ယူအပ်စ်က ရာရှား၊ တရုတ်၊ အီရန်ကို ပေါင်းလားအောင် လုပ်ပနာ၊ ကဗာ့ကုန်သွယ်ရေးက အထီးကျန်အောင် လုပ်နိန်

0
4265
© Eduardo Munoz : Reuters
© Eduardo Munoz : Reuters

အမေရီကန်ပြည်ထောင်စုက ကိုယ့်စွာကို အထီးကျန်အောင် လုပ်ပနာ၊ တခြားနိုင်ငံတိကို စီးပွားရေး ဖိအားပီးယင်း၊ အလိုလို ပေါင်းလားအောင် လုပ်နိန်ရေ လို့၊ စီးပွားရေး ရင်းနှီးမြှပ်နှံမှုလောကမှာ ထင်ရှားရေ ဂျိမ်း ရိုဂျာစ် (Jim Rogers) က ပြောလိုက်ပါရေ။

“အမေရီကန်ပြည်ထောင်စုက တရုတ်နန့် ရာရှား၊ တတူတူ ပေါင်းလားအောင် ဖိအားပီးရေ။ အမေရီကန်ပြည်ထောင်စုက တရုတ်နန့် အီရန်၊ တတူတူ ပေါင်းလားအောင် ဖိအားပီးရေ။ အမေရီကန်ပြည်ထောင်စုက တရုတ်၊ ရာရှား၊ အီရန် အားလုံး တတူတူ ပေါင်းလားအောင် ဖိအားပီးရေ။ ယင်းချင့်က အမေရီကန်ပြည်ထောင်စုစွာ သူ့စွာသူ ကဗာ့နိုင်ငံကြီးတိထဲက ထွက်လားအောင် လုပ်စွာနန့် တူရေ။” လို့ ရိုဂျာစ် က ဆိန့်စ် ပီတာစ်ဘာ့ဂျ် နိုင်ငံတကာ စီးပွားရေး ဆွေးနွေးပွဲ (St. Petersburg International Economic Forum (SPIEF)) မှာ စပါ့တ်နိခ် (Sputnik) သတင်းဌာနနန့် တွိဆုံစွာမှာ ပြောလားပါရေ။

အဂု စင်္ကာပူနိုင်ငံမှာ နိန်ရေ အမေရီကန် ရင်းနှီးမြှပ်နှံရေးသမားကြီးက၊ အမေရီကန်အစိုးရ ပေါ်လစီက အမေရီကန်တိ ရင်းနှီးမြှပ်နှံမှု လုပ်ဖို့အတွက်၊ ပို ပို အခွင့်အရေး နည်းလားအောင် လုပ်တေလို့ ပြောပါရေ။ “အာရှမှာ ရင်းနှီးမြှပ်နှံဖို့ နိန်ရာတိ အများကြီး ရှိရေ။ အမေရီကန်အစိုးရက ထိုနိုင်ငံနန့် မသင့်၊ ဒေနိုင်ငံနန့် မသင့် ဖြစ်ပနာ၊ စီးပွားရေး အခွင့်အလမ်းတိက နည်းသထက် နည်းလားရေ။ ကဗာက အကြီးကြီး၊ ရင်းနှီးမြှပ်နှံဖို့ နိန်ရာတိ အများကြီး ကျန်သိမ့်ရေ။ ထိုနိုင်ငံကို ဖယ်ထုတ်၊ ဒေနိုင်ငံကို ဖယ်ထုတ် လုပ်စွာ၊ ကကောင်း ရှက်ဖို့ကောင်းရေ။”

ဘီလီယံနာကြီးက “တခြားနိန်ရာကို မကြည့်ကဲ့၊ မြောက်ကိုးရီးယားကိုရာ ကြည့်။ စပွဲခင်း၊ သဘုန်၊ လျှပ်စစ်မီး၊ ယင်းသူရို့ အားလုံး လိုနိန်သိမ့်ရေ။ မင်း လုပ်နိန်သမျှစွာ မင်းအတွက် စီးပွားရေးအခွင့်အရေးဗျာလ်။” လို့ ပြောလားပါရေ။

“တခြားနိုင်ငံတိက စီးပွားရေးကို ဖွင့်လုပ်ဖို့ ရှာကြံနိန်ကတ်တေ အချိန်မှာ၊ အမေရီကန်ပြည်ထောင်စုက ကဗာ့ကုန်သွယ်ရေးက ခွဲထွက်ဖို့ လုပ်နိန်ရေ။ အယင်က အေပိုင် အပြောမျိုး တခါလည်း မကြားဖူး။ အယင်က မရှိခလို့၊ မကြားဖူးစွာရာ ရှိဖို့။ တခုပိုင်လည်း အဓိပ္ပာယ် မရှိ။ အယင်နှစ်ကထိ သူများတိ အားလုံး၊ ဖွင့်သထက် ဖွင့်ဖို့ ကြိုးစားနိန်ကတ်တေ။ အဂု အမေရီကန်ပြည်ထောင်စုက ပိတ်သထက် ပိတ်ဖို့ ကြိုးစားနိန်ရေ။”

“ငါ အမေရီကန် တယောက်ဖြစ်နိန်လို့၊ နိုင်ငံတိုင်းမှာ ငါ့စီးပွားရေးတိကို ပိတ်သထက် ပိတ်လာကတ်တေ။ ယင်းနိုင်ငံတိက ငါ့ကို ပိတ်စွာ မဟုတ်။ အမေရီကန်တိက ပိတ်စွာရာ ဖြစ်တေ။” ဆိုပနာ ပြောလားပါရေ။