၂၀၁၇ ခုနှစ်အတွင်း ကဗာ့ အချမ်းသာဆုံး သဌေးတိ ဒေါ်လာ ၁ ထရီလီယံ ပိုချမ်းသာလာ

Jeff Bezos © Dennis Van Tine / Reuters

ဘလုံးဘာ့ဂျ်(Bloomberg)က ကောက်တေ စစ်တမ်းတခုမှာ ကဗာ့အချမ်းသာဆုံး သဌေးတိစွာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁ ထရီလီယံ ပိုချမ်းသာလာကတ်ရေလို့ ဆိုပါရေ။ ယင်းချင့်စွာ ၂၀၁၆ ခုနှစ်ထက် ၄ ဆ ပိုချမ်းသာလာကတ်ရေပိုင်၊ ယင်းအထဲမှာ တရုတ် ဘီလီယံနာတိက အများဆုံး ပိုချမ်းသာလာရေလို့ ဆိုပါရေ။

ကဗာ့ ထိပ်တန်း အချမ်းသာဆုံး လူ ၅၀၀ ကို ညွှန်းထားရေ ဘလုံးဘာ့ဂျ် ဘီလီယံနာ ညွှန်းကိန်း(Bloomberg Billionaires Index)ထဲမှာ ၂၀၁၇ ခုနှစ်အတွင်း ဘီလီယံနာ အရေအတွက် ၂၃ ရာခိုင်နှုန်း ပိုမြင့်တက်လာပနာ၊  စုစုပေါင်း ဘီလီယံနာ အယောက် ၄၄၀ စွာ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၁.၀၅ ထရီလီယံ ပိုချမ်းသာလာရေလို့ ဆိုပါရေ။

ကဗာ့ထိပ်တန်း အချမ်းသာဆုံး လူ ၅၀၀ စွာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ကနိန် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်အတွင်း ဒေါ်လာ ၄.၄ ထရီလီယံကနိန် ၅.၃ ထရီလီယံထိ ပိုချမ်းသာလာရေလို့ ဆိုပါရေ။  ဖေသာ အများဆုံး ရရေ နိန်ရာက စတော့ခ် စျီးကွက်လို့ ဆိုပါရေ။

၂၀၁၃ ခုနှစ်ကပင် ကဗာ့ အချမ်းသာဆုံး ဖြစ်နိန်ရေ မိုင်ခြိုဆော့ဖ်(Microsoft)ကို တည်ထောင်ရေ ဘဲလ် ဂိတ်စ်(Bill Gates) နိန်ရာကို ကျော်ပနာ အမေဇုန်(Amazon)ကို တည်ထောင်ရေ ဂျပ်ဖ် ဘီဇို့စ်(Jeff Bezos)က ၃၆၅ ရက်အတွင်း ဒေါ်လာ ၃၄.၂ ဘီလီယံ ပိုချမ်းသာလာပနာ စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၉၉.၆ ဘီလီယံနန့် ကဗာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါရေ။ လက်ရှိမှာ ဘီဇို့စ် စွာ ဘဲလ် ဂိတ်စ် ထက် ဒေါ်လာ ၈.၃ ဘီလီယံ ပိုချမ်းသာနိန်ပါရေ။

နည်းပညာ ကဏ္ဍက အများဆုံး ဝင်ငွေရပနာ ၃၅ ရာခိုင်နှုန်း ပိုမြင့်တက်လာရေလို့ ဆိုပါရေ။ ဖေ့ချ်ဘုတ်ခ်(Facebook)ကို ပူးတွဲ တည်ထောင်ရေ မက်ခ် ဇူခါဘာ့ဂျ်(Mark Zuckerberg)က ၄၅ ရာခိုင်နှုန်း (ဝါ) ဒေါ်လာ ၂၂.၆ ဘီလီယံ ပိုချမ်းသာလာပနာ ကဗာ့ ပဉ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါရေ။

ဘီလီယံနာတိ အရေအတွက်ထဲမှာ အများဆုံးက အမေရီကန်တိ ဖြစ်ပနာ ၁၅၉ ယောက် ရှိနိန်ပါရေ။ ၂၀၁၇ ခုနှစ်အတွင်းမှာ စုစုပေါင်း ဒေါ်လာ ၃၁၅ ဘီလီယံ ပိုချမ်းသာလာပနာ စုစုပေါင်း ပိုင်ဆိုင်မှုက ဒေါ်လာ ၂ ထရီလီယံ ရှိနိန်ပါရေ။ တရုတ် ဘီလီယံနာ ၃၈ ယောက်က ၂၀၁၇ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်း (ဝါ) ဒေါ်လာ ၁၇၇ ဘီလီယံ ပိုချမ်းသာလာပနာ ဒုတိယ အများဆုံး ၄၃ ရာခိုင်နှုန်းက အိန္ဒိယ သဌေးတိ ဖြစ်တေလို့ ဆိုပါရေ။

( ၁ ဘီလီယံ = သန်း ၁ ထောင် ၊  ၁ ထရီလီယံ = ဘီလီယံ ၁ ထောင်)