လွတ်လပ်ရေး မဲပီးခစွာ နှစ်ပတ်လည်နိမှာ ကာတာလန်တိ ရထားလမ်း၊ ကားလမ်းတိကို ပိတ်ဆို့

Source: Help Catalonia @ Twitter
Source: Help Catalonia @ Twitter

စပိန်နိုင်ငံက ခွဲထွက်ဖို့အတွက် လွတ်လပ်ရေး မဲပီးခရေ နှစ်ပတ်လည်နိမှာ၊ ကာတာလန် ရာပေါင်းများစွာက ကာတာလိုနီးယားဒေသက ရထားလမ်း၊ ကားလမ်းတိကို ပိတ်ဆို့လိုက်ကတ်ပါရေ။

အဂု ဆန္ဒပြပွဲကို၊ ပြည်သူ့သမ္မတနိုင်ငံအတွက် ကာကွယ်ရေး ကော်မတီတိ(The Committees for the Defense of the Republic (CDR))လို့ နာမေပီးထားရေ လွတ်လပ်ရေး ရှိဗြီးအဖွဲ့က ဉီးဆောင်ရေလို့ ဆိုပါရေ။ အေနိ မိုးသောက် အာရုံတက်ကပင် ကာတာလိုနီးယား အရှိပိုင်းက အေပီ-၇(AP-7) အဝီးဗြီးလမ်းကို ကားတာယာတိ၊ ဒေါက်တိနန့် ပိတ်ထားကတ်တေလို့ ဆိုပါရေ။ အယင်နှစ်က စပိန်အစိုးရက အကြမ်းဖက် ကိုင်တွယ်ခစွာကို ရည်ညွှန်းပနာ “မိလည်း မမိ၊ အရှုံးလည်း မပီး” (“neither forgetting nor forgiving”)ဆိုရေ စာတမ်းတိ ချိတ်ထားစွာကိုလည်း တွိရပါရေ။

ဂျီရိုနာ(Girona) ရထားဘူတာက ရထားလမ်းကိုလည်း လူ ၄၀၀ လောက်က ပိတ်ပနာ ထိုင်ထားကတ်ပါရေ။


အေနိစွာ၊ စပိန်နိုင်ငံက ခွဲထွက်ဖို့အတွက်၊ ကာတာလိုနီးယားဒေသ တဝှမ်းလုံးမှာ ၂၀၁၇ ခုနှစ် အောင်တိုဘာလ ၁ ရက်နိမှာ မဲပီးခကတ်တေ ၁ နှစ် ပြည့်ရေ နိပါ။ စပိန်ရဲတိက အဓမ္မ ဖြိုခွဲရေအတွက် ပြည်သူ ၉၀၀ ကျော် အနာတရ ဖြစ်ခရပါရေ။