
ကင်ပျုတာ ကင်ပဏီကြီး အိုင်ဘီအမ် (IBM) က ၂ နန်နိုမီတာ ချဲ့ပြား တမျိုးကို အမေရီကန်ပြည်ထောင်စုမှာ ရှိရေ သူရို့ Albany research lab ဓါတ်ခွဲခန်းမှာ စမ်းသပ်အောင်မြင်ဗျာလ်လို့ ကြေငြာလိုက်ပါရေ။ အေဟင့်က ကင်ပျုတာ ပြိုဆက်ဆာတိအတွက် သိသာထင်ရှားရေ အောင်မြင်မှုကြီးတခုလို့ ပြောရပါဖို့။
နောက်ဆုံးပေါ် ကင်ပျုတာ ချဲ့ပြားတိကို နန်နိုမီတာ (nanometres (nm)) နန့် တိုင်းတာကတ်ပါရေ။ ရှိက နံပါတ် ငယ်လာကေ နည်းပညာ ပိုမြင့်လာရေလို့ အဓိပ္ပာယ်ရပါရေ။ နန်နိုမီတာ ကို နားလည်လွယ်အောင် တစိချေ ရှင်းပြပါမေ။ အကျွန်ရို့က ပေကို အသုံးများခါ ပေနန့် ပြောကေ မျက်စိထဲ ပိုမြင်ပါဖို့။ ၁ မီတာ မှာ ၃.၂၈ ပေ လောက် ရှိပါရေ။ ၁ နန်နိုမီတာ ဆိုကေ ၃.၂၈ ပေကို သန်း ၁ ထောင် နန့် စား လို့ ရလာရေ အတိုင်းအတာကို ပြောစွာပါ။ သင်္ချာဆိုကေ 1 nm = 1 m ÷ 1,000,000,000 ပါ။ ဘလောက် ငယ်လီဖို့လဲဆိုစွာ သတိထားကြည့်ကတ်ပါ။
ကဗာမှာ လက်ရှိ နောက်ဆုံးပေါ် ဖုန်းတိ၊ ကင်ပျုတာတိမှာ စီးပွားဖြစ် သုံးနိန်ကတ်စွာက ၇ နန်နိုမီတာ အရွယ်အစားပါ။ အဂု အိုင်ဘီအမ် တွိရေ ၂ နန်နိုမီတာ က ၇ နန်နိုမီတာ ထက် ၄၅% စွမ်းဆောင်အား ပိုကောင်းလာရေလို့ ဆိုပါရေ။
ငယ်လီ စွမ်းအင်သုံးစွဲစွာ ပိုသက်သာလီ ဖြစ်တေအတွက်၊ လက်ရှိ သုံးနိန်ကတ်တေ စွမ်းဆောင်အားကို ထုတ်ကေ ၇၅% စွမ်းအင်သုံးစွဲမှု ပိုသက်သာလားရေလို့ အိုင်ဘီအမ် က ပြောပါရေ။
စွမ်းအင်သုံးစွဲမှု နည်းလားရေအတွက် ဖုန်းတိအတွက်ဆိုကေ ၄ ဆ လောက် ဘတ္တရီ သုံးစွာ နည်းလားရေလို့ ဆိုပါရေ။ အဂု ဘတ္တရီ ၁ ရက် ၁ ခါ ဖြည့်နိန်ရကေ၊ ယင်း ချဲ့ပြားကိုရာ သုံးကေ၊ ၄ ရက်မှ ၁ ခါ ဘတ္တရီ အားသွင်းဖို့ လိုလာပါဖို့။

လက်သည်းအရွယ် ၂ နန်နိုမီတာ ချဲ့ပြားချေတခုမှာ ထရန်ဆစ္စတာ ပေါင်း သန်း ၅ သောင်း (50 billion transistors) အထိ ထည့်လာနိုင်ဖို့ဗျာလ်လို့ ဆိုပါရေ။ ၂၀၁၇ ခုနှစ်က နောက်ဆုံး တီထွင် ဖန်တီးထားရေ ၅ နန်နိုမီတာ ချဲ့ပြားချေတခုမှာ ထရန်ဆစ္စတာပေါင်း သန်း ၃ သောင်း (30 billion) ထည့်ထားနိုင်စွာက အရေအတွက် ပိုတိုးတက်လာစွာပါ။ လူဦးနှောက်က ဟုတ်၊ မဟုတ် ဆိုစွာကို ဆုံးဖြတ်တေပိုင်၊ ထရန်ဆစ္စတာ တခုချင်းစီက စက္ကန့်မလပ် ဟုတ်၊ မဟုတ် ဆိုရေ သဘောတရားကို ဆုံးဖြတ်ပီးနိုင်ကတ်ပါရေ။
လာဖို့ နှစ်တိမှာ ကင်ပျုတာတိ၊ ဖုန်းတိ စွမ်းဆောင်ချက် ကကောင်း မြင့်တက်လာပါဖို့သိမ့်။
‘ဆန်းသစ်တေ အောင်မြင်မှုတခု’
အယင် ၇ နန်နိုမီတာ သုံးထားရေ AMD’s Ryzen processors တိစွာ အိုင်ဘီအမ် က တီထွင်လိုက်လို့ ၄ နှစ်ကြာခါမှရာ အများသုံး ကင်ပျုတာတိကို ရောက်လာပါရေ။ ယကေလည်း ယင်းချဲ့ပြားတိကို ထုတ်တေ Intel နန့် AMD processors တိကို ထုတ်တေ ထိုင်ဝမ်နိုင်ငံက TSMC ရို့က လာဖို့ နှစ်တိမှာ ယင်းပိုင် ကကောင်းငယ်ရေ နန်နိုချဲ့ပြား(ultra-low nm chip) စက်ရုံတိကိုရာ အလေးထား တိုးချဲ့လားဖို့လို့ ဆိုပါရေ။

ဆီမီးကင်ဒါတာ ထုတ်လုပ်တေ လူတိစွာ ၁၄ နန်နိုမီတာ ကနိန် ၁၀ နန်နိုမီတာ၊ ၇ နန်နိုမီတာ တဖြည်းဖြည်း ငယ်ပနာ တီထွင် ထုတ်လုပ်လာကတ်စွာပါ။
အေအိုင် မှတ်ဉာဏ်တု(AI) နန့် ဖန်သားပြင်မှာ အရောင်အသွီးစုံအောင် မြင်ရအောင် လုပ်တေ ဂရပ်ဖဲ့ ကာ့ဒ် (graphics card)တိလည်း ကကောင်း စွမ်းဆောင်ရည် မြင့်လာပါဖို့။ တကိုယ်ရည်တကာယသုံး ကရိယာတိလည်း ကကောင်း စွမ်းဆောင်ရည် မြင့်တက်လားပါဖို့။
အိုင်တီ ဂဏ္ဍ (IT industry)အတွက် ကရိယာ(hardware)တိ ထုတ်လုပ်စွာမှာ အိုင်ဘီအမ်က အင်အားအကြီးဆုံး သုတေသနကို လုပ်နိုင်တုန်းသိမ့်လို့လည်း ပြသလိုက်စွာပါ။