ဂျပန် ငလျှင်တွက် နြူးကလီးယား ဓါတ်အားပီး စက်ရုံ ပိတ်၊ အရေးပေါ် မီးစက်တိ ဖွင့်ရ

0
940
© Reuters / Kyodo
© Reuters / Kyodo

ဂျပန်နိုင်ငံမှာ လှုပ်လားရေ ပြင်းအား ၆.၇ ငလျှင်ဒဏ်နန့် ဟော်ကိုင်းဒိုး(Hokkaido)ကျွန်းက တိုမာရီ နြူးကလီးယား ဓါတ်အားပီးစက်ရုံ(Tomari nuclear plant)ကို ပိတ်လိုက်ရပနာ၊ အရေးပေါ် မီးစက်တိကို ဖွင့်လိုက်ရရေလို့ နြူးကလီးယား စီမံရေး ကော်မရှင်(Nuclear Regulatory Commission)က ဆိုပါရေ။

အအီးကန်ထဲက နြူးကလီးယား လောင်စာချောင်းတိကို အအီးခံဖို့၊ ဒီဇယ်စက်တိကို အရေးပေါ် ဖွင့်လိုက်ရရေလို့ ဆိုပါရေ။ ငလျှင်လှုပ်နိန်ရေ အချိန်မှာတော့ခါ လောင်စာကန် ၃ ကန်ထဲမှာ၊ နြူးကလီးယား လောင်စာတိ မရှိနိန်လို့ ဆိုပါရေ။ လုံခြုံရေးအတွက် ပြန်ပနာ ဆန်းစစ်နိန်တုန်းလို့ စီမံရေး ကော်မတီက ပြောပါရေ။

ဟော်ကိုင်းဒိုး လျှပ်စစ် စွမ်းအင်(Hokkaido Electric Power) ကုမ္ပဏီက လည်ပတ်နိန်ရေ နြူးကလီးယား ဓါတ်အားပီးစက်ရုံမှာတော့ခါ၊ နြူးကလီးယား ယိုဖိတ်မှု၊ အပူရှိန် မြင့်တက်မှုတိနန့် ပုံမှန်မဟုတ်တေ အနိန်အထားတိ မတွိရလို့ ကတ်ဘိနတ် အတွင်းရေးမှုးချုပ် ယိုရှီဟိဒီ ဆူဂါ(Chief Cabinet Secretary Yoshihide Suga)က သတင်းထောက်တိကို ပြောလားပါရေ။

နြူးကလီးယား ဓါတ်အားပီးစက်ရုံကို ပိတ်လိုက်ရရေအတွက်နန့် ဖောက်သယ် ၂.၉၅ သန်း မီးမရဘဲ ဖြစ်နိန်ရေလို့ ဟော်ကိုင်းဒိုး လျှပ်စစ်(Hokkaido Electric) ကုမ္ပဏီက သတင်းထုတ်ပြန်ပါရေ။ မီး ပုံမှန် ရလာဖို့ ၁ ပတ်လောက် အချိန် ကြာနိုင်ရေလို့ အစိုးရ တာဝန်ရှိရေ လူတိက ခန့်မှန်းထားပါရေ။