
ကဗာ့ကျန်းမာရေးအဖွဲ့(World Health Organization)ကို တရုတ်နိုင်ငံက ‘လုံးဝ ထိန်းချုပ်ထားရေ'(total control) ဆိုပနာ၊ အမေရီကန်ပြည်ထောင်စု သမ္မတ ဒိုနဲလ် ထရုန့်ပ်(US President Donald Trump)က စွပ်စွဲလိုက်ဗျာလ်၊ ကဗာ့ကျန်းမာရေးအဖွဲ့(WHO)နန့် အဆက်အသွယ်တိ အားလုံးကို ဖြတ်ဖို့ဗျာလ်လို့ အေနိ ပြောလားပါရေ။ အမေရီကန်ပြည်ထောင်စုက ပီးနိန်ရေ ရံပုံငွေတိကို တခြား ပြည်သူ့ကျန်းမာရေး လုပ်ငန်းတိမှာ ပြောင်းသုံးလားဖို့လို့လည်း ပြောလားပါရေ။
“အေနိက စပနာ ဒဗြူအိပ်ချ်အို နန့် ကျွန်တော်ရို့ အဆက်အသွယ်ကို ဖြတ်လားပါဖို့ဗျာလ်။” လို့ အေနိ အိမ်ဖြူတော် နှင်းဇီခြံ(White House Rose Garden)မှာ လုပ်တေ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရုန့်ပ် က ပြောလားပါရေ။ ကိုရိုနာဗိုင်းရာ့ဆ်နန့် ပတ်သတ်လို့ တကဗာလုံးကို လှည့်ဖျားဖို့ ဒဗြူအိပ်ချ်အိုကို တရုတ်နိုင်ငံက ဖိအားပီးရေအတွက်၊ တကဗာလုံးမှာ လူသိန်းချီသီကတ်ရပနာ၊ အမေရီကန်ပြည်ထောင်စု တခုတည်းမှာတောင် လူ ၁ သိန်းကျော် သီလားဗျာလ်လို့ ပြောလားပါရေ။
နမူနာတခုပီးရဖို့ဆိုကေ၊ အေနှစ်စစောပိုင်းမှာ တရုတ်ပြည်ကို ခရီးလားစွာတိ ပိတ်ပင်ဖို့ ထရုန့်ပ်က ကြိုးစားခစွာကို ဒဗြူအိပ်ချ်အိုက ဆန့်ကျင်ခရေပိုင်၊ တရုတ်ပြည်က လေကြောင်းခရီးစဉ်တိ အမေရီကန်ပြည်ထောင်စုသို့ အလာကို ပိတ်ပင်ဖို့ ထရုန့်ပ် ဆုံးဖြတ်ခစွာကိုလည်း ဒဗြူအိပ်ချ်အိုက ဆန့်ကျင်ခရေလို့လို့ ဆိုပါရေ။ နောက်ပိုင်း နိုင်ငံတိုင်း တရုတ်ပြည်က ခရီးစဉ်တိကို ပိတ်ပင်ခကတ်တေလို့ ဆိုပါရေ။
“အဂု တရုတ်အစိုးရ လုပ်ပုံကိုင်ပုံ အမှားကို တကဗာလုံးက ခံစားနိန်ရဗျာလ်” လို့ ထရုန့်ပ်က ထပ်ပြောလားပါရေ။
လွန်ခရေ ၂ ပတ်က ဒဗြူအိပ်ချ်အို ညွှန်ချုပ်(WHO Director General) တီဒြိုဆ် အတ်ဟန်နွင်းမ် ဂီဘရီယီဆာ့ဆ်(Tedros Adhanom Ghebreyesus)ဘားကို ထရုန့်ပ် စာတစောင် ရွီးခပနာ၊ ဒဗြူအိပ်ချ်အို အပြုအမူတိကို ပြင်ဆင်ဖို့ ရက် ၃၀ အချိန်ပီးခပါရေ။ အဗြီးကေ အေအဖွဲ့အစည်းက ကိုရိုနာဗိုင်းရာ့ဆ်နန့် ပတ်သတ်လို့ ”မတိမကျ၊ မလိမ့်တပတ်” ထုတ်ပြန်ချက်တိနန့် တရုတ်အစိုးရဖက်ကို ဘက်လိုက်ခရေလို့လည်း စွပ်စွဲထားပါရေ။
အေနိ ထုတ်ပြန်ချက်က ယင်းစာပို့ဗြီးလို့ ရက် ၂၀ အကြာရာ ရှိပါသိမ့်ရေ။
“ပြုပြင်ပြောင်းလဲရဖို့စွာတိ အသေးစိတ်ကို ကျွန်တော်ရို့ တိုက်ရိုက် ပြောခကေလည်း၊ ယင်းသူရို့ ပြောင်းလဲဖို့ ငြင်းပါရေ။” လို့ ထရုန့်ပ် က ပြောလားပါရေ။
၂၀၁၈ – ၂၀၁၉ ခုနှစ်အတွင်းမှာ အသင်းဝင်ကြေးနန့် အလှူငွေအတွက် အမေရီကန်ဒေါ်လာ ၈၉၃ သန်းကို အမေရီကန်ပြည်ထောင်စုက ထည့်ဝင်ခရေလို့ ဒဗြူအိပ်ချ်အို စရင်းတိမှာ ပြထားပါရေ။ ယင်းအချိန်အတောအတွင်းမှာ တရုတ်နိုင်ငံက အမေရီကန်ဒေါ်လာ ၈၆ သန်းရာ ထည့်ဝင်ခပါရေ။
ဒဗြူအိပ်ချ်အိုက အမေရီကန်ပြည်ထောင်စု ထွက်စွာကို ပြောခရေအပြင်၊ တရုတ်ကျောင်းသားတိ၊ ပညာတောင်သင်တိ၊ တရုတ်ကင်ပဏီတိ အမေရီကန်ပြည်ထောင်စုကို လာဖို့၊ စီးပွားရေး လုပ်ဖို့စွာတိကိုလည်း ပြန်ပနာ သုံးသပ်ဗျာလ်၊ ကန့်သတ်ပိတ်ပင်မှုတိ လုပ်လားဖို့လို့လည်း သမ္မတ ထရုန့်ပ် က ပြောလားပါသိမ့်ရေ။