မင်းပြားမြို့နယ်မှာ ရီလွှမ်းနိန်ရေ ကျေးရွာတိအတွက် စက်လှေနန့် အစားအသောက်တိ လိုအပ်နိန်

ဓာတ်ပုံ- ကိုအမ်းသားကြီး
ဓာတ်ပုံ- ကိုအမ်းသားကြီး

စံမောင်သန်း စစ်တွေ၊ နိရဉ္စရာ၊ ဇွန် ၁၅

ရခိုင်ပြည်မှာ မိုးအဆက်မပြတ်ရွာနိန်လို့၊ မင်းပြားမြို့နန့် ကျေးရွာတိမှာ ရီလွှမ်းမိုးခံနိန်ရပါရေ။ မြို့ပေါ်ရပ်ကွက်တချို့နန့် ကျေးရွာတိက လူတိ၊ ဘုန်းတော်ကြီးကျောင်းတိနန့် စာသင်ကျောင်းတိကို ရွိပြောင်းနိန်ရပနာ၊ သောက်ရီတိ လိုအပ်နိန်ရေအပြင်၊ တချို့ကျေးရွာတိမှာ ရွိပြောင်းဖို့ စက်လှေတိလည်း လိုအပ်နိန်ရေလို့ သိရပါရေ။

မင်းပြားတမြို့လုံး ရီလွှမ်းမိုးခံနိန်ရပနာ၊ မြေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တိက လူတိ၊ တခြားကို ရွိပြောင်းနိန်ရရေလို့ ဆိုပါရေ။

“ကျနော်ရို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တိဖြစ်တေ မင်းဗာကြီး၊ အောင်သာယာနန့် သပြေညို ရပ်ကွက်တိမှာ ရီလွှမ်းမိုးမှု ပိုများပနာ၊ အိမ်တိ ငယ်ရေခါ အိမ်ကြီးတိကို ရွိနိန်ကတ်ရပါရေ။ တချို့က ဘုန်းကြီးကျောင်းတိကို ရွိနိန်ကတ်ရပါရေ။” လို့ မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနကို ပြောပါရေ။

မင်းပြားမြို့နယ်မှာ ပန်းမြောင်းကြီးချောင်းနန့် ဖုံသာချောင်းတလျှောက်က ကျေးရွာတိမှာ၊ ကျေးရွာပေါင်း ၃၀ ကျော်က ရီလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနိန်ရေလို့ သိရပါရေ။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတိက လူတိက၊ ဘုန်းကြီးကျောင်းတိကို ပြောင်းရွိနိန်ကတ်ရရေလို့ ပြောပါရေ။ တချို့ရွာတိမှာ လူတရပ်ကျော်လောက် မြုပ်နိန်ဗြီးပနာ၊ ဖုံသာချောင်းတလျှောက်မှာလေ့ ရီမြုပ်နိန်ပါရေ။ အခြေအနေ ဆိုးရွာစွာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနန့် အသေကာလ ကျေးရွာတိမှာ အိမ်တိ အားလုံး ရီမြုပ်နိန်ပါရေ။” လို့ ဦးသိန်းစံက ပြောပါရေ။

ရီလွှမ်းမိုးမှုမှာ ရီကန်တိပါ နစ်မြုပ်နိန်ပနာ၊ သောက်ရီတိ လိုအပ်နိန်ရေလို့ သိရပါရေ။

ဓာတ်ပုံ- ကိုအမ်းသားကြီး
ဓာတ်ပုံ- ကိုအမ်းသားကြီး

“ရီကတော့ ကျေးရွာတိမှာ အနည်းဆုံး ၄ ပေလောက် တက်နိန်ပါရေ။ မြေနိမ့်ရေ ကျေးရွာတိမှာဆိုကေ ၅ ပေလောက်ထိ ရှိပါရေ။ လူတိကတော့ အိမ်တဆောင်မှာ တယောက်လောက် ကျန်နိန်ခပနာ၊ ကျန်ရေ လူတိက အိမ်ကြီးတိ၊ ဘုန်းကြီးကျောင်းတိနန့် တောင်ခြေရင်းတိကို ပြောင်းရွိနိန်ကတ်ရပါရေ။ အဂု လောလောဆယ် အဓိက အခက်အခဲက သောက်ရီပါ။” လို့ ရီနစ်မြုပ်နိန်ရေ ကျေးရွာတိဖြစ်တေ အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနန့် ဒုံကြီးကျေးရွာတိကို ကိုယ်တိုင်လားရောက်ပနာ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါရေ။

ယင်းအပြင် တချို့ ကျေးရွာတိမှာ လူတိကို ရွိပြောင်းဖို့  စက်လှေတိ အခက်အခဲ ရှိနိန်ရေလို့ သိရပါရေ။

“ပွဲရကန်ဆိပ်ကျေးရွာက လူတိက ဘုန်းကြီးကျောင်းတိ၊ စာသင်ကျောင်းတိနန့် အိမ်ကြီးတိကို ရွိပြောင်းနိန်ရပါရေ။ အဂု အခက်အခဲတခု ရှိနိန်စွာကတော့ လူတိကို ရွိပြောင်းပီးဖို့အတွက် စက်လှေတိ လိုအပ်နိန်ပါရေ။” လို့ ပွဲရကန်ဆိပ်ကျေးရွာက ဦးမောင်သိန်းရွှေက ပြောပါရေ။

ပန်းမြောင်းကြီးချောင်းအနားက ကပ်ပဲကျေးရွာမှာလည်း ရေ ၁၀ ပေလောက် နစ်မြုပ်နိန်ရေအတွက်၊ ကျေးရွာသားတိ ကျေးရွာကို စွန့်ခွာပနာ၊ တောင်ခြေရင်းကို ထွက်ဗြီးလားရရေလို့ သိရပါရေ။ ဘုန်ကြီးကျောင်းလည်း နောက်တပေလောက် ရီတက်ကေ ရီမြုပ်ဖို့ဗျာလ်လို့ သိရပါရေ။

(ဓာတ်ပုံ- ကိုအမ်းသားကြီး)

ကိုးကား – စံမောင်သန်း စစ်တွေ၊ နိရဉ္စရာသတင်းဌာန၊ ဇွန် ၁၅ ရက်သတင်း