လှထုံ နန့် အာကာသ

0
1114

လှထုံ နိုင်ငံခြားသား သငယ်ချင်း ၂ ယောက်နန့် ထိုင်နိန်ကတ်တေ။ တယောက်က ရာရှား၊ တယောက်က အမေရီကန်။ ငကျောသန်တိ။

ရာရှား သငယ်ချင်းက ကောက်ကာငင်ကာ “ငရို့ လူမျိုးက ပထမဆုံး အာကာသထဲကို ရောက်တေ လူမျိုး။” လို့ ပြောလိုက်တေ။

အမေရီကန် သငယ်ချင်းကလည်း အားကျမခံ “ငရို့လူမျိုးက ပထမဆုံး လကို ခြီချရေ လူမျိုး။” လို့ ပြောလိုက်တေ။

အေပိုင် လထုံကို ငကျော ကျောလို့ မရ။

“ငရို့ လူမျိုးလည်း နီကို ပထမဆုံး ခြီချနိုင်ရေ လူမျိုးဖြစ်ဖို့ ကြိုးစားနိန်ရေ။” လို့ လှထုံက ဂိုက်ချေနန့် ပြန်ပြောလိုက်တယ်။

ရာရှား သငယ်ချင်းနန့် အမေရီကန် သငယ်ချင်း၊ တယောက်ကို တယောက် ပြုံးကြည့်လိုက်ကတ်ယင်း …

“လှထုံကလည်း မဖြစ်နိုင်စွာကို ပြောနိန်ဗျာလ်။ နီမှာ အေလောက် ပူစွာကို ဇာပိုင် ခြီချနိုင်ဖို့လဲ။” လို့ ရာရှား သငယ်ချင်းက ပြန်ပြောလိုက်တယ်။

လှထုံက “ဇာပိုင်ကနိန် ဇာပိုင် အေပိုင် တုံးရေ လူတိက အာကာသထက်၊ လထက်ကို ရောက်နိုင်ကတ်စွာချင့်။ ဟေး နီထက်ကို နိန့်ခင်း ခြီမချဘဲ၊ ညဥ့်ခါကျမှ ခြီချဖို့ ဟေး။” လို့ အထက်စီး လီသံနန့် လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ယင့်။

စံဂိုးအောင်

ငရို့ = ငါရို့
ခြီ = ခြေ
နီ = နေ
ဂိုက်ချေ = ရှိုးဖမ်းပြီး