ပိတ်ထားရေ ဝပ်ဆိုက်ကို ကြည့်ချင်ကေ

နည်းပညာတိုးတက်တေ ခေတ်မှာ ပိတ်ထားရေ ဝပ်ဆိုက်တိကို ဖွင့်ကြည့်ဖို့ အလွယ်ချေပါ။ VPN နန့် ဖွင့်ကြည့်စွာတော့ အကောင်းဆုံး ဖြစ်ပါဖို့။ ယကေလည်း ရှုပ်ထွေးခက်ခဲစွာတိကို မပြောဘဲ၊ အလွယ်ကူဆုံး နည်း ၂ မျိုးကို ပြောပြပါမေ။

၁) Google Translate သုံးနည်း

အမှန်က Google Translate ကို ဘာသာပြန်ဖို့ သုံးစွာပါ။ ယကေလည်း Google Translate ကို သုံးပနာ ပိတ်ထားရေ ဝပ်ဆိုက်တိကို ဖွင့်ကြည့်နိုင်ပါရေ။ ကြည့်ပုံကြည့်နည်းက …

က) အယင်ဆုံး browser’s address bar မှာ https://translate.google.com/ လို့ ရိုက်ပနာ Google Translate Website ကို ဖွင့်လိုက်ပါ။

ခ) ဘယ်ဖက်ခြမ်းက ဘာသာစကားနိန်ရာမှာ English မဟုတ်ဘဲ၊ တခြားဘာသာတခုခုကို ရွီးပါ။ ညာဖက်ခြမ်းက ဘာသာစကားနိန်ရာမှာ English လို့ ရွီးလိုက်ပါ။

ဂ) ဘာသာပြန်ချင်ရေ အကွက်ထဲမှာ ကြည့်ချင်ရေ ဝပ်ဆိုက်လိပ်စာ(ဥပမာ- https://bbc.com)ကို ထည့်လိုက်ပါ။

ဃ) ညာဖက်က ဘာသာပြန်ထားရေ အကွက်ထဲမှာ ယင်းဝပ်ဆိုက်လိပ်စာကို လိင့်ခ်ပါဗြီးသား ထွက်လာပါလိမ့်မေ။ ယင်းလိင့်ခ်ကို နှိပ်လိုက်စွာနန့် ယင်းဝပ်ဆိုက်ကို ရောက်လားပါလိမ့်မေ။

၂) ဝပ်ဆိုက် IP Address သုံးနည်း

ဝပ်ဆိုက်ကို ပိတ်ကေ၊ domain name URLs ကို သုံးပနာ ပိတ်စွာ များပါရေ။ domain name URLs ဆိုစွာက browser’s address bar မှာ ထည့်ထားရေ၊ ဥပမာ https://bbc.com ဆိုစွာမျိုးကို ပြောစွာပါ။ အမှန်က domain name ဆိုစွာ IP address ကို ငုံထားရေ အကာရာ ဖြစ်ပါရေ။ ဝပ်ဆိုက်တိုင်းမှာ ကိုယ်ပိုင် IP address ရှိကတ်ပါရေ။ IP address ကို သိချင်ကေ …

က) Command Prompt ကို admin အနိန်နန့် ဖွင့်ဗျာလ်၊ ယင်းအထဲမှာ tracert လို့ ရိုက်ပနာ နောက်မှာ ဖွင့်ချင်ရေ domain name (https://bbc.com) ထည့်ဗျာလ် Enter ခေါက်လိုက်ပါ။

ခ) အထက်က ပုံမှာ ပြထားရေပိုင် domain name (bbc.com) ဆိုစွာ နောက်မှာ IP address (151.101.64.81) ဆိုစွာကို တွိပါလိမ့်မေ။

ဂ) ယင်း IP address (151.101.64.81) ကို domain name URL မှာ ထည့်ပနာ Enter ခေါက်လိုက်ပါ။ ဝပ်ဆိုက် ပွင့်လာပါလိမ့်မေ။

မှတ်ချက် – MacBook တိမှာ ဆိုကေ Terminal ကို ဖွင့်ဗျာလ် tracert အစား traceroute လို့ ရိုက်ပနာ၊ နောက်မှာ ဖွင့်ချင်ရေ domain name ကို ထည့်ဗျာလ် Enter ခေါက်လိုက်ပါ။