ကိုဗဲ့ဒ်-၁၉(COVID-19)ကို ဖြစ်စီရေ SARS-CoV-2 ဗိုင်းရာ့ဆ်အကြောင်းကို နှစ်နှစ်ခြိုက်ခြိုက် မသိရသိမ့်လို့ လေ့လာနိန်ကတ်တုန်း၊ တရက်ထက်တရက် အသစ်အဆန်းတိ ပိုပို တွိလာရစွာကို မြင်လာရပါရေ။ အဂုလေ့လာတွိရှိမှုက တရုတ်နိုင်ငံ ဟီနန်ဒေသ(Henan province)က ရှန်ကီ မြူနီစီပဲလ် ဆေးရုံ(Shangqiu Municipal Hospital)မှာပါ။ ကိုဗဲ့ဒ်-၁၉ အဖြစ်ခံထားရရေ လူငယ်တိ ယောကျ်ားမျိုးရည်(semen)ထဲမှာ ကိုရိုနာဗိုင်းရာ့ဆ် မျိုးရိုးဗီဇ အာရ်အန်အေ(SARS-CoV-2 RNA (the virus’s genetic code))ကို တွိရစွာပါ။
အဂု တွိရှိချက်ကို JAMA Network Open မှာ ထုတ်ဝေထားပါရေ။ ကိုဗဲ့ဒ်ဖြစ်တေ လူနာ ၃၈ ယောက်ဘားက ယောကျ်ား မျိုးရည်ကို ယူပနာ စစ်ဆေးကြည့်စွာမှာ၊ ဆီးကုသမှု ခံနိန်ရရေ လူနာ ၁၅ ယောက်နန့်၊ ပြန်ကောင်းလားလို့ ၂ ရက်အကြာမှာ ယူရေ လူနာ ၂၃ ယောက်ထဲက ၂ ယောက်မှာ အေ ကိုရိုနာဗိုင်းရာ့ဆ် မျိုးရိုးဗီဇ အာရ်အန်အေကို တွိရစွာလို့ ဆိုပါရေ။
၂၀၁၃ – ၂၀၁၆ ခုနှစ် အာဖရိကတိုက် အနောက်ပိုင်းက အီဗိုလာဗိုင်းရာ့ဆ်(Ebola virus) ဖြစ်စဉ်မှာလည်း၊ ပြန်ကောင်းလာရေ လူတိ မျိုးရည်ထဲမှာ အီဗိုလာဗိုင်းရာ့ဆ်ကို ၃ နှစ် အကြာထိ တွိရပနာ၊ နိန်ကောင်းလားလို့ လအင်တန်ကြာဗြီးမှ ယင်းလူနန့် လိင်ဆက်ဆံစွာကလည်း အီဗိုလာဗိုင်းရာ့ဆ် ကူးစက်ခံရစွာကို တွိရရေလို့ ဆိုပါရေ။

အဂု တွိရှိချက်က ဇာရှုပ်ထွီးမှုတိ ဖြစ်လာဖို့လည်း မသိရသိမ့်ပါ။ မျိုးရည်ထဲမှာ ဗိုင်းရာ့ဆ် မျိုးရိုးဗီဇ အာရ်အန်အေကို တွိစွာနန့် ဗိုင်းရာ့ဆ် ကူးစက်နိုင်ရေလို့ တိုက်ရိုက်ပြောလို့ မရပါ။ အဂုပိုင် တွိလိုက်ရလို့၊ ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရလို့ ပြန်ကောင်းလာရေ လူတိဘားက မျိုးရည်တိကိုလည်း၊ အဆက်အဆံ မလုပ်ကတ်ဘဲ သီးသန့်ခွဲထားဖို့လိုရေ ပုံစံမျိုး သတိပီးလိုက်စွာပါ။
နောက်မေးခွန်းတိက အေဗိုင်းရာ့ဆ် မျိုးရိုးဗီဇ အာရ်အန်အေကို ဗိုင်းရာ့ဆ် အကူးခံရလို့ အသည်းအသန် ဖြစ်ခပနာ၊ ပြန်ကောင်းလာရေ လူတိ မျိုးရည်တခုတည်းမှာ တွိစွာလား? နောက်ထပ် အလယ်အလတ်လောက်ရာ ရောဂါပြင်းစွာကို ပြခပနာ၊ ပြန်ကောင်းလာရေ လူတိ လူတိ မျိုးရည်မှာဝါ? ယင်းပိုင်မဟုတ်ဘဲ ဗိုင်းရာ့ဆ် ကူးမှန်းတောင် မစစ်ဆေးလိုက်ရဘဲ နှာစီးခြောင်းဆိုးရုံလောက်နန့် ပျောက်လားရေ လူတိ မျိုးရည်မှာဝါ? အေမိန်းစရာ မေးခွန်းတိက အများကြီး ဖြစ်လာပါရေ။
အေဗိုင်းရာ့ဆ်ရာ ရောဂါပြန်ကောင်းလားရေ ယောကျ်ား လိင်အိပ်တိမှာ ကာလအကြာကြီး မှေးနိန်ပနာ၊ လိင်ဆက်ဆံခါ တဖက်လူကို ပြန်ကူးဖို့ဆိုကေ နောက်ပိုင်းပြဿနာတိ အများကြီး ဖြစ်လာနိုင်သိမ့်ရေဆိုစွာပါ။
အေအဖြေတိအတွက် စုံစမ်းစစ်ဆေးမှုတိ အများကြီး လုပ်ဖို့ လိုပါသိမ့်ရေ။ သေချာစွာကတော့ အေကိုရိုနာဗိုင်းရာ့ဆ်က နလန်ပြန်ထလာရေ လူတိနန့်၊ သေချာရေ ညွှန်ကြားချက်တိ ထုတ်ပြန်အောင်ထိ မစောင့်နိုင်ဘဲ၊ လိင်ဆက်ဆံဖို့ဆိုကေ ရာဘာစွပ် စွပ်ပနာ ဆက်ဆံစွာက အကောင်းဆုံး ဖြစ်ပါလိမ့်မေ။