တချိန်တည်း လူ ၁၀၀ ထိ ဗီဒီယို အစည်းအဝေး လုပ်နိုင်ရေ Zoom

Zoom Meetings & Chat
Zoom Meetings & Chat

ကိုရိုနာဗိုင်းရာ့ဆ် တစတစပြန့်လာစွာနန့် နိုင်ငံကြီးတိမှာ ရုံးတိကို ပိတ်ပနာ၊ အိမ်ကရာ အလုပ်လုပ်ဖို့ အတင်းအားဓမ္မ တိုက်တွန်းလာပါရေ။ ယင်းပိုင်အနိန်အထားမှာ အိမ်က အလုပ်လုပ်ယင်း၊ ရုံးမှာပိုင် လုပ်ဖော်ကိုင်ဖက်တိနန့် မိန်းမြန်းဆွေးနွေးဖို့ ကြားခံမီဒီယာတခု မရှိမဖြစ်လိုလာပါရေ။ အယင်ရှိဗြီးသား Viber, Messenger, WhatsApp ရို့က တယောက်ချင်းစီကို ရုပ်သံဗီဒီယို စကားပြောလို့ ကောင်းကေလည်း၊ ရုံးမှာပိုင် အစည်းအဝေးပုံစံမျိုး ပြောဖို့ကျရေခါ၊ အဆင်မပြေပါ။ အေအနိန်အထားမှာ တကဗာလုံးမှာ ဟုန်းခနဲ နာမေကြီးလာစွာက Zoom Meetings & Chat ဆိုရေ ကုမ္ပဏီပါ။

ဇုန်း အစည်းအဝေးတိနန့် စကားဝိုင်း(Zoom Meetings & Chat) ဆိုစွာကို စီးပွားရေးလုပ်ငန်းတိ၊ ရုံးဝန်ထမ်းတိကနိန် နိုင်ငံဂေါင်းဆောင်တိအထိ ရုတ်တရက် သုံးလာကတ်ပါရေ။ ဇုန်းမှာ လူ ၁ ယောက်ကနိန် လူ ၁၀၀ အထိ ဗီဒီယို အစည်းအဝေးမျိုးကို ဖုန်း၊ တပ်ဘ်လတ်၊ လပ်တော့ပ်၊ ကင်ပျူတာ တခုခုကို သုံးပနာ လူအုပ်စုနန့် မိနစ် ၄၀ အထိ၊ ၁ ယောက်ချင်းဆိုကေ အကြိမ်အကန့်အသတ် မရှိ အလကား သုံးနိုင်ပါရေ။ အေထက်မက သုံးချင်ကေလည်း အောက်မှာ တခြား ဖေသာပီးဝယ်နိုင်ရေ ဝန်ဆောင်မှုတိကို တွိပါလိမ့်မေ။

Zoom မှာ အကောင့် တခု ဖွင့်ချင်ကေ အီးမဲလ်လိပ်စာတခု ပီးလိုက်ပနာ၊ နောက်ထပ် ကိုယ်ထားချင်ရေ နာမေနန့် ဝင်ထွက်ဖို့ လျှို့ဝှက်နံပါတ် ရွီးထည့်လိုက်ရုံပါ။

Zoom အကောင့် တခု ရလားဗျာလ်ဆိုကေ၊ ကိုယ်ပြောချင်ရေ လူတိ အကောင့် အီးမဲလ်ကို ထည့်ပနာ အစည်းအဝေးလုပ်ဖို့ ရက်၊ အချိန် သတ်မှတ်ပနာ ဖိတ်ခေါ်လိုက်ရုံပါ။

ကိုင်း တရက်ထက်တရက် နည်းပညာမြင့်လာရေ ခေတ်မှာ၊ ရခိုင်သားတိရာ လုပ်ချင်ကိုင်ချင်စိတ်ရှိကေ၊ တခုကလည်း မတားဆီးနိုင်ဆိုစွာကို တွိပါလိမ့်မေ။

မိသားစုတိနန့်ဖြစ်ဖြစ်၊ သငယ်ချင်းတိနန့်ဖြစ်ဖြစ် စုပနာ စကားပြောဖို့၊ Zoom အကောင့် လိုချင်ကေတော့ အောက်က ပုံကို နှိပနာဖြစ်ဖြစ်၊ နောက်က လိင့်ခ် https://zoom.us/ ကို နှိပ်ပနာ ဖြစ်ဖြစ် လားယူလိုက်ပါ။