ကိုရိုနာဗိုင်းရာ့ဆ် အားလုံးသိသင့်ရေ ဆောင်ဖို့၊ ရှောင်ဖို့ သိပ္ပံတွိရှိချက် (ဗီဒီယို)

လူအသက်ပေါင်း အများကြီးနန့် ရင်းပနာ ကြုံလာရရေ ရောဂါကပ်ဆိုက်စွာ ဖြစ်တေအတွက်၊ ပပွင့်လလင်းနန့် ဟန်ဆောင်မှုမပါ ပြောရဖို့ဆိုကေ၊ ကိုရိုနာဗိုင်းရာ့ဆ်ကို တခုဘာသာတရား၊ တခုယုံကြည်မှုကလည်း မရပ်တန့်နိုင်ပါ။ သိပ္ပံပညာရှင်တိက အေအချိန်မှာ အေဗိုင်းရာ့ဆ်ကို ဇာပိုင် အဗြီးသတ် ရပ်တန့်နိုင်ဖို့ အသည်းအသန် ကြိုးစားနိန်ကတ်ပါရေ။ အဂုတွိထားရေ အသေးစိတ်ကို တခုဘာသာတရားမှာလည်း ထိုးဖောက်ပနာ မမြင်တွိနိုင်ရေအတွက်နန့် လက်ဆုပ်လက်ကိုင်ပြနိုင်ရေ လက်တွိရလာဒ်တိကို အခြေခံထားရေ သိပ္ပံအချက်အလက်တိရာ အဓိကထား နားထောင်ကတ်ပါ။ နောက်တခုက ဆရာဝန်တိုင်းလည်း အေအချက်အလက်တိပိုင် အသေးစိတ်အတွင်းပုံသဏ္ဍန်ကို အတိအကျ မသိနိုင်ပါ။ အဂုပိုင် အသေးစိတ်အချက်အလက်တိကို သိဖို့အတွက်၊ ကကောင်း အဆင့်မြင့်ရေ စက်ကရိယာတိနန့် နည်းပညာကောင်းတိ လိုအပ်ပါရေ။ အေအပိုင်းကို အဏုစိတ်ဇီဝဗေဒပညာရှင်တိ၊ မျိုးရိုးဗေဒပညာရှင်တိ၊ ဗိုင်းရပ်စ်ဗေဒပညာရှင်တိ၊ ကူးစက်ရောဂါဗေဒပညာရှင်တိ၊ ကူးစက်ရောဂါပြန့်ပွားရေပုံစံထုတ်ပညာရှင်တိ၊ ဆီးဝါးဗေဒပညာရှင်တိ ပူးပေါင်းပနာ လုပ်ဆောင်နိန်ကတ်ပါရေ။ အေသိပ္ပံပညာရှင်တိစွာ ရောဂါကုသရေး ဆရာဝန်တိ မဟုတ်ကတ်ပါ။

သိပ္ပံပညာရှင်တိက အဂု စပနာ စမ်းသပ်နိန်ရေ ဆီးတိ အောင်မြင်ကေတောင်၊ ထုတ်လုပ်ဖို့အတွက် အနည်းဆုံး ၁၂ လကနိန် ၁၈ လအထိ ကြာဖို့သိမ့်လို့ တွက်ဆထားကတ်ပါရေ။ တကဗာလုံးမှာ အမြစ်ပြတ်အောင် ကုသဖို့အတွက် အနည်းဆုံး ၂ နှစ်လောက် ကြာဖို့လို့လည်း ဆိုပါရေ။ ယင်းအတွက်နန့် အေဗိုင်းရာ့ဆ်ကို အမြစ်ပြတ် မကုသနိုင်သိမ့်ရေကာလအတွင်း နောက်ဆုံးသိပ္ပံတွိရှိချက်တိကို မပြတ်နားထောင်ပနာ၊ ကိုယ့်စွာကိုယ် ကာကွယ်ဖို့ လိုပါရေလို့ တိုက်တွန်းလိုက်ပါရေ။

အချိန်ရကေ ရခိုင်ဘာသာပြန်ဖြစ်ဖြစ်၊ နောက်ခံစကားပြောနန့်ဖြစ်ဖြစ် ပြန်တင်ပီးပါမေ။ လုပ်ပီးနိုင်ရေလူတိ ရှိကေလည်း လုပ်ပီးကတ်ဖို့ တိုက်တွန်းချင်ပါရေ။