ပြင်သစ်က ရာရှားမှာ ယူရို ၁ ဘီလီယံဖိုး ရင်းနှီးမြှပ်နှံဖို့

Russian President Vladimir Putin (R) shakes hands with French President Emmanuel Macron during a meeting in St. Petersburg, Russia May 24, 2018. Kirill Kudryavtsev Reuters
Russian President Vladimir Putin (R) shakes hands with French President Emmanuel Macron during a meeting in St. Petersburg, Russia May 24, 2018. Kirill Kudryavtsev Reuters

နှစ်တိုင်းလုပ်နိန်ကျ ဆိန့်စ် ပီတာစဘာ့ဂျ် (St Petersburg) မြို့က စီးပွားရေး ဆွေးနွေးပွဲ ကျင်းပနိန်ချိန်နန့် ပြင်သစ်သမ္မတ ရောက်နိန်ချိန်မှာ၊ ပြင်သစ်နိုင်ငံက ရာရှားနိုင်ငံမှာ ယူရို ၁ ဘီလီယံဖိုး တိုက်ရိုက်ရင်းနှီးမြှပ်နှံဖို့ သဘောတူစာချုပ် ၆ ခု ချုပ်ဆိုပါရေ။

ယင်းသဘောတူစာချုပ်တိကို ဆိန့်စ် ပီတာစဘာ့ဂျ် နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲ (St. Petersburg International Economic Forum (SPIEF)) မှာ ချုပ်ဆိုကတ်ပနာ၊ ယူရို ၁ ဘီလီယံ (အမေရီကိန်ဒေါ်လာ ၁.၁၇ ဘီလီယံ) တန်ဖိုး ရှိရေလို့ ရာရှား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု ရံပုံငွေအဖွဲ့ (Russian Direct Investment Fund) ဂေါင်းဆောင် ကီရဲလ် ဒီမီထရီဗ် (Kirill Dmitriev) က အတည်ပြု ပြောကြားလားပါရေ။

ဆိန့်စ် ပီတာစဘာ့ဂျ် နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲကို ဗြီးခရေ အင်္ဂါနိန့်ကနိန် အေသောကြာနိန့်ထိ ကျင်းပလားပါဖို့။ ယင်းမှာ နိုင်ငံတကာက ထိပ်တန်း စီးပွားရေး ရင်းနှီးမြှပ်နှံရေ လူတိ တက်ရောက်ပနာ၊ နှစ်စဉ် ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှပ်နှံကတ်စွာကို တွိရပါရေ။ အေနှစ် ဆွေးနွေးပွဲကို ပြင်သစ်သမ္မတ အမ်မန်နူရဲလ် မတ်ရွင် (Emmanuel Macron)၊ ဂျပန် ဝန်ကြီးချုပ် ရှိန်ဇို အဘီ (Shinzo Abe)၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ဂေါင်းဆောင် ခရစ္စတိန်း လာဂါ့ဒ် (Christine Lagarde) နန့် တရုတ် ဒုတိယသမ္မတ ဝမ် ကီရှန် (Wang Qishan) တို့ တက်ရောက်နိန်ကတ်ပါရေ။

မှတ်ချက် – အမေရီကန်က ရာရှားကို စီးပွားရေး ပိတ်ဆို့ဖို့ ကြိုးစားနိန်ရေအချိန်မှာ၊ ပြင်သစ်က ဆန့်ကျင်ပနာ ရာရှားမှာ ရင်းနှီးမှု လုပ်ဖို့ လာစွာရေ၊ အမေရီကန် – ပြင်သစ် မဟာမိတ် အက်ကွဲရာ ပေါ်လာရေပိုင် ဖြစ်နိန်ပါရေ။ အမေရီကန်တိ လွှမ်းမိုးမှု နိဂုံးချုပ်ဖို့ အချိန်ရောက်လာစွာလည်း ဖြစ်လာနိုင်ပါရေ။