ဘဲလ်ဂျီယမ် – တရုတ် ကုန်ရထားသစ် ပိုးလမ်းမကြီးအတိုင်း အေအပတ် မောင်းနှင်ဖို့

0
6161
The first Zhengzhou-Liege cargo train leaves Liege, Belgium © Global Look Press / Zheng Huansong
The first Zhengzhou-Liege cargo train leaves Liege, Belgium © Global Look Press / Zheng Huansong

ဘဲလ်ဂျီယမ်နိုင်ငံ လိချ်မြို့(Liege)ကနိန်၊ တရုတ်နိုင်ငံ ဟန်နန်းဒေသ(Henan province) မြို့တော်ကို၊ ကုန်တင်တိုက်တာကြီး ၃၇ လုံးပါရေ ပထမဆုံး ကုန်တင်ရထားစွာ၊  အေအပတ်အတွင်းမှာ မောင်းနှင်လားဖို့ ဖြစ်ပါရေ။ အေကုန်လမ်းကြောင်းက၊ တရုတ်နိုင်ငံက ကကောင်း အလေးထားရေ တလမ်းတပတ်(One Belt One Road)ဆိုရေ စီမံကိန်း တစိတ်တဒေသပါ။

အဂု ထွက်ဖို့ အဆင်သင့် ဖြစ်နိန်ရေ ရထားမှာ၊ တရုတ်နိုင်ငံ အလယ်ပိုင်းအတွက်၊ ကားအစိတ်အပိုင်းတိ၊ အချေ အစားအသောက်တိ၊ ဆီးဝါးအသုံးအဆောင်တိ၊ သံထည်ပစ္စည်းတိ ပါရေလို့ ဆိုပါရေ။ အေရထားစွာ ဥရောပတိုက်ကနိန်၊ ရာရှားနိုင်ငံကို ဖြတ်ပနာ၊ ၁၂ ရက်တိတိနန့် တရုတ်နိုင်ငံ ဇန်ဇောင်းမြို့တော်(Zhengzhou)ကို ရောက်လားဖို့ ဖြစ်ပါရေ။ စုစုပေါင်း ခရီးအရှည်က ကီလိုမီတာ ၁၁,၀၀၀ ကျော် ရှိပါရေ။

© Global Look Press / Zheng Huansong
© Global Look Press / Zheng Huansong

လက်ရှိမှာ ၁ ပတ် ၁ ကြိမ် ရထားထွက်ဖို့ ရှိပနာ၊ နောက်ပိုင်းမှာ အကြိမ်ရေ ထပ်တိုးလားဖို့လို့ ဆိုပါရေ။

“တရုတ်နိုင်ငံနန့် ရင်းရင်းနှီးနှီး၊ တပူးတတွဲ၊ ဆက်ဆံရစွာကို ကျွန်တော်ရို့ ကကောင်း စိတ်ဝင်စားပါရေ။ အခွင့်အရေးကောင်းတခုနန့်၊ လိုအပ်ချက်တခုလို့လည်း ကျွန်တော်ရို့ မြင်ပါရေ။” ဆိုပနာ ဝါလိုနီးယား(Wallonia) ဒုဥက္ကဌ ပီယာရီ-ဝိုင့်ဗ် ဂျီဟိုလတ်(Pierre-Yves Jeholet)က ပြောလားပါရေ။

ဝါလိုနီးယားက ဒေသတွင်းက အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ ပို့ကုန်ထုတ်လုပ်တေ ကုမ္ပဏီတိကို၊ တရုတ်နိုင်ငံကို အေရထားလမ်းကတဆင့်၊ ပစ္စည်းတင်ပို့ကတ်ဖို့လည်း နှိုးဆော်နိန်ရေလို့ ပြောလားပါရေ။

“အေရထားလမ်းက၊ ကျွန်တော်ရို့ လက်တွဲပနာ၊ အေပိုင် စီမံကိန်းကြီးတိကို လုပ်နိုင်ရေလို့၊ ပြသလိုက်စွာလည်း ဖြစ်ပါရေ။” လို့ သူက ဆိုပါရေ။

© Global Look Press / Zheng Huansong
© Global Look Press / Zheng Huansong

အဂု ဇန်ဇောင်း-လိချ်(Zhengzhou-Liege) ရထားလမ်းစွာ၊ အေ ၂ နိုင်ငံကို ဆက်သွယ်ထားရေ၊ တတိယမြောက် ရထားလမ်းပါ။ ပထမ ရထားလမ်း ဒါချိန်းမြို့တော်-ဇီးဘရာ့ဂျ် ဆိပ်ကမ်း(Daqing City-Zeebrugge Port)ကို အယင်နှစ် ဂျုန်လက ဖွင့်လှစ်ခပနာ၊ အေနှစ်ထဲမှာ ဒုတိယ ရထားလမ်း တန်ရှမ်းမြို့တော်-အန့်တ်ဝါ့ပ် ဆိပ်ကမ်း(Tangshan City-Antwerp Port) ကို ဖွင့်လှစ်ခပါရေ။

အယင် ပိုးလမ်းမ(Silk Road) ဟောင်းကို၊ အဂု တရုတ်နိုင်ငံက တလမ်းတပတ်(One Belt One Road)လို့ နာမေပီးထားပနာ၊ တရုတ်၊ ဥရောပ၊ အရှိအလယ်ပိုင်းနန့် တခြားဒေသတိကို ကုန်းလမ်းက ဆယ်သွယ်နိန်ပါရေ။

တရုတ်က ကကောင်း အလေးထားရေ၊ အမေရီကန်ဒေါ်လာ သန်း သန်းပေါင်းများစွာတန်ရေ စီမံကိန်း(multi-trillion-dollar project)က ကဗာ့ ကုန်သွယ်ရေးကို ကကောင်းကြီး မြှင့်တင်ပီးလားနိုင်ဖို့လို့၊ ကျွမ်းကျင်ပညာရှင်တိက ခန့်မှန်းထားပါရေ။ ဆက်သွယ်ရေးမှာ ပါဝင်ရေ နိုင်ငံတိအတွက်၊ ကုန်သွယ်ရေး ကုန်ကျစရိတ် တဝက်ကိုလည်း၊ ချော့ချလားနိုင်ဖို့လို့ ဆိုပါရေ။

၂၀၁၄ ခုနှစ်ကပင် ဖွင့်လှစ်ခရေ အေကုန်သွယ်ရေးလမ်းမမှာ၊ တရုတ်-ဥရောပ မြို့တော်တိအကြား၊ ကုန်ရထားပေါင်း ၁၁,၀၀၀ လောက် ခုတ်မောင်းလားဗြီးဗျာလ်လို့ ဆိုပါရေ။