ကိုရိုနာဗိုင်းရာ့ဆ် ဗြိတိချ်ဝန်ကြီးချုပ် အေနိညဇာ ဆေးရုံတင်ရ

© Andrew Parsons/10 Downing Street/Handout via REUTERS
© Andrew Parsons/10 Downing Street/Handout via REUTERS

ဗြိတိချ်ဝန်ကြီးချုပ် ဘောရဲ့ဆ် ဂျွင်ဆင်(Boris Johnson)မှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံထားရစွာကို ဆီးစစ်လို့ တွိစွာ ၁၀ ရက် ရှိလာကေလည်း၊ ရောဂါလက္ခဏာတိ မပျောက်ကင်းလားရေအတွက်၊ အေနိညဇာဖက်က လန်ဒန်မြို့က ဆေးရုံတခုကို ဆီးစစ်မှုခံယူဖို့အတွက် တင်လိုက်ရပါရေ။

ဗြိတိချ်ဝန်ကြီးချုပ်စွာ အဂုထိ အိမ်နံပါတ် ၁၀၊ ဒေါင်းနီးလမ်းက အိမ်မှာ နိန်ယင်း အလုပ် လုပ်တုန်းပါ။ အေနိ နိစဉ်လုပ်နိန်ကျ ကိုရိုနာဗိုင်းရာ့ဆ် သတင်းထုတ်ပြန်ရေးကို ကျန်းမာရေးအတွင်းဝန် မတ် ဟန်းကော့ခ်(Matt Hancock)က ဦးဆောင်လားပနာ၊ ဝန်ကြီးချုပ် ကျန်းမာပါရေလို့တော့ ပြောလားပါရေ။

အေနိ ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရစွာကို ဆီးစစ်ပနာ တွိထားရေ လူပေါင်း ၄၇,၈၀၆ ယောက် ရှိနိန်ပနာ၊ လူပေါင်း ၄,၉၃၄ ယောက် သီလားပါဗျာလ်။

ယူကေနိုင်ငံမှာ အစားအသောက်ဝယ်ဖို့၊ ဆီးဝယ်ဖို့၊ ကျန်းမာရေးလုပ်ဖို့ နန့် အရေးကြီးဝန်ထမ်း ၄ မျိုးက လွဲကေ တခြားအကြောင်းအရာတိနန့် လမ်းထွက်ခွင့်ကို ပိတ်ပင်ထားပါရေ။ ဇာလားလား၊ တယောက်နန့် တယောက် ၆ ပေ အကွာ လားကတ်ဖို့အတွက်လည်း ညွှန်ကြားထားပါရေ။ တရက်တခါ အပြင်ထွက်ပနာ၊ ကျန်းမာရေး လုပ်ခွင့်ပီးထားစွာကိုလည်း၊ အလွဲသုံးစား လုပ်လာကတ်တေအတွက်၊​ ယင်းအခွင့်အရေးကိုပါ ပြန်လေ့လာပနာ ပြန်ပိတ်ချင်ကေ ပိတ်လားဖို့လို့ အေနိ ကျန်းမာရေးအတွင်းဝန်က ထပ်သတိပီးလားပါရေ။

ယူကေနိုင်ငံမှာ အပြင်လားခွင့် ပိတ်ပင်ထားရေ ၂ ပတ်အတွင်း စီးပွားရေးလုပ်ငန်းပေါင်း ၈ သိန်း ဒုက္ခရောက်နိန်ပါရေ။ ပုဂ္ဂလိကလုပ်ငန်း ဝန်ထမ်းတိ အလုပ်ပြုတ်ကေ လစာ ၈၀% ကို ပေါင် ၂,၅၀၀ အထိ အစိုးရက ထုတ်ပီးဖို့အတွက်လည်း တာဝန်ယူထားပါရေ။