ဆော်ဒီက ကာတာကို ကျွန်းနိုင်ငံ ဖြစ်လားအောင် ပြင်ဆင်နိန်

The sun sets over the Pearl-Qatar harbour in Doha. © Fadi Al-Assaad / Reuters
The sun sets over the Pearl-Qatar harbour in Doha. © Fadi Al-Assaad / Reuters

ဆော်ဒီအာရေးဗီးယားနိုင်ငံက ကာတာနိုင်ငံနန့် ကြားမှာ တူးမြောင်းကြီးတခု တူးဖို့အတွက်၊ နိုင်ငံခြားအိန်ဂျိန်နီယာ ကုမ္ပဏီကြီးတိကို လေလံဆွဲခိုင်းနိန်ရေလို့ ဆော်ဒီသတင်းတိမှာ ဖော်ပြထားပါရေ။

ဂျုန်လ ၂၅ ရက်နိန့် ကျင်းပဖို့ လေလံပွဲမှာ၊ ကုမ္ပဏီကြီး ၅ ခုက ဝင်ပြိုင်ဖို့ စိတ်ဝင်စားနိန်ရေလို့ ဆော်ဒီနိုင်ငံ မက္ကာ သတင်းစာ ( Makkah) က  ဆိုပါရေ။ ၃ လအတွင်း၊ လေလံအောင်ရေ ကုမ္ပဏီကို ကြေငြာပနာ၊ တူးမြောင်းတူးရေ အလုပ်ကို ချက်ချင်း စရဖို့လို့ သတင်းမှာ ဖော်ပြထားပါရေ။

တူးမြောင်းနာမေကို ဆာလ်ဝါ တူးမြောင်း (Salwa Canal) လို့ နာမေပီးထားပနာ၊ ဆက်ဆံရေး တင်းမာနိန်ရေ ကာတာနိုင်ငံကို တူးမြောင်းနန့် ခြားထားလိုက်တေ ပုံစံမျိုးပါ။ ကာတာနိုင်ငံနန့် နယ်ခြားစည်းကနိန် ၁ ကီလိုမီတာနန့် ၅ ကီလိုမီတာ ဆော်ဒီဖက်အတွင်းမှာ ယင်းတူးမြောင်းကို တူးလားဖို့ဖြစ်ပနာ၊ ကျန်ခရေ ကုန်းမြေမှာ စစ်တပ်နန့် နယ်ခြားစောင့်တပ်တိ ချထားဖို့လို့ ဆိုပါရေ။ ယင်းတူးမြောင်းက မီတာ ၂၀၀ ကျယ်ပနာ၊ ကီလိုမီတာ ၆၀ ရှည်ဗြီးကေ၊ ကုန်ကျစရိတ် အမေရီကန်ဒေါ်လာ ၇၄၆ သန်းလောက် ရှိဖို့လို့ ဆိုပါရေ။

၁၅ မီတာကနိန် မီတာ ၂၀ အထိ နက်တေ ယင်းတူးမြောင်းထဲမှာ သင်္ဘောဆိပ်ကြီး ၃ ခုနန့် တခြားဆိပ်ကမ်းတိလည်း ဆောက်ဖို့ စီစဉ်နိန်ပနာ၊ ကမ်းနားမှာ ဇိမ်ခံဟိုတယ်တိ၊ အပန်းဖြေအနားယူဖို့ နိန်ရာတိနန့် အားကစားရုံတိ ဆောက်လားဖို့လို့လည်း ဆိုပါရေ။

ယင်းတူးမြောင်းကြီးရာ ဗြီးလားကေ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ တခုတည်းနန့်ရာ ကုန်းမြေ ဆက်စပ်နိန်ရေ ကာတာနိုင်ငံစွာ၊ ရီပတ်လည် ဝိုင်းရံနိန်ရေ ကျွန်းနိုင်ငံ ဖြစ်လားပါဖို့ဗျာလ်။