
အမေရီကန်ပြည်ထောင်စုက ဘြန့်တ် ရနံစိမ်း(Brent crude oil) ၁ စည်(တိုင်ကီ) တန်ဖိုးစွာ အမေရီကန်ဒေါ်လာ ၁၆ အောက်ကို ၁၉၉၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ထိုးကျလားပါရေ။ အေအပတ်စစောပိုင်းက ဒဗြူတီအိုင်(WTI) လို့ ခေါ်ရေ အနောက်တက္ကဆပ် အလယ်လတ်တန်း ရနံစိမ်း(West Texas Intermediate crude) တန်ဖိုးစွာလည်း ဝယ်ဖို့လူ မရှိရေခါ သိုလှောင်ဖို့နိန်ရာ အခက်အခဲဖြစ်လာရေအတွက်၊ တန်ဖိုးက အနုတ်လက္ခဏာထိတောင် ကျဆင်းလားပါရေ။
အေနိမိုးသောက်က ဘြန့်တ် ရနံစိမ်း ၁ စည် တန်ဖိုးစွာ အမေရီကန်ဒေါ်လာ ၁၅.၉၈ ထိ၊ ပုံမှန် တန်ဖိုးထက် ၂၄% ထိုးကျလားရေလို့ OilPrice.com နန့် Reuters ရို့မှာ ဖော်ပြထားပါရေ။
ဒဗြူတီအိုင် ရနံစိမ်းတန်ဖိုးက သမိုင်းမှာ တခါလည်း မကြုံဖူးရေ ၁ စည်ကို အမေရီကန်ဒေါ်လာ -၃၇.၆၃ ထိ အနုတ်ထိ ကျဆင်းလားစွာကနိန်၊ ညဇာက ၁ စည်ကို အမေရီကန်ဒေါ်လာ ၁၀.၈၉ အထိ ပြန်တက်လာပါရေ။
အေပိုင် ရနံစျီးတိ ကမောက်ကမ ဖြစ်အောင် ကိုဗဲ့ဒ်-၁၉ ကိုရိုနာဗိုင်းရာ့ဆ် ကဗာ့ကပ်ရောဂါက ဖန်တီးလိုက်စွာပါ။ ကိုဗဲ့ဒ်-၁၉ ဖြစ်လို့ လူတိ အိမ်ထဲမှာ အောင်းနိန်ရရေခါ၊ ကားတိ မသုံးဖြစ်၊ လေကြောင်းလိုင်းတိ ပိတ်၊ သင်္ဘောလိုင်းတိ ပိတ်၊ စက်ရုံတိ ပိတ် ဖြစ်လားရေခါ၊ ရနံသုံးရေ နိန်ရာတိ ကကောင်း နည်းလားပနာ၊ ထုတ်လုပ်မှုကို မချော့ချကတ်တေခါ သိုလှောင်ဖို့နိန်ရာ အခက်အခဲ ဖြစ်လာလို့ပါ။ ရနံတွင်းတိ သဘောက မထုတ်ဘဲ ရပ်ထားလို့ မရပါ။ ရပ်လိုက်စွာနန့် တွင်းပိတ်ပနာ ပြန်ထုတ်လို့ မရပါဗျာလ်။
အယင်အပတ်က ကဗာ့ရနံစျီးကွက်မှာတော့ခါ ရနံအများဆုံး ထုတ်ကတ်တေ နိုင်ငံတိ ဖြစ်တေ OPEC+ – ကြားမှာ၊ နိုင်ငံအလိုက် ရနံကို ချော့ထုတ်ကတ်ဖို့ သဘောတူလားကတ်ပါရေ။ ယင်းပိုင် သဘောတူလိုက်ကတ်စွာက ထိုးကျနိန်ရေ ရနံတန်ဖိုးကို ထိန်းဖို့အတွက်ပါ။ ထုတ်အား များပနာ၊ ဝယ်အား နည်းနိန်ရေခါ၊ ရနံတန်ဖိုးက တဝုန်းဝုန်းနန့် ထိုးကျနိန်စွာပါ။
အမေရီကန်ပြည်ထောင်စုစွာလည်း ကဗာမှာ ရနံအထုတ်ဆုံး နိုင်ငံတခု ဖြစ်ပနာ၊ အများစုကို ပြည်တွင်းမှာရာ သုံးပါရေ။ အဂု ပြည်တွင်းမှာ ဝယ်လိုအား ကျဆင်းလားပနာ၊ ထုတ်လုပ်အားကို မချော့ချလို့ ထားဖို့နိန်ရာ မရှိ ဖြစ်လာပနာ၊ စျီးတိ ထိုးကျလားစွာပါ။