ကိုရိုနာဗိုင်းရာ့ဆ် “အရှိန်အဟုန် ပိုမြင့်လာရေ” လို့ ဒဗြူအိပ်ချ်အို သတိပီး

© Reuters / Andrew Kelly
© Reuters / Andrew Kelly

ကိုဗဲ့ဒ်-၁၉(Covid-19) ကိုရိုနာဗိုင်းရာ့ဆ်စွာ ပျောက်လားဖို့ နိန်နိန်သာသာ၊ ပိုတောင် အရှိန်အဟုန် မြင့်တက်လာနိန်သိမ့်ရေအတွက်၊ ကဗာ့နိုင်ငံတိ အေအတက်မျဉ်းစောင်းကို အကျမျဉ်းစောင်းဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ဖို့လိုရေလို့၊ ကဗာ့ကျန်းမာရေးအဖွဲ့ ဒဗြူအိပ်ချ်အို(World Health Organization (WHO)) ဂေါင်းဆောင်က တိုက်တွန်းလိုက်ပါရေ။

ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်မှုနှုန်းက “မြင့်တက်လာနိန်ပါရေ” လို့ အေနိ ဒဗြူအိပ်ချ်အိုဂေါင်းဆောင်(WHO chief) တီဒြိုဆ် အတ်ဟာနွင်းမ် ဂီဘြီရီဆာ့ဆ်(Tedros Adhanom Ghebreyesus)က ကူးစက်မှုနှုန်းကိန်းဂဏန်းတိကို ကိုးကားပနာ ပြောလိုက်ပါရေ။

“ပထမဆုံး လူ ၁ သိန်း ကူးစက်ခံရရေခါ၊ ရက်ပေါင်း ၆၇ ရက် ကြာခပါရေ။ ဒုတိယ လူ ၁ သိန်း ကူးစက်ခံရရေခါ ၁၁ ရက်ရာ ကြာပနာ၊ တတိယ လူ ၁ သိန်း ကူးစက်ခံရခါ ၄ ရက် ရာ ကြာပါရေ။” လို့ ပြောလိုက်ပါရေ။

အကျမျဉ်းစောင်းဖြစ်အောင် လုပ်နိုင်ပါသိမ့်ရေ။ တိုင်းပြည်တိရာ လုပ်ဆောင်ကတ်ဖို့ လိုပါရေလို့ ပြောလားပါရေ။

“ကျွန်တော်ရို့ ဘေးက ရပ်ပနာ ကြည့်နိန်ကတ်တေ လူတိ မဟုတ်ပါ။ ကျွန်တော်ရို့ အေကဗာ့ကပ်ရောဂါကို အကျမျဉ်းဖြစ်အောင် ပြောင်းနိုင်ပါသိမ့်ရေ။” လို့ ပြောလားပါရေ။