ကလေးလိုချင်လား? မလိုချင်ဘူးလား? ဘယ်ရက်တွေက ကိုယ်ဝန်ရနိုင်လဲ?

မနေ့က သူငယ်ချင်းတစ်ယောက်က သူ့ဆေးခန်းမှာ ကောင်မလေးတွေ ကိုယ်ဝန်ဖျက်ချချင်လို့ လာကြတဲ့အကြောင်း ပြောပြပါတယ်။ စိတ်မကောင်းပါဘူး။ အမှန်က ကိုယ်ဝန် ရချင်တယ်၊ မရချင်ဘူး ဆိုတာ အဲလောက် ခက်ခဲနက်နဲတဲ့ ပြဿနာ မဟုတ်ပါဘူး။ အသိပညာပေး နည်းလို့သာ ဒီလို ဖြစ်ရတာပါ။

အမှန်က ဒီ အချက်လေး နှစ်ချက်ကို သိအောင် လုပ်တာနဲ့၊ ကိုယ်ဝန်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

၁) နောက်ဆုံး ဓမ္မတာ ဘယ်နေ့ စ,လာသလဲ?
၂) ဓမ္မတာ စ,လာတဲ့ တစ်ကြိမ်နဲ့ တစ်ကြိမ် ဘယ်နှစ်ရက် ကွာခြားသလဲ?

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးဆီက မျိုးဥကြွေကျချိန်နဲ့၊ အမျိုးသားဆီက သုတ်ပိုးအသက်ရှင်နေချိန် တိုက်ဆိုင်မှသာ ဖြစ်တာပါ။ နေ့တိုင်း ကိုယ်ဝန် မရနိုင်ပါဘူး။ တိတိကျကျ ပြောရမယ်ဆိုရင်၊ တစ်လမှာ ကိုယ်ဝန်ရဖို့ ၆ ရက်ထက် ပို မရှိပါဘူး။

ပထမဆုံး သတိထားရမှာက ဓမ္မတာလာတာဟာ မျိုးဥကြွေတာ မဟုတ်ပါဘူး။ မျိုးမအောင်တဲ့အတွက် မျိုးဥကို ဆေးချလိုက်ခြင်းသာ ဖြစ်ပါတယ်။

နောက်ဆုံး ဓမ္မတာ စ,လာတဲ့ ရက်ကနေ၊ နောက် ဓမ္မတာ စ,လာမယ့်ရက် ကြားက၊ အလယ်တည့်တည့် နေ့ရက်ဟာ အမျိုးသမီးတွေအတွက် မျိုးဥကြွေတဲ့ ရက်ပါ။ ဥပမာ – ၂၈ ရက်ခြား ဓမ္မတာ လာတတ်တဲ့ အမျိုးသမီးတစ်ယောက်အတွက်၊ ဓမ္မတာလာပြီး ၁၄ ရက်မြောက်နေ့ဟာ သူ့အတွက် မျိုးဥကြွေကျတဲ့ နေ့ပါ။

အမျိုးသမီးတွေရဲ့ မျိုးဥဟာ ၂၄ နာရီပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် မျိုးဥကြွေပြီး နောက်တစ်ရက်ထိပဲ အဲဒီ အမျိုးသမီးဟာ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေရဲ့ သုတ်ပိုးဟာ ၅ ရက်တိတိ အသက်ရှင်နိုင်တဲ့အတွက်၊ အမျိုးသမီး မျိုးဥ မကြွေကျမီ ၅ ရက်ကတည်းက အမျိုးသမီး ကိုယ်ထဲမှာ ရှိနိန်ယင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန် တွက်ချက်နည်းက ရှင်းရှင်းလေးပါ။

နောက်ဆုံး ဓမ္မတာ စ,လာတဲ့နေ့ကနေ၊ နောက် ဓမ္မတာ စ,လာမယ့်နေ့အထိ၊ ကြား အလယ်တည့်တည့်နေ့ကို မှတ်လိုက်ပါ။ အဲဒီနေ့ဟာ မျိုးဥကြွေတဲ့နေ့ပါ။ မျိုးဥကြွေတဲ့နေ့ကနေ ရှေ့ဖက် ၅ ရက်နုတ်ပြီး၊ နောက်ကို တစ်ရက် ထပ်ပေါင်းပါ။ အဲဒီ ကြား ၆ ရက် ကာလဟာ ကိုယ်ဝန် ရနိုင်တဲ့ နေ့တွေပါ။ ဒီကြားကာလ အပြင်မှာတော့ ကိုယ်ဝန် မရနိုင်ပါဘူး။

အလွယ်တကူ တွက်ကြည့်နိုင်အောင်၊ အပေါ်မှာ ကျွန်တော် php Calculator လေးတစ်ခု လုပ်ထားပါတယ်။

ဓမ္မတာ စ,လာတဲ့ နေ့ရက်နဲ့၊ ဓမ္မတာလာတဲ့ ရက်အပိုင်းအခြားကို ထည့်လိုက်ရုံပါ။ နောက် ဓမ္မတာလာမယ့်ရက်၊ မျိုးဥကြွေမယ့်ရက်၊ ကိုယ်ဝန်ရနိုင်တဲ့ ကာလ၊ ကိုယ်ဝန်ရခဲ့ရင် ကလေးမွေးနိုင်တဲ့ရက် တို့ကို အလိုအလျှောက် တွက်ချက်ပေးသွားပါလိမ့်မေ။

လစဉ်လတိုင်း အောက်က လိင့်ခ်ကိုသွားရောက်ပြီး၊ တွက်ကြည့်နိုင်ပါတယ်။

https://health.greatarakan.com/

ကျွန်တော် အချိန်ရရင်၊ App လေးတစ်ခု လုပ်ပေးပါမေ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ မလိုလားအပ်တဲ့ လူမှုဒုက္ခက ကင်းဝေးနိုင်ကြပါစေ။