အိန္ဒိယနိုင်ငံမှာ မိုးသက်လီပြင်းကျပနာ မိုးကြိုးပစ်လို့ လူ ၈၀ ကျော် သီ

Cars damaged by a fallen tree, New Delhi, India May 14, 2018 © Adnan Abidi Reuters
Cars damaged by a fallen tree, New Delhi, India May 14, 2018 © Adnan Abidi Reuters

အိန္ဒိယနိုင်ငံက ပြည်နယ် ၅ ခုမှာ မိုးသက်လီပြင်း ကျပနာ မိုးကြိုးပစ်လို့ အနည်းဆုံး လူ ၈၀ ကျော် သီဆုံးလားပါရေ။ ရာပေါင်းများစွာ ဒဏ်ရာရကတ်ပါရေ။ အိန္ဒိယအမျိုးသား မိုးလေဝါသဌာနက အေထက်မက မိုးများပနာ၊ လီပြင်းတိ ကျဖို့သိမ့်လို့ ခန့်မှန်းထားပါရေ။

ဗြီးခရေ တနင်္ဂ နိန်နိန့်က စပနာ မိုးကြီးဗျာလ် တနင်္လာ နိန့်မှာ မိုးပိုကြီးလာပါရေ။ နယူးဒေလီမြို့တော်မှာ တနာရီကို လီတိုက်နှုန်း ၁၀၇ ကီလိုမီတာထိ ရှိခပါရေ။

ညဇာက ညဇာဖက်ထိ ဥတ္တာ ပရာဒတ်ရှ် (Uttar Pradesh) ပြည်နယ် တခုတည်းမှာ လူ ၅၁ ယောက် သီဗျာလ်၊ အနောက် ဘင်္ဂါ (West Bengal) ပြည်နယ်မှာ ၁၄ ယောက်၊ အနြ္ဒာ ပရာဒတ်ရှ် (Andhra Pradesh) ပြည်နယ်မှာ ၁၂ ယောက် နန့် ဥတ္တရခမ်း (Uttarakhand) ပြည်နယ်မှာ ၁ ယောက် ရှိခပါရေ။

အေဂု မိုးဝင်လာဗျာလ် ဖြစ်တေအတွက် အိန္ဒိယနိုင်ငံနန့် နယ်ချင်းကပ်နိန်ရေ ရခိုင်ပြည်သူပြည်သားတိလည်း အထူးဂရုစိုက် ပြင်ဆင်ထားကတ်ဖို့ လိုပါရေ။