ကိုရိုနာဗိုင်းရာ့ဆ် ဂျာမဏီ၊ ကန်နေဒါ ပို့ရေ မျက်နှာဖုံးတိ ယူအပ်ဆ် ကြားက လုယူ

FILE PHOTO: Boxes of N95 protective masks seen at a New York State emergency center in New Rochelle, New York, March 17, 2020 © Reuters / Mike Segar
FILE PHOTO: Boxes of N95 protective masks seen at a New York State emergency center in New Rochelle, New York, March 17, 2020 © Reuters / Mike Segar

ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်နှုန်း ခေါင်ခိုက်အောင် မြင့်တက်လာနိန်ရေခါ၊ မိတ်ဖက် စည်းကိုတောင် မစောင့်စည်းနိုင်ဘဲ၊ ဂျာမဏီနိုင်ငံနန့် ကန်နေဒါနိုင်ငံရို့ကို ပို့ရေ မျက်နှာဖုံးတိကို၊ အမေရီကန်ပြည်ထောင်စုက ကြားကနိန် လုယူလားရေအတွက်၊ ဂျာမဏီ ဆီးနတ်အမတ်တယောက်ကဆိုကေ “ခေတ်သစ် ဒမြရ” လို့တောင် စွပ်စွဲလိုက်ပါရေ။

အေနိ အမေရီကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၃၃၃,၁၇၃ ယောက် အထိ တက်လာရေခါ၊ အမေရီကန်ပြည်ထောင်စု အိမ်ဖြူတော်က မျက်နှာဖုံးထုတ်တေ သရီးအမ်း(3M)ကုမ္ပဏီကို တရုတ်နိုင်ငံ စက်ရုံတိက မျက်နှာဖုံးတိကို အယင်ဆုံး တင်သွင်းပီးဖို့ ဖိအားပီးလာပါရေ။ အမေရီကန်ပြည်ထောင်စုကိုရာ မတင်သွင်းကေ “တန်ဖိုးအများကြီး ပီးရလိမ့်မေ” လို့လည်း ကြာသပဒီးနိက သမ္မတထရုန့်ပ်က ကြိမ်းဝါးလားပါရေ။

ယင်းဟင့်နောက်ကွယ်မှာ အမေရီကန်အစိုးရအရာရှိတိက တခြားနည်းလမ်းတိနန့် ကြိုးစားနိန်ကတ်စွာကိုလည်း တွိရပါရေ။

တရုတ်နိုင်ငံ သရီးအမ်းစက်ရုံက မျက်နှာဖုံး အခု ၂၀၀,၀၀၀ စွာ၊ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို အေအပတ်ထဲ ရောက်လာပါရေ။ ယင်းကနိန် ဂျာမဏီနိုင်ငံ ဘာလိန်မြို့တော်ကို လားဖို့ပါ။ ယကေလည်း ယင်းမျက်နှာဖုံးတိစွာ ဂျာမဏီနိုင်ငံကို မလားဘဲ၊ အမေရီကန်ပြည်ထောင်စုကိုရာ လမ်းကြောင်းပြောင်းပနာ လားခပါရေ။

ဂျာမဏီ ပြည်ထဲရေး ဆီးနိတ်အမတ် အန်ဒြီရာဆ် ဂျီဆဲလ်(Andreas Geisel)က အားဓမ္မ အယူခံလားရရေလို့ ဗြီးခရေ သောက်ကြာနိက အတည်ပြုလားပါရေ။

“ကျွန်တော်ရို့ အေဟင့်ကို ခေတ်သစ် ဒမြရ တိုက်စွာလို့ သဘောထားပါရေ။ အေဟင့်က အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင်နိုင်ငံ အချင်းချင်းကိုတောင် ဇာပိုင်ပြုမူလားစွာလဲ ကြည့်ပါ။” လို့လည်း ဂျီဆဲလ် က ထပ်လောင်း ပြောလားပါရေ။

အေပိုင် ကြားက အလုခံရစွာ ဂျာမဏီ တနိုင်ငံတည်း မဟုတ်ပါ။ ဗြီးခရေ အပတ်က ကန်နေဒါနိုင်ငံ မြို့တော်က ဆေးရုံတိကို ပို့ရေ မျက်နှာဖုံးတိစွာ အမေရီကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်ကို လမ်းကြောင်းပြောင်းပနာ ရောက်လားပါရေ။ ပို့ဆောင်ရေး ကင်ပဏီ ဒီအိတ်ချ်အဲလ် DHL က ကင်ပျူတာ မှားလားလို့ ဆိုပနာ၊ အကြောင်းပြကေလည်း၊ မွင်ထရီယဲလ်ကို ပစ္စည်းသွင်းရေ ဖန် ဇောင်း(Fan Zhou) ကင်ပဏီက နောက်ပိုင်း အခုရေ ၁ သောင်း ယော့ပနာ၊ ပြန်ရောက်လာရေလို့ ဆိုပါရေ။

အေအပတ်ထဲမှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်ကနိန်၊ ပြင်သစ်နိုင်ငံကို လားဖို့ပြင်နိန်ရေ မျက်နှာဖုံး စီးလုံးပြည့် လေယာဉ်ပျံ တစင်းကိုလည်း၊ အမေရီကန်တိက ငွေသားနန့် စျီး ၃ ဆ ပီးပနာ ဝယ်လားရေအတွက်၊ ယင်းလေယာဉ်ပျံစွာ လမ်းကြောင်းပြောင်းပနာ အမေရီကန်ပြည်ထောင်စုကို လားခပါရေ။ အမေရီကန်အစိုးရကတော့ သူရို့နန့် မဆိုင်ဆိုပနာ ငြင်းဆန်လားပါရေ။

ပြင်သစ်နိုင်ငံမှာ မျက်နှာဖုံး ရောင်းရေ လူတိ၊ ဆိုင်တိကို ဒဏ်ရိုက်၊ ထောင်ချနိုင်ပါရေ။ ရှိတန်း ဆေးရုံတိမှာ မျက်နှာဖုံးတိ အသည်းအသန် လိုနိန်ရေအတွက်၊ မျက်နှာဖုံးတိုင်းကို အစိုးက ပိုင်ရေလို့လည်း ကြေငြာထားပါရေ။

ဂျာမဏီနိုင်ငံမှာလည်း ဆီးနန့် ကျန်းမာရေးသုံးပစ္စည်းတိကို နိုင်ငံခြား တင်ပို့ခွင့် လုံးဝ ပိတ်ပင်ထားပါရေ။ ပြင်သစ်နိုင်ငံကလည်း နောက်လိုက် ကြေငြာထားပနာ၊ ဥရောပသမဂ္ဂကလည်း အဖွဲ့ဝင်နိုင်ငံတိ ပြင်ပကို တင်ပို့ခွင့် ပိတ်ပင်ထားပါရေ။