လွန်ခရေ နှစ် ၄ သောင်း ၂ ထောင်က တီကောင်တိ ပြန်အသက်ရှင်လာ

© Science Photo Library / Getty Images
© Science Photo Library / Getty Images

လွန်ခရေ နှစ်ပေါင်း ၄ သောင်း ၂ ထောင်လောက်ကပင်၊ သဘာဝ ရခဲပြင်အောက်က မြေကြီးထဲမှာ အီးခဲနိန်ရေ တီကောင် ၂ ကောင်စွာ အဂုအခါ ပြန်အသက်ရှင်လာရေလို့ ဆိုပါရေ။ ကဗာမှာ အသက် အရှည်ဆုံး သတ္တဝါ ၂ ကောင် ဖြစ်လာရေပိုင်၊ သိပ္ပံပညာအတွက် ထိုးထွင်းအောင်မြင်မှု တခုလည်း ဖြစ်လာပါရေ။

ရှိဟောင်း သတ္တဝါတိ ဖြစ်တေ နီမာတုတ်ဆ်(nematodes) (ဝါ) တီကောင်လုံး(aka roundworms) ၂ ကောင်စွာ၊ လွန်ခရေ ပလိုင်ဆတိုစိမ်း ခေတ်(Pleistocene age)ကပင် အသက်ရှင်ခကတ်ပနာ၊ အဂုအခါ ရွိလျှားပနာ အစာစားနိန်ကတ်ဗျာလ်လို့၊ ပြိန့်ဆ်တွင် တက္ကသိုလ်(Princeton University)နန့် တွဲဖက်ပနာ အလုပ် လုပ်နိန်ကတ်တေ၊ ရာရှားသိပ္ပံပညာရှင်တိက ပြောပါရေ။

သမိုင်းမတင်မီ ခေတ်က အသက်ရှင်ခရေ၊ တီကောင် ၃၀၀ လောက်ကို၊ မော်စကိုမြို့က ဘူမိသိပ္ပံအတွက် ရူပ-ဓါတုနန့် ဇီဝ ပြဿနာ နည်းပညာဌာန (The Institute of Physico-Chemical and Biological Problems of Soil Science)က ဓါတ်ခွဲခန်းတခုမှာ၊ သုတေသနလုပ်ဖို့ သိမ်းထားရေလို့ ဆိုပါရေ။ ယင်းအထဲက တီကောင် အမ ၂ ကောင်က အဂုပိုင် အသက်ပြန်ရှင်လာလို့ ပါဝင်ရေ သုတေသီတိက ဆားဗီးယမ်း တိုင်းစ်(The Siberian Times) သတင်းဌာနကို ပြောပြလားပါရေ။

ယင်း တီကောင်တိကို၊ ရာရှားနိုင်ငံထဲက အအီးဆုံး ဖြစ်တေ ယာကူတီးယားဒေသ(Yakutia) နိန်ရာ ၂ ခုက၊ ရလာစွာလို့ ဆိုပါရေ။

3 COMMENTS