
ကိုရိုနာဗိုင်းရာ့ဆ် တခါ အကူးခံရလို့ ပြန်ကောင်းလားကေ၊ ခန္ဓာကိုယ်က ခုခံလားလို့ နောက်တခါ ပြန်မကူးနိုင်ဗျာလ်လို့ သိပ္ပံပညာရှင်တိက လက်ခံထားကတ်ကေလည်း၊ အဂု ဟောင်ကောင်မှာ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရာ့ဆ် ထပ်အကူးခံရရေ လူနာတယောက်ကို သိပ္ပံပညာရှင်တိ တွိလိုက်ရပါရေ။
အေလုံးဝ မထင်မှတ်ထားရေ တွိရှိချက်ကို ညဇာက ဟောင်ကောင်တက္ကသိုလ်(Hong Kong University (HKU)) ဆီးသုတေသနဌာနက သုတေသီတိ တွိလိုက်ရစွာပါ။
ဒုတိယအကြိမ် ထပ်အကူးခံရရေ လူနာက ကျန်းမာရေးကောင်းရေ ၃၃ နှစ်အရွယ် ဟောင်ကောင်မြို့သား တယောက်ပါ။ ပထမအကြိမ် ကိုရိုနာဗိုင်းရာ့ဆ် အကူးခံရစွာကို ဗြီးခရေ မာ့ချ်လမှာ ရောဂါလက္ခဏာ ၃ ရက် ပြလာပနာ သိလိုက်ရစွာပါ။ ဗြီးခရေ ဧပြဲလ်လ အလယ်လောက်မှာ ပိုးမတွိစွာကို ၂ ကြိမ် စစ်ဆီးဗြီးလို့ ဆေးရုံက ဆင်းလာရစွာပါ။
ဒုတိယအကြိမ် ကိုဗဲ့ဒ်-၁၉ အကူးခံရစွာကို တခုရောဂါလက္ခဏာလည်း မပြဘဲ၊ ဆပိန်နိုင်ငံကနိန် ယူကေနိုင်ငံကို ဖြတ်ပနာ၊ ဟောင်ကောင်ကို ပြန်ရောက်စွာမှာ တွိလိုက်ရစွာပါ။
ပထမအကြိမ် အကူးခံရရေ ကိုဗဲ့ဒ်-၁၉ ဗိုင်းရာ့ဆ် မျိုးရိုးဗီဇနန့်၊ နောက်အကူးခံရရေ ကိုဗဲ့ဒ်-၁၉ မျိုးရိုးဗီဇ မတူလို့လည်း၊ သုတေသီတိက ပြောပါရေ။
ယင်းအတွက်နန့် ကိုဗဲ့ဒ်-၁၉ အကူးခံရပနာ ပြန်ကောင်းလားရေ လူတိလည်း၊ ကိုဗဲ့ဒ်-၁၉ ပြန်မကူးနိုင်ဗျာလ်လို့ ထင်ပနာ “မျက်နှာဖုံး မတပ်၊ လူတိကို ရှောင်မလားဘဲ မနိန်သင့်”လို့ သုတေသီတိက သတိပီးလိုက်ပါရေ။ ကာကွယ်ဆီးထိုးပနာ ကာကွယ်နိုင်ခါမှရာ ပုံမှန်အတိုင်း လားလာနိန်ထိုင်သင့်ရေလို့ ဆိုပါရေ။
အဂု တကဗာလုံးမှာ ကိုဗဲ့ဒ်-၁၉ အကူးခံရရေ လူပေါင်း ၂၃.၉ သန်းလောက်ထိ ရှိလာပနာ၊ ၈ သိန်း ၁ သောင်း ၇ ထောင်ကျော် သီဆုံးလားရပါဗျာလ်။