ယောက်) လို့ ဖြစ်နိန်စွာကို တွိရပါရေ။ အဖြေက အသက် ၇၀ အထက်တိ သီဖို့၊ အများကြီး နီးစပ်တေလို့ ထွက်နိန်ပါရေ။

အေဟင့်ကလည်း စက်ကရိယာတိ ပြည့်စုံလို့၊ အသက်ကူအထောက်အပံ့ပီးနိုင်ရေ အနိန်အထားမှာလည်း မူတည်နိုင်ပါရေ။ အသက်ငယ်ကေလည်း၊ အထောက်အကူပီး ပစ္စည်းတိ မရှိကေ သီဖို့ ပိုများနိုင်ရေဆိုစွာလည်း သတိထားသင့်ပါရေ။

နောက်တခုက အေဗိုင်းရာ့ဆ်က ဆင်းရဲ၊ ချမ်းသာ မခွဲခြားပါ။ ကဗာမှာ အချမ်းသာဆုံးနိုင်ငံ၊ အမေရီကန်ပြည်ထောင်စုမှာတောင် အေဗိုင်းရာ့ဆ် အကူးခံရရေ လူပေါင်း ၄,၇၄၈ ယောက် ရှိပနာ၊ ၉၃ ယောက် သီလားပါဗျာလ်။

A man wearing a mask walks by the New York Stock Exchange, Tuesday, March 17, 2020. Share prices are volatile after a brutal sell-off that gave the U.S. stock market its worst loss in more than three decades. Markets in Europe lost early gains and were trading lower on Tuesday (AP Photo/Mark Lennihan)

ယင်းချင့်အပြင်၊ လူအဆင့်အတန်းကိုလည်း မခွဲခြားပါ။ ကဗာကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးတိ၊ ထိပ်တန်း နိုင်ငံရေးသမားတိ အများအပြားလည်း၊ အေဗိုင်းရာ့ဆ်က မလွတ်ကင်းနိုင်ကတ်ပါ။ လုံခြုံရေးအထပ်ထပ်ချထားရေ၊ အမေရီကန်သမ္မတ အိမ်ဖြူတော်ထဲက ဝန်ထမ်းတိတောင် မလွတ်ကင်းနိုင်ကတ်ပါ။

Oscar-winning actor Tom Hanks and his wife, Rita Wilson, have left a hospital in Australia’s Queensland
FILE PHOTO: Friedrich Merz attends the Christian Democratic Union (CDU) party congress in Leipzig, Germany, on November 22, 2019. ©  Reuters / Hannibal Hanschke

အဂု စစ်ဖြစ်နိန်စွာက မျက်စိနန့် မမြင်နိုင်ရေ ဗိုင်းရာ့ဆ်နန့်ပါ။ အချိန်မရွေး ကိုယ့်ဘားကို ရောက်လာနိုင်ပါရေ။ ဆူပါမန်းဆိုစွာ ပကတိ လူ့လောကမှာ မရှိပါ။ လူတိုင်း သတိထားကတ်ဖို့ လိုပါရေ။ ပေါ့ဆကေ ကိုယ့်ကို အချိန်မရွေး ခေါ်လားနိုင်ပါရေ။

တခုခု ကိုင်ဗြီးတိုင်း လက်ဆီးကတ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ အများသုံးပစ္စည်းတိကို ရှောင်ပါ။ မလိုအပ်ဘဲ အပြင် မလားပါကဲ့။ မလားမဖြစ် အပြင်လားကေ၊ လူတိနန့် အနည်းဆုံး ၅ ပေလောက် ခွာပနာ လမ်းလျှောက်ပါ။ အများနန့် နိန်ရရေ တိုက်ခန်းမျိုးက၊ လုံးချင်းအိမ်ကို အခြေအနေပီးလို့ ပြောင်းနိန်နိုင်ကေ ပိုကောင်းပါရေ။

အေဗိုင်းရာ့ဆ်က နောက်ထပ် ၂ နှစ်လောက်ထိ၊ ရှိနိုင်ဖို့သိမ့်လို့ ပညာရှင်တိက ခန့်မှန်းထားရေအတွက်၊ အားလုံး သတိဝိရိယနန့် ကိုယ့်စွာကို စောင့်ရှောက်ကတ်ပါလို့ရာ ပြောချင်ပါရေ။