ငါရို့ တိုင်းပြည်ကို ဇာပိုင် တည်ဆောက်ကတ်ဖို့လဲ? (၃)

0
986
PRAVIT UNPHET/Shutterstock
PRAVIT UNPHET/Shutterstock

ရခိုင်ပြည် မြောက်ဦးမြို့တော်ဟောင်းကို ဘင်္ဂလားပင်လယ်ဖက်က ဝင်လာဖို့ဆိုကေ၊ ကလဒန်မြစ်ကြောင်းတလျှောက်က တောင်ထက်တိုင်းမှာ စေတီပထိုးတိ အစီစီ ရှိနိန်စွာကို သတိထားမိကတ်ဖို့ ထင်ပါရေ။ လူနိန်ရေ မြို့ရွာထဲတိနန့် အပါးဆုံးမှာ ရှိရေ တောင်ကုန်းတိမှာ စေတီပုထိုးတိ မတည်ခဘဲ၊ မြစ်ကြောင်းကို စီးမြင်နိုင်ရေ တောင်တိမှာရာ စေတီတိ တည်ခစွာက၊ ရခိုင်ပြည်သူတိကို ဘာသာရေး လွှမ်းမိုးဖို့စွာထက်၊ တိုင်းပြည် လုံခြုံရေးကို ရှိရခိုင်တိ ပိုအသားပီးခရေဆိုစွာကိုလည်း မီးမှောင်း ထိုးပြနိန်ပါရေ။ ယင်းစေတီတိစွာ ရခိုင်ပြည်ကို ကျူးကျော်ဝင်ရောက်လာရေ ရန်သူတိကို စောင့်ကြည့်ဖို့ ကင်းစခန်းတိအဖြစ် အဓိက ရည်ရွယ်ခစွာပါ။ ယင်းစေတီ တလုံးချင်းစီက မြစ်ကြောင်းတလျှောက်ကို စီးမြင်နိုင်ရေပိုင်၊ စေတီတလုံးနန့် တလုံးကိုလည်း လှမ်းမြင်နိုင်စွာကို သတိထားမိကတ်ပါလိမ့်မေ။ လုံခြုံရေးတာဝန်ခံတိ နိခင်းဖက်ဆိုကေ စေတီတလုံးနန့် တလုံး မှန်ထိုး ဆက်သွယ်ခကတ်ပနာ၊ ညဉ့်ဖက်ဆိုကေ မီးမှောင်းထိုး ဆက်သွယ်ခကတ်ပါရေ။ ကလဒန်မြစ်ဝ ကင်းစခန်းက သတင်းကို မြောက်ဦးနန်းတော် ကင်းစခန်းထိ နာရီပိုင်းအတွင်း သတင်းပို့နိုင်ခကတ်ပါရေ။

မှန်ထိုးပနာ ဖြစ်ဖြစ်၊ မီးမှောင်း ထိုးပနာ ဖြစ်ဖြစ်၊ အလင်းရောင်ကို ဖွင့်ပိတ် နှစ်ခါ လုပ်ကေ၊ “အခြေအနေ ဇာပိုင်လဲ”၊ ဖွင့်ပိတ် သုံးခါ လုပ်ကေ “အခြေအနေ ပုံမှန်”၊ ဖွင့်ပိတ် လေးခါ လုပ်ကေ “အခြေအနေ မမှန်”၊ ခုနစ်ခါဆိုကေ “သင်္ဘောတစီး ဝင်လာရေ” အစရှိရေပိုင် အချင်းချင်း နားလည်နိုင်ရေ သင်္ကေတတိ သတ်မှတ်ထားခကတ်ပါရေ။

အေနိ ကင်ပြုတာ နည်းပညာစွာလည်း အေသဘောတရားကို အခြေခံထားပါရေ။ အယင်ပိုင် မှန်၊ မီးမှောင်း အလင်းရောင် မဟုတ်ဘဲ၊ လျှပ်စစ်မီးကို သုံးပါရေ။ လူတိက မီးခလုတ်ကို လက်နန့် အဖွင့်အပိတ် လုပ်ရေပိုင်၊ ကင်ပြုတာတိက မီးအဖွင့်အပိတ်ကို ထရန်ဆဲ့ဆတာ(transistor)တိနန့် အဖွင့်အပိတ် လုပ်ပါရေ။ အချင်းချင်း နားလည်ရေ သင်္ကေတတိကို ကင်ပြုတာမှာ စက်ဘာသာစကား(Machine Language)၊ တနည်းတဖုံ ဆော့ဖ်ဝါ(Software) အဖြစ် ထွင်လာကတ်ပါရေ။

ကင်ပြုတာ နည်းပညာကို ထွင်ရေခါ၊ လုပ်ဖို့(Yes) ဆိုစွာကို မီးဖွင့်ပြပနာ၊ သင်္ကေတအဖြစ် တစ်(1) လို့ သတ်မှတ်ပါရေ။ မလုပ်(No) ဆိုစွာကို မီးပိတ်ပြပနာ၊ သင်္ကေတအဖြစ် သူည(0) လို့ သတ်မှတ်ပါရေ။ ယင်းအတွက်နန့် တချို့ မီးခလုတ်တိမှာ 1 , 0 သင်္ကေတ နန့်၊ ကင်ပြုတာ၊ ဖုန်း အဖွင့်အပိတ်ခလုတ်တိမှာ 0 အကြီးထဲမှာ 1 ကို သင်္ကေတအဖြစ် ထည့်ထားစွာကို သတိထားကြည့်ကေ မြင်ပါလိမ့်မေ။ လူတိကြားမှာ ဆက်သွယ်ကတ်တေ အကြောင်းအရာပေါင်း သန်းပေါင်းများစွာ ရှိရေခါ၊ ကင်ပြုတာ သင်္ကေတကို ပြောင်းရေခါလည်း အကြောင်းအရာတိုင်းကို မတူရေ သင်္ကေတတိ ပီးကတ်ရပါရေ။ ယင်းသင်္ကေတ အားလုံးစွာ မီး အဖွင့်အပိတ် (ဝါ) 1 နန့် 0 ကိုရာ အခြေခံထားရေအတွက်၊ ဂဏန်း ၂ လုံး သင်္ကေတ (ဝါ) binary code လို့လည်း ခေါ်ပါရေ။ ဥပမာ – A ဆိုကေ 01000001 ၊ B ဆိုကေ 01000010 ၊ အပြာရောင်ဆိုကေ 11111111 ၊ အနီရောင်ဆိုကေ 00000000 ၊ I love you ဆိုကေ 01101001 00100000 01101100 01101111 01110110 01100101 00100000 01111001 01101111 01110101 ၊ အစရှိပနာ အကြောင်းအရာ တခုနန့် တခု လုံးဝ မထပ်အောင် နာမေ ပီးကတ်ရပါရေ။

အကြောင်းအရာပေါင်း သန်း ၁ ထောင်ရှိကေ၊ မတူရေ သင်္ကေတ သန်း ၁ ထောင် နာမေပီးကတ်ရပါရေ။ မီးအဖွင့်အပိတ် သန်းထောင်သောင်းချီ လုပ်ကတ်ရပါရေ။ လူတယောက်စွာ မီးခလုတ်တခုကို အဖွင့်အပိတ် လုပ်ကေ၊ ၁ မိနစ်မှာ အကြိမ် ၁၅၀ လောက်ရာ အများဆုံး လုပ်နိုင်ပါရေ။ အေအရှိန်နှုန်းနန့်ရာ လုပ်နိန်ဖို့ဆိုကေ တညဉ့်လုံး မအိပ်ဘဲ မီးဖွင့်မီးပိတ် လုပ်နိန်ကေတောင်၊ အကြောင်းအရာပေါင်း ရာဂဏန်းထက် ပိုမလုပ်နိုင်ပါ။ ယင်းအတွက်နန့် ကင်ပြုတာ ထရန်ဆဲ့ဆတာ(transistor)တိ အရှိန်နှုန်းကို မြှင့်တင်လာကတ်ပါရေ။ ကဗာမှာ လက်ရှိ အမြန်ဆုံး ထရန်ဆဲ့ဆတာကို Feng နန့် Hafez ဆိုရေ ပုဂ္ဂိုလ် ၂ ယောက်က တီထွင်ထားပနာ၊ ၁ စက္ကန့်ကို မီးအဖွင့်အပိတ် အကြိမ်ပေါင်း သန်း ၆ သိန်း ၄ ထောင်(604 billion operations every second) အထိ လုပ်လာနိုင်ပါရေ။ 604 GHz လို့ သင်္ကေတနန့် ပြပါရေ။ (ကိုယ့် ဟန်းဖုန်း ပြိုဆက်ဆာ ဆပိ(processor speed)က 3.23 GHz ရှိရေဆိုစွာ၊ ယင်းဟန်းဖုန်း ၁ စက္ကန့်ကို မီးအဖွင့်အပိတ်အကြိမ်ပေါင်း သန်း ၃၂၃၀ လုပ်နိုင်ရေလို့ ပြောရေပိုင်၊ ကင်ပြုတာ ပြိုဆက်ဆာ ဆပိက 2.9 GHz ရှိရေ ဆိုရေလို့ ပြောစွာက၊ ယင်း ကင်ပြုတာစွာ ၁ စက္ကန့်ကို မီးအဖွင့်အပိတ် အကြိမ်ပေါင်း သန်း ၂၉၀၀ လုပ်နိုင်ရေလို့ ဆိုလိုပါရေ။)

ထရန်ဆဲ့ဆတာ အရွယ်အစားတိ ပြောင်းလဲလာစွာကို ပြောရဖို့ဆိုကေ၊ ကဗာမှာ ပထမဆုံး ထရန်ဆစ္စတာကို ၁၉၅၄ ခုနှစ်မှာ တီထွင်ခပနာ၊ ယင်းထရန်ဆဲ့ဆတာ တခုစွာ လက်ဝါး အရွယ်အစားလောက် ကြီးပနာ၊ ၁၀ တန်း သင်္ချာ(၁) စာအုပ် ၂ အုပ် ထပ်ထားစွာလောက် ထူပါရေ။ လက်ရှိ ကဗာမှာ အမြန်ဆုံး ထရန်ဆဲ့ဆတာ အရွယ်အစားစွာ ၁ မီတာ(၃.၂၈ ပေ)ကို ၁ သန်းပုံ ပုံလို့ ၁ ပုံ အရွယ်အစားထိ ငယ်လာပါရေ။ မျက်စိထဲမှာ မြင်အောင် ပြောရဖို့ဆိုကေ ၁ နန်နိုမီတာ ဂိတ်(one-nanometre gate) ထရန်ဆဲ့ဆတာ အရွယ်အစား ဆိုကေ၊ ဆံပင်တပင် လုံးပတ် အရွယ်မှာ ထရန်ဆဲ့ဆတာ အခုပေါင်း ၅ သောင်းအထက်ထိ ထည့်ထားနိုင်ပါရေ။ လူတိ ဆံပင်တပင် လုံးပတ် အကျယ်စွာ ပျမ်းမျှ ၉၀ မိုင်ခြွင်ဆ်(90 microns)လောက် ရှိပနာ၊ လူသားတိ ပုံမှန် မျက်စိစွာ အငယ်ဆုံး ၄၀ မိုင်ခြွင်ဆ်(40 microns) အရွယ်အစား အမှုန်လောက် အထိရာ မြင်နိုင်ပါရေ။ ဆံပင်တပင် လုံးပတ်အကျယ်မှာ အခုရေ ၅ သောင်းအထိ ထည့်နိုင်ရေ၊ ထရန်ဆဲ့ဆတာတခုကို၊ လူသားတိ မျက်စိနန့် တခုပိုင်လည်း မြင်နိုင်စရာ အကြောင်း မရှိပါ။

လက်ရှိ သုံးနိန်ကတ်တေ အပ်ပါးလ် အိုင်ဖုန်း ၁၃(Apple’s iPhone 13) ဖုန်းထဲက၊ အေ ၁၅ ဘိုင်အိုနဲ့ ပြိုဆက်ဆာ(A15 Bionic processor) အလုပ် လုပ်နိုင်အား ပြိုဆက်ဆာ အရှိန်(Processor speed)စွာ 3.23 GHz လို့ ပြောရေအတွက်၊ ယင်းဖုန်းထဲက မိုင်ခြိုချဲ့ပ်ဆ်စွာ ၁ စက္ကန့်ကို မီးအဖွင့်အပိတ် အကြိမ်ပေါင်း သန်း ၃၂၃၀ လုပ်နိုင်ရေလို့ ဆိုလိုပါရေ။ ယင်း အေ ၁၅ ဘိုင်အိုနဲ့ ပြိုဆက်ဆာ(A15 Bionic processor) တခု အရွယ်အစားစွာ လက်သည်းခွံလောက်ရာ ရှိပနာ၊ ယင်း မိုင်ခြိုချဲ့ပ် တခုထဲမှာ ထရန်ဆဲ့ဆတာ(transistor) အခုပေါင်း သန်း ၁ သောင်း ၅ ထောင်(15 billion transistors) ထည့်ထားပါရေ။ လုပ်ဆောင်ချက်အနိန်နန့် ပြောဖို့ဆိုကေ၊ အေဖုန်းတလုံးထဲက မိုင်ခြိုချဲ့ပ်ဆ် တခုစွာ ကဗာထက်မှာ ရှိရှိသမျှ လူသားအားလုံး မီးခလုတ်တိကို တပြိုင်တည်း အဖွင့်အပိတ် လုပ်ကတ်စွာထက် အဆပေါင်းများစွာ သာလွန်အောင် အလုပ် လုပ်နိုင်ပါရေ။

ဇာအတွက် လူတိ ကင်ပြုတာကို တီထွင်လာကတ်စွာလဲ?

အေ ၂၀၂၂ ခုနှစ် နိုဗန်ဘာလ ၁၅ ရက်နိမှာ ကဗာထက်မှာ လူဦးရေ သန်း ၈ ထောင် ပြည့်ပါဖို့။ အေလောက် များရေ လူဦးရေကို၊ အယင်ရာစုခေတ်တိကပိုင် ကဗာထက်က သဘာဝ ထွက်ကုန်တိကို ရာသီလိုက် ထိုင်စောင့်ပနာ၊ ခြီလက်အားကိုးလောက်နန့် အခြေပြု ကျွေးမွေးဖို့ တခုပိုင်လည်း မဖြစ်နိုင်ပါဗျာလ်။ အေလူတိ စားဝတ်နိန်ရေး ပြဿနာကို ဖြေရှင်းဖို့အတွက်၊ အချိန်အတိုဆုံးမှာ ထုတ်လုပ်မှု အများဆုံး လုပ်နိုင်ဖို့အတွက် အရှိန်(ဝါ) ဆပိ(Speed)စွာ အဓိက ကျလာပါရေ။ ယင်းအတွက်နန့် ထုတ်လုပ်မှုကို အရှိန် အမြှင့်ဆုံး ပီးနိုင်ဖို့၊ မိုင်ခြိုချဲ့ပ်ဆ်တိ (ဝါ) ကင်ပြုတာ နည်းပညာပိုင်းတိကို ဆက်တိုက် တီထွင်လာကတ်ပါရေ။ လက်ရှိ လူ့ယဉ်ကျေးမှုမှာ ပေါကြွယ်ရေ အစားအသောက်တိ၊ သက်တောင့်သက်သာ နိန်နိုင်အောင် ဖန်တီးပီးရေ အသုံးအဆောင်တိ၊ အသိပညာ အတွေးအခေါ်ကို မြင့်တင်ပီးနိုင်ရေ ပညာရေးတိ၊ စိတ်လားတိုင်း ကိုယ်ပါနိုင်အောင် စောင့်ရှောက်ပီးနိုင်ရေ ကျန်းမာရေးတိကို ရအောင် လုပ်ပီးဖို့အတွက်၊ ကင်ပြုတာ မိုင်ခြိုချဲ့ပ်ဆ်(microchips) (ဝါ) တကိုယ်ရေသုံး ကင်ပြုတာတိ(personal computers)စွာ မရှိမဖြစ် လိုအပ်ချက်တခု ဖြစ်လာပါရေ။ အေနိ မိုင်ခြိုချဲ့ပ် ထုတ်လုပ်တေ၊ အိန်တဲလ်(Intel) ကင်းပဏီတခုတည်းကနိန်၊ အချိန် ၁ စက္ကန့်မှာ ထရန်ဆဲ့ဆတာ အခုပေါင်း သန်း ၅ ထောင် ထုတ်နိန်ပါရေ။ ၁ နှစ်ကို ထရန်ဆဲ့ဆတာ အခုပေါင်း ၁၅၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ထုတ်ပါရေ။ ကဗာထက်မှာ ရှိရှိသမျှ ယောကျ်ား၊ မမက်၊ အချေ အရေအတွက် အားလုံးကို၊ အိန်တဲလ် ၁ နှစ် ထုတ်တေ ထရန်ဆဲ့ဆတာ အရေအတွက်နန့် နှိုင်းပြဖို့ဆိုကေ၊ လူ ၁ ယောက်ကို ထရန်ဆဲ့ဆတာ သန်း ၂၀ နှုန်း လောက်နန့် ညီမျှနိန်ပါရေ။ ၂၀ ရာစု နှောင်းပိုင်းကနိန် ဆယ်စုနှစ် ၃ ခုလောက်အတွင်းမှာ၊ ကဗာကြီးစွာ မိုင်ခြိုချဲ့ပ်ဆ်တိကို အခြေခံပနာ လုံးဝ ပြောင်းလဲမှု ဖြစ်လာပါရေ။ အေဖြစ်စဉ်ကို၊ ဒဲ့ဂျစ်တေလ် တော်လှန်ရေး(The Digital Revolution) (ဝါ) တတိယ စက်မှုတော်လှန်ရေး(the Third Industrial Revolution)လို့လည်း ခေါ်ပါရေ။

အထက်က ကင်ပြုတာ နည်းပညာ အလုပ်လုပ်ပုံကို ပြောပြနိန်စွာ၊ လူတိကို နည်းပညာ ဖြန့်ဝီပီးချင်လို့ မဟုတ်ပါ။ ကိုယ်ရို့ အသိပညာ၊ အတွေးအခေါ်ပိုင်း ဘလောက် ခေတ်နောက်ကျနိန်ကတ်ဗျာလ်လဲ၊ မှီအောင်လိုက်ဖို့ ဘလောက် ကြိုးစားကတ်ရဖို့လဲ သတိချပ်မိကတ်အောင်လို့ ပြောပြချင်စွာပါ။

တိုးတက်တေ လူတိက မမြင်နိုင်ရေ လက်တံတိနန့် ကဗာကြီးဒေါင့်စုံက အရင်းအမြစ်တိကို သိမ်းကျုံးယူငင်နိန်ကတ်တေအချိန်မှာ၊ အရာလည်း ကိုယ့်စွာကို ငါရို့လောက် ကြီးကျယ်မြင့်မြတ်တေ လူမရှိလို့ ဘဝင်မြင့်နိန်ကတ်ဖို့ဆိုကေ၊ လာဖို့ ဆယ်စုနှစ် ၂ခု၊ ၃ခု လောက်မှာ ကဗာပြင်ထက်က လူမျိုးလိုက် လွင့်စင်မလားကေ ကံကောင်းပါ။

ယင်းအတွက်နန့် လူမျိုးလိုက် ရှိမတက်နိုင်အောင် ဆွဲထားရေ အယူအဆတိကို ဖြတ်တောက်ပစ်ဖို့ လိုလာပါရေ။

၁) လက်တွိသိပ္ပံနည်းပညာ ဆီးဝါးကို မဖန်တီးကတ်ဘဲ၊ လက်တွိ မကျရေ ဘာသာရေး အယူအဆသတ်သတ်နန့်ရာ ရင်ဆိုင်ကတ်ဖို့ဆိုကေ၊ အေနိ ကဗာကြီးမှာ လူသားတိ ကကောင်း ပြုန်းတီးလားနိုင်ရေဆိုစွာကို လက်ရှိ တွိကြုံရရေ ကိုးဗဲ့ဒ်-၁၉ က သက်သီပြနိန်ပါရေ။ အရာရာကို ဘာသာရေး ပေတံတခုတည်းနန့် တိုင်းကတ်စွာကို ဖြတ်တောက်ပစ်ဖို့ လိုပါရေ။ ဘာသာရေးကို ကိုယ်ကျင့်တရား နန့် စိတ်အီးချမ်းရေး ကျင့်စဉ်လောက်မှာ ရပ်ထားသင့်ပါရေ။

၂) အေပိုင်မိန်း အေပိုင်ဖြေ လို့ဆိုရေ အစမ်းမေးခွန်း/စာမေးပွဲ(Mock Test/Mock Exam)တိကို အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ပနာ၊ စာမေးပွဲမှာ အမှတ်ကောင်းဗျာလ် ဆရာဝန်၊ အိန်ဂျိန်နီယာ၊ ဘွဲ့ရ ဖြစ်လာစွာနန့် ငါ့ကိုယ်ငါ လူတကာထက် မြင့်ရေလို့ အတွေးဝင်နိန်စွာတိကို ဖြတ်တောက်ကတ်ဖို့ လိုပါရေ။ အေမိန်းဖြေတိကို ဖြေနိုင်ခစွာနန့် ဉာဏ်အရည်အချင်း အလိုလို မြင့်လားစွာ မဟုတ်မှန်း သတိမူတတ်ဖို့ လိုပါရေ။ ကိုယ့်ပိုင် အစမ်းမေးခွန်း/စာမေးပွဲတိ လေ့ကျင့်နိုင်ဖို့ အခွင့်အရေး မရရေအတွက်၊ ပညာရေးမှာ ထိပ်ပိုင်း မရောက်နိုင်ရေ လူတိကို အထင်မသေးတတ်အောင် ကိုယ့်စွာကိုယ် ပြုပြင်ဖို့ လိုပါရေ။ ပညာရပ်ပိုင်းမှာ ထိပ်တန်းရောက်အောင်၊ စာမေးပွဲ အောင်ဖို့စွာထက်၊ အကြောင်းအရာ သဘောတရားပိုင်းကို အခြေခံကျကျ နားလည်အောင် ကြိုးစားကတ်ဖို့ လိုပါရေ။ “အေပိုင်ဖြစ် အေပိုင်လုပ်” ဆိုရေ Know How ဆိုစွာထက်၊ “ဇာဖြစ်လို့ အေပိုင် လုပ်ဖို့ လိုလဲ” Know Why ဆိုစွာကို သိရေ လူတိ ပိုများဖို့ လိုလာပါရေ။

၃) လူများ လုပ်ထားစွာကို သုံးတတ်ဖို့ ကြိုးစားကတ်စွာထက်၊ ကိုယ်တိုင်တီထွင်ကြံဆတတ်ကတ်ဖို့ ကကောင်း လိုလာပါရေ။ အဖွင့်မှာ ပြောခရေပိုင် ရှိရခိုင်တိ ဘလောက် ဉာဏ်အမြှော်အမြင် မြင့်ပနာ တီထွင်ကြံဆတတ်ခကတ်လဲ နည်းလမ်းယူသင့်ပါရေ။ ယင်းချိန်ခါကပင် ယင်းစေတီပထိုးတိကို ရခိုင်ပြည်ထုတ် ဘိလပ်မြေ၊ သံထည်၊ ကြေးထည်တိနန့် တည်ဆောက်နိုင်ခဗျယ်ဆိုစွာကို သတိမူမိဖို့ လိုပါရေ။ ပြည်ပက တင်သွင်းစွာ မရှိကေ ရခိုင်ပြည်မှာ ရပ်တည်ဖို့ မဖြစ်နိုင် ဖြစ်နိန်ကတ်စွာထက်၊ ကိုယ့်မှာ ရှိစွာတိနန့် လုံးဝ ရပ်တည်နိုင်အောင် အယင်ဆုံး တီထွင်ကြံဆကတ်ဖို့ လိုလာပါရေ။

၄) ကျန်ခဖို့ ကိုယ့်မျိုးဆက်တိကို မျှော်မှန်းပနာ၊ အခွင့်အရေးအတွက် နင်းပြား ဖြစ်ခံချင်ရေ စိတ်ဓါတ်တိကို လုံးဝ စွန့်လွတ်ဖို့ လိုလာပါရေ။ ကိုယ့်လူမျိုးအချင်းချင်း လေးစားတန်ဖိုးထား ဆက်ဆံကတ်ဖို့ ပိုလိုလာပါရေ။ တယောက် အားနန့်ထက်၊ အများ အားနန့် စုပေါင်း တည်ဆောက်ကတ်စွာကို ကျင့်သုံးတတ်ကတ်ဖို့ လိုလာပါရေ။

၅) အရွယ်ရောက်တေ လူတိုင်း ကိုယ့်စွာကိုယ် အမှီအခိုကင်း တာဝန်ယူတတ်ကတ်ဖို့ လိုလာပါရေ။ ကိုယ် ဖန်တီးထားရေ ကိုယ့်မိသားစုကို လုံးလုံးလျှားလျှား တာဝန်ယူတတ်ကတ်ဖို့ လိုလာပါရေ။

၆) ဖေသာစွာ စာရွက် မဟုတ်။ ဘဝ အစိတ်အပိုင်းတိကို ဖဲ့ပီးပနာ အလဲအလှယ် လုပ်ထားရစွာဖြစ်တေအတွက်၊ ဖေသာတန်ဖိုးကို ကကောင်း နားလည်ဖို့ လိုလာပါရေ။

၇) ဘဝဆိုစွာ အကန့်အသတ် ရှိရေ အချိန်ရာ ဖြစ်တေအတွက်။ လုပ်နိုင်ရေ အချိန်မှာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအထိ စနစ်တကျ စီမံလုပ်ကိုင် ကြိုးစားတတ်ကတ်ဖို့ လိုလာပါရေ။

အေအချက်တိကို ရခိုင်သားတိ ပြုပြင်ပြောင်းလဲကတ်စွာနန့် အေနိ ကဗာထက်မှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံနန့် ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်တေ ၂ နိုင်ငံ၊ စုစုပေါင်း ၁၉၅ နိုင်ငံ ရှိစွာကနိန်၊ ရခိုင်တိ မျှော်လင့်ရေ နိုင်ငံတခုစွာလည်း မကြာခင် တိုးလာပါလိမ့်မေ။

(မှတ်ချက် – အချိန်ကို မပြတ် အသုံးချနိုင်ဖို့ လုံးပန်းနိန်ရရေခါ၊ စာချောအောင်ထိ မရွီးနိုင်ရေအတွက် ဆိုလိုရင်းကိုရာ နားလည်အောင် ဖတ်ပီးကတ်ပါ။)