နီစကြာဝဌာ ပါရေ ဂြိုလ်စုကို ဘေးနားက ဂြိုလ်စု ဝင်တိုက်လို့ သက်ရှိတိ ပျောက်လားနိုင်

Researchers are warning that the collision could “knock us out of the Milky Way and into space”. © Wikimedia Commons

အကျွန်ရို့ နိန်ထိုင်ကတ်တေ နီကို ဗဟိုပြုပနာ လှည့်ပတ်နိန်ရေ နီစကြာဝဌာ ပါဝင်ရေ၊ Milky Way(နို့ရောင်ဂြိုလ်စုကြီး လို့ နိုင်ငံတကာအခေါ်နန့် လိုက်လျှောညီထွေဖြစ်အောင် နောက်မှာ ဘာသာပြန်လားပါမေ။ အယင်သုံးနိန်ရေ နဂါးငွေ့တန်း ဆိုစွာက ထပ်ဆင့် အဓိပ္ပါယ်ဖော်ဖို့ လိုရေအတွက် ဆက်မသုံးသင့်ပါ။)ကို အနားမှာ ရှိနိန်ရေ ဂြိုလ်စုကြီးက ဝင်တိုက်လိုက်ကေ၊ နီစကြာဝဌာ တခုလုံး ဟန်ချက်ပျက်လားနိုင်ရေအတွက်၊ ကဗာမှာ ရှိရေ သက်ရှိတိ အားလုံး၊ အန္တရာယ်ကျရောက်လားနိုင်ရေလို့ နောက်ဆုံး သိပ္ပံ တွက်ချက်မှုတခုမှာ တွိရပါရေ။

ဒါရမ်းတက္ကသိုလ်(Durham University – အင်္ဂလိပ်တိ h ကို အသံထွက်မှာ ဖျောက်လေ့ရှိပါရေ။ ဒါရမ်း လို့ရာ အသံထွက်ပါရေ။ ဒါဟမ်း လို့ အသံ မထွက်ပါ။)က နက္ခရူပဗေဒပညာရှင်တိ(Astrophysicists)စွာ နို့ရောင်ဂြိုစုကြီးကို လှည့်ပတ်နိန်ရေ မာဂျဲလ်လန်းနဲ့စ် ဂြိုလ်စုကြီး(Large Magellanic Cloud (LMC)) လားနိန်ရေ လမ်းကြောင်းကို ကွင်ပျူတာပြိုဂြမ်နန့် ပကတိအနိန်အထားအတိုင်း သိအောင် တွက်ချက်ကြည့်ကတ်ပါရေ။

ယကေမှာ မထင်မှတ်ထားရေ အဖြေတခုက ထွက်လာပါရေ။ မာဂျဲလ်လန်းနဲ့စ် ဂြိုလ်စုကြီးက နို့ရောင်ဂြိုလ်စုကြီးကို ဝင်တိုက်နိုင်ရေ ဆိုစွာပါ။

မာဂျဲလ်လန်းနဲ့စ် ဂြိုလ်စုကြီးစွာ၊ နို့ရောင်ဂြိုလ်စုကြီးက အလင်းနှစ် ၆၃,၀၀၀ ကွာဝီးပနာ၊ ဆန့်ကျင်ဖက်အရပ်ကို ၁ စက္ကန့်ကို ၂၅၀ မိုင်နှုန်းနန့် အဂု ရွိလားနိန်ပါရေ။ ယကေလည်း၊ ယင်းဆန့်ကျင်ဖက်အရပ်ကို ရွိလားနိန်စွာက အရှိန်သီလားပနာ၊ အကျွန်ရို့ဖက်ကို ပြန်လှည့်လာပါဖို့။

နို့ရောင်ဂြိုလ်စုကြီးနန့် ကပ်လာလို့ တိုက်မိရေခါ၊ အကျွန်ရို့ နိန်ရေ နီစကြာဝဌာကို တိုက်ရိုက် ထိခိုက်မှု မရှိကေလည်း၊ နီစကြာဝဌာစွာ နို့ရောင်ဂြိုလ်စုကြီးထဲက အပြင်ကို လွင့်ထွက်လားနိုင်ရေလို့၊ သုတေသန ဂေါင်းဆောင် ဒေါင်တာ မာရီးယာ့ဆ် ခေါ်တင်(Dr Marius Cautun)က သတိပီးလိုက်ပါရေ။

ယင်းပိုင် တိုက်မိရေခါ၊ ဂြိုလ်တိ အနိန်အထား ရွိလားပနာ၊ တလုံးနန့် တလုံး ကြားမှာ ရှိနိန်ရေ ဆွဲငင်အားတိ ပြောင်းလားရေအတွက်၊ လက်ရှိ ဂြိလ်တိ ပုံမှန်လှည့်ပတ်မှု အနိန်အထား ပျက်လားဖို့လို့ ဆိုပါရေ။ အေပိုင် လှုပ်ရှားမှု အနည်းချေ ဖြစ်လိုက်စွာနန့်၊ နီနန့် ကဗာ အကွာအဝီးလည်း ပျက်လားဖို့လို့ ဆိုပါရေ။ အေပိုင် နီကနိန် အကွာအဝီး ပြောင်းလားစွာနန့်၊ သက်ရှိတိ အသက်ရှင်နိန်အောင် အပူအအီး သမမှုကို ဖန်တီးထားရေ ဂိုးလ်ဒ်ဒီးလော့ခ်ဆ် ဇုန်(Goldilocks zone)က ကဗာကြီး အပြင်ကို ရောက်လားဖို့လို့ ဆိုပါရေ။ ယင်းပိုင် အပြင်ကို ရောက်လားဗျာလ်ဆိုစွာနန့် အပူ၊ အအီး ပြောင်းလဲမှုက ကကောင်း ပြင်းထန်ရေအတွက် သက်ရှိတိ အသက်ရှင်ဖို့ မဖြစ်နို်င်ပါဗျာလ်။

မကြောက်လားပါကဲ့။ အေပိုင် တိုက်မိဖို့ နောက်ထပ် နှစ်သန်းပေါင်း ၂,၅၀၀ ကြာပါဖို့သိမ့်။

အေပိုင် တိုက်မိမှရာ နို့ရောင်ဂြိုလ်စုကြီးစွာ ပုံမှန် အနိန်အထားတခုကို ရောက်လားဖို့လို့ ဆိုပါရေ။ လက်ရှိ နို့ရောင်ဂြိုလ်စုကြီးမှာ ဘလတ်ခ် ဟိုးလ်(black hole)လို့ ခေါ်ရေ တွင်းနက် အငယ်ချေ တခု ရှိနိန်ပနာ၊ တခြား ဂြိုလ်စုကြီးတိနန့် နှိုင်းစာကေ ပါဝင်နိန်ရေ ဂြိုလ် အရေအတွက်က ကကောင်း နည်းနိန်ပါရေ။

အေပိုင် အယ်လ်အမ်စီ(LMC)က ဝင်တိုက်လိုက်စွာနန့်၊ နို့ရောင်ဂြိုလ်စုကြီးမှာ အလယ်က တွင်းနက်ကြီး ကကောင်း ကျစ်လစ်လားပနာ၊ အဂုထက် ၅ ဆ ပိုကျစ်လစ်လားဖို့လို့ သုတေသီ အဖွဲ့က ရှင်းပြလားပါရေ။

မှတ်ချက် – နီစကြာဝဌာ ဖြစ်လာစွာ နှစ်သန်းပေါင်း ၄,၅၀၀ ရှိပနာ၊ နီကို လှည့်ပတ်နိန်ရေ ကဗာစွာ အပူအအီး မပြင်းထန်ရေ ဂိုးလ်ဒ်ဒီးလော့ခ်ဆ် ဇုန်ထဲမှာ၊ ကိုယ့်ဝင်ရိုးကို လှည့်ပတ်နိန်ရေအတွက်၊ အပူရှိန်ကို ရလိုက်၊ မရလိုက် ဖြစ်ပနာ၊ ပူလိုက် အီးလိုက် ဖြစ်လာရေအတွက်၊ သက်ရှိတိ ဆင့်ကဲဆင့်ကဲ ဖြစ်တည်လာပါရေ။ ယင်းပိုင် သက်ရှိတိ ဖြစ်တည်လာစွာမှာ လက်ရှိ လူတိ မျိုးစ သတ္တဝါစွာ လွန်ခရေ နှစ်ပေါင်း ၇ သောင်းလောက်ကမှ စပနာ ဖြစ်တည်လာစွာပါ။ လက်ရှိ လူတိစွာ မူရင်း အာဖရိကတိုက်ကနိန် အရပ်အသီးသီးကို ခွဲထွက်လားကတ်စွာ လွန်ခရေ နှစ် ၁ သောင်းလောက်ကမှပါ။ ထွန်ယက်စိုက်ပျိုးတတ်တေ လူ့ယဉ်ကျေးမှုက နှစ်ထောင်ဂဏန်းရာ ရှိသိမ့်ပနာ၊ စက်မှုခေတ် စတင်စွာက နှစ်သုံးရာလောက်ရာ ရှိပါသိမ့်ရေ။ ယင်းအတွက်နန့် လူတိစွာ ဆင့်ကဲဆင့်ကဲ ကြိုးစားအားထုတ်နိန်မှရာ သင့်တင့်ရေ လူ့ပတ်ဝန်းကျင်ကို ရောက်နိုင်ဖို့ဆိုစွာ ရခိုင်သားတိုင်း သတိထားသင့်ပါရေ။ မျက်စိစုံမှိတ်ပနာ တခုလည်း သက်သီမပြနိုင်ရေ ယုံကြည်မှုတိနန့် အကြောက်တရားကို အခြေခံပနာ ကိုယ့်စွာကို မချုပ်ထားကတ်ပါကဲ့။ တိုးတက်ချင်ရေ ရခိုင်သားတိုင်း မမြင်ရရေ ယုံကြည်မှုတိထက်၊ လက်တွိကျရေ သက်သီပြချက်တိကို အခြေခံပနာ၊ ဘဝကို တည်ဆောက်ကတ်ပါ။