ပါလတ်စတိုင်း ဟားမတ်စ်(Hamas)အဖွဲ့က၊ အစ္စရေးစစ်တပ်က လူငယ်ချေတိကို အလှအပချေတိနန့် မြူဆွယ်ပနာ၊ အွင်လှိုင်းက အပ်တိကို ဒေါင်းလုပ်လုပ်လိုက်စွာနန့်၊ ကပ်ပါလာရေ ဆော့ဖ်ဝဲလ်က၊ ယင်းလူ သုံးနိန်ရေ ဖုန်းမှာ ရှိရေ အချက်အလက်တိကို၊ ခိုးယူနိန်ရေလို့ အစ္စရေးထောက်လှမ်းရေးဌာနက ဆိုပါရေ။
အစ္စရေးလူငယ်စစ်သား ၅၀၀ လောက်ကို၊ လူမှုမီဒီယာတိနန့်၊ ဝှက်စ်အပ်(WhatsApp)ကတဆင့်၊ သံသယရှိရေ လူတစုက၊ အစ္စရေးဖုန်းနံပါတ်တိနန့် မြူဆွယ်ပနာ၊ ဂိုဂဲလ် ပလဲ(Google Play)က အပ်တိကို ဒေါင်းလုပ် လုပ်ချခိုင်းရေလို့ ဂျေရုဆလန် ပို့ဆ်(Jerusalem Post)မှာ ဖော်ပြထားပါရေ။
ပါလတ်စတိုင်း ဟားမတ်စ်အဖွဲ့က ကြင်ဖော်ရှာရေ ဝိန့်ခ်ရှတ်(WinkChat)၊ ဂလန့်လွှဖ်(GlanceLove)နန့် ဂိုးလ်ဒန်းကာ့ဖ်(GoldenCup)ရို့ကို သုံးပနာ၊ အစ္စရေးစစ်သားတိ ဖုန်းထဲက အချက်အလက်တိကို၊ ခိုးယူဖို့ ကြိုးစားရေလို့ ဆိုပါရေ။
ယင်းအပ်တိနန့် ပါလာရေ ထရိုဂျန် ဗိုင်းရပ်စ်(Trojan viruses)တိက ဖုန်းရှိနိန်ရေ နိန်ရာ၊ ဖုန်းထဲက ဓါတ်ပုံတိ၊ သတင်းပို့ထားစွာတိနန့်၊ အဆက်အသွယ်တိ အားလုံးကို ရယူလားနိုင်ရေလို့ ဆိုပါရေ။ ယင်းချင့်အပြင် ဖုန်းထဲက ကန်မရာနန့် မိုင်ခြိုဖုန်းကို သုံးပနာ၊ ဖုန်းပိုင်ရှင် မသိဘဲ၊ ဓါတ်ပုံရိုက်စွာတိနန့် ပြောနိန်ကတ်သမျှ အကြောင်းအရာတိကို အသံကူးယူလားစွာတိလည်း လုပ်ယူနိုင်ရေလို့ ဆိုပါရေ။
ယင်းချင့်ကို အစ္စရေးထောက်လှန်းရေးက “အသည်းခွဲသူ” ဆိုရေ စစ်ဆင်ရေးနာမေနန့် တိုက်ဖျက်လို့၊ ယင်းခိုးယူရေအဖွဲ့ထဲမှာ အဖွဲ့ဝင် ၁၁ ယောက်ပါမှန်း၊ သိရရေလို့လည်း ဖော်ပြထားပါရေ။ အဂုတော့ခါ ယင်းအပ်တိကို ဂိုဂဲလ်(Google)က ဖယ်ရှားလိုက်ဗျာလ်လို့ ဆိုပါရေ။ ကကောင်းကြီး ထိခိုက်နစ်နာမှု မရှိခကေလည်း၊ နိုင်ငံ့လုံခြုံရေးအတွက် အကြီးအကျယ် အန္တရာယ် ကျရောက်နိုင်ရေ အနိန်အထားကို ရောက်ခရေလို့ ဆိုပါရေ။
စစ်သား၊ စစ်သမီး ၁၀၀ လောက်တော့ ယင်းအပ်တိကို ဒေါင်းလုပ် လုပ်ခကတ်ပနာ၊ ကကောင်း အနုအရွချေတိနန့် မြူဆွယ်ထားလို့၊ စစ်သားတိထက်၊ စစ်သမီးတိက ပိုပနာ ဖမ်းစားဖို့ လွယ်ကူခရေလို့ ဆိုပါရေ။
အဂုတော့ခါ အွင်လိုင်းမှာ သငယ်ချင်းလုပ်ဖို့ တောင်းဆိုရေ လူကို၊ အပြင်မှာ မသိကေ၊ လက်မခံရလို့၊ အစ္စရေးစစ်တပ်က ညွှန်ကြားထားပါရေ။