ကိုရိုနာဗိုင်းရာ့ဆ် ဇတ်မြစ်၊ ကူးစက်ပုံ၊ ဒုက္ခပီးပုံ၊ ကာကွယ်ဆီး (ရခိုင်စကားပြော ဗီဒီယို)

ကိုရိုနာဗိုင်းရာ့ဆ် အခေါ်အဝေါ် ဇတ်မြစ်၊ ကူးစက်နိုင်ပုံ၊ ခန္ဓာကိုယ်အတွင်း အဆင့်ဆင့် ဝင်ရောက်ပနာ ဒုက္ခပီးလာနိုင်ပုံ၊ ကာကွယ်ဆီးထုတ်ဖို့ ကြိုးစားနိန်ကတ်ပုံ၊ ကာကွယ်ဆီးက ဇာပိုင် ကာကွယ်ဖို့ ရည်ရွယ်ထားပုံ၊ ကာကွယ်ဆီးထုတ်ဖို့ ကြာနိုင်ဖို့ အချိန် အားလုံးကို ရခိုင် နောက်ခံစကားပြောနန့် တင်ပြထားပါရေ။ အချိန်လုပနာ လုပ်ရလို့ အကောင်းဆုံး မဖြစ်ကေလည်း၊ လူအင်ဒန်လောက်ရာ နားလည်သဘောပေါက်ဖို့ဆိုကေ၊ လုပ်ရကျိုးနပ်တေလို့ ခံယူပါရေ။ တတ်နိုင်သလောက် သဘောတရားကို ထပ်ဆင့်ပြန်ရှင်းပြကတ်ဖို့ မေတ္တာရပ်ခံပါရေ။ အေဗီဒီယိုကို ကြည့်ပနာ၊ ကဗာမှာ နည်းပညာတိ ဘလောက်တိုးတက်လားပနာ၊ ကိုယ်ရို့နန့် ဘလောက် ကွာခြားလားဗျာလ်ဆိုစွာကိုလည်း သုံးသပ်နားလည်ဇီချင်ပါရေ။