ကိုရိုနာဗိုင်းရာ့ဆ် ပြန်ကောင်းလာရေ လူတိမှာ ဗိုင်းရာ့ဆ် ထပ်တွိ

A medical staff member in protective gear tests a patient in Daegu, South Korea during the initial Covid-19 outbreak, March 3, 2020. © REUTERS/Kim Kyung-Hoon
A medical staff member in protective gear tests a patient in Daegu, South Korea during the initial Covid-19 outbreak, March 3, 2020. © REUTERS/Kim Kyung-Hoon

တရုတ်နိုင်ငံနန့် တောင်ကိုးရီးယားနိုင်ငံရို့က ကိုရိုနာဗိုင်းရာ့ဆ် ဖြစ်ပနာ၊ ပြန်ကောင်းလာရေ လူတိမှာ ကိုရိုနာဗိုင်းရာ့ဆ် ပြန်ဖြစ်စွာကို တွိရရေအတွက်၊ တကဗာလုံးက လုပ်နိန်ကတ်တေ တားဆီးချော့ချရေး နည်းဗျူဟာတိ အားလုံးစွာ၊ ကာကွယ်ဆီး ရရှိရေးကိုရာ မျှော်လင့်လာရရေ အခြေအနေ ရောက်လာပါရေ။

တောင်ကိုးရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရာ့ဆ် အပြန့်ပွားဆုံးနိန်ရာ ဖြစ်တေ ဒေဂူမြို့(Daegu)က ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရပနာ၊ ပြန်ကောင်းလာရေ လူနာ ၅၀ လောက်မှာ ကိုရိုနာဗိုင်းရာ့ဆ်ကို ပြန်တွိလာရရေလို့ ကိုးရီးယားရောဂါထိန်းချုပ်ရေးနန့်ကာကွယ်ရေးဌာန(Korea Centers for Disease Control and Prevention (KCDC))က ကြေငြာချက် ထုတ်ပြန်ပါရေ။ ယကေလည်း အေလူတိ ထပ်ပနာ ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရစွာလား၊ ခန္ဓာကိုယ်ထဲက ဗိုင်းရာ့ဆ်တိ ပြန်ပေါ်လာစွာလား စုံစမ်းစစ်ဆေးနိန်တုန်းလို့ ဆိုပါရေ။

“ကျွန်တော်ရို့ ပြန်ပေါ်လာစွာ ဖြစ်နိုင်ခြေများရေလို့ ယူဆပါရေ။ ယကေလည်း ကျွန်တော်ရို့ သေသေချာချာ ပြောနိုင်အောင် ထပ်လေ့လာမှု လုပ်နိန်ပါရေ။” လို့ ကေစီဒီစီ ညွှန်ချုပ်(KCDC Director-General) ဂျုံယင် အင်-ကီယွင်း Jeong Eun-kyeong)က ဘလုံးဘာ့ဂျ်(Bloomberg) သတင်းဌာနက ကိုးကားပနာ တင်ပြထားပါရေ။

ပြန်ကောင်းလာရေ လူတိမှာ ဗိုင်းရာ့ဆ် ထပ်တွိစွာက ကကောင်း ကြီးရေ ပြဿနာပါ။ အထူးသဖြင့် ပြန်ကျန်းမာလာရေ လူတိကြားမှာ ပိုပနာ ကြောက်စိတ်ကို ကြီးစီလာနိုင်ပါရေ။ တကဗာလုံးက တိုက်ဖျက်နိန်ကတ်တေ နည်းဗျူဟာတိလည်း လုံးဝ ပြောင်းရဖို့ အနိန်အထားကို ရောက်လာပါရေ။

ကိုဗဲ့ဒ်-၁၉(Covid-19) ကိုရိုနာဗိုင်းရာ့ဆ်ရာ ကုသလို့ ကောင်းလာရေ လူတိမှာ ထပ်တွိရဖို့ဆိုကေ၊ တကဗာလုံးမှာ အဂုလုပ်နိန်ကတ်တေ မပြန့်ပွားအောင် အိမ်မှာ နိန်ကတ်စွာကို လပိုင်းလောက်နန့် ပြန်ရုတ်သိမ်းဖို့ မဖြစ်နိုင်ပါဗျာလ်။ ပိတ်ထားရေ စီးပွားရေးလုပ်ငန်းတိ၊ ကျောင်းတိ၊ အများသုံးနိန်ရာတိ ပြန်ဖွင့်ဖို့ မလွယ်ပါဗျာလ်။

တောင်ကိုးရီးယားနိုင်ငံစွာ ကိုရိုနာဗိုင်းရာ့ဆ်ကို ထိန်းချုပ်နိုင်ရေ အကောင်းဆုံးလို့ သတ်မှတ်ခံထားရရေ နိုင်ငံတိအထဲက တနိုင်ငံပါ။ အဂု တောင်ကိုးရီးယားနိုင်ငံမှာ ကူးစက်ခံရရေ လူပေါင်း ၁၀,၄၂၃ ယောက်နန့် သီရေလူ ၂၀၄ ယောက် ရှိနိန်ပါရေ။

တရုတ်နိုင်ငံ ဖူဒန် တက္ကသိုလ်(Fudan University) သိပ္ပံပညာရှင်တိက ရှန်ဟဲဆေးရုံက နိန်ကောင်းလို့ ပြန်ဆင်းလားရေ လူနာ ၁၇၅ ယောက် သွီးနမူနာကို လေ့လာကြည့်ရေခါ၊ ၃ ပုံ ၁ ပုံမှာ လုံးဝ ဗိုင်းရာ့ဆ်ကင်းစင်ရေ အန်တီဘော်ဒီးဆ်(antibodies) အနေအထားက “ကကောင်း အားနည်းရေ” ဆိုစွာကို တွိရရေလို့ ဆိုပါရေ။ အနည်းဆုံး ၁၀ ခုလောက်က လုံးဝကို “ဗိုင်းရာ့ဆ် မကင်း” စွာကိုလည်း တွိရရေလို့ ဆိုပါရေ။

“အေလူတိမှာ ဗိုင်းရာ့ဆ် ပြန်ထွက်လာဖို့ (ဝါ) ပြန်အကူးခံရဖို့ အန္တရာယ် ကကောင်းရှိရေ” လို့ ဗြီးခရေ တနင်္လာနိက ထုတ်တေ သုတေသနစာတမ်းမူကြမ်းမှာ ဖော်ပြထားပါရေ။ အေဟင့်စွာ ကဗာမှာ ပထမဆုံး ကိုရိုနာဗိုင်းရာ့ဆ်က နလန်ထလာရေ လူတိကို စနစ်တကျ လေ့လာရေ သုတေသနလို့လည်း စာတမ်းမှာ ဖော်ပြထားပါရေ။

အေနိ တကဗာလုံးမှာ ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူပေါင်း ၁.၅ သန်း ကျော် ရှိလာပနာ၊ သီရေ လူပေါင်းလည်း ၉ သောင်း နီးပါး ရှိလာပါဗျာလ်။ ကဗာမှာ ကူးစက်ခံရမှု အများဆုံး အမေရီကန်ပြည်ထောင်စုမှာ ကူးစက်ခံရရေ လူပေါင်း ၄၃၅,၇၈၀ ယောက် ရှိနိန်ပနာ၊ ဒုတိယ ကူးစက်ခံရမှု အများဆုံး ဆပိန်နိုင်ငံမှာ ရှိရေ လူပေါင်း ၁၅၂,၄၄၆ ယောက်နန့် နှိုင်းဆာကေ၊ ၃ ဆ နီးပါးလောက် များနိန်စွာလည်း တွိရပါရေ။ နယူးယော့ခ်ပြည်နယ်(New York) တခုတည်းမှာ ကူးစက်ခံရရေ လူပေါင်း ၁၆၁,၅၀၄ ယောက် ရှိနိန်ရေအတွက်၊ ဆပိန်နိုင်ငံထက်တောင် ပိုများနိန်ပါသိမ့်ရေ။