၁၅ နှစ်အတွင်းမှာ တရုတ် – အမေရီကန် စစ်ဖြစ်ဖို့လို့ အမေရီကန် ဗိုလ်ချုပ်ဟောင်းပြော

0
1329
© Reuters / Damir Sagolj
© Reuters / Damir Sagolj

အဂု တဖက်နန့် တဖက် ဆက်ဆံရေး တင်းမာနိန်ရေ ပုံစံနန့်ဆိုကေ၊ လာဖို့ ၁၅ နှစ်အတွင်းမှာ တရုတ် – အမေရီကန် စစ်ဖြစ်ကို ဖြစ်ဖို့လို့၊ ဥရောပတိုက်ဆိုင်ရာ အမေရီကန် ကုန်းတပ် ကာကွယ်ရေးဦးစီးချုပ်ဟောင်းက ပြောလိုက်ပါရေ။

ဗြီးခရေ ဗုဒ္ဓဟူးနိက၊ ဝါဆော လုံခြုံရေး ဆွေးနွေးပွဲ(Warsaw Security Forum)မှာ “တရုတ်က ခြိမ်းခြောက်လာမှုကို ရင်ဆိုင်ဖို့၊ အမေရီကန်စစ်တပ်တိကို ပစိဖိတ်သမုဒ္ဒရာဖက်ကို ရွိကိုရွိရဖို့”၊ “ဥရောပကလည်း ကိုယ့်လုံခြုံရေးအတွက်၊ မဆိုင်းမတွ ပါဝင်ဖို့ လိုရေ။” လို့ အနားယူလားဗျာလ် ဖြစ်တေ ဒုဗိုလ်ချုပ် ဘန် ဟော့ဂျ်(Retired Lt. Gen. Ben Hodges)က ပြောလိုက်ပါရေ။

“အမေရီကန်ပြည်ထောင်စုက၊ ဥရောပတိုက်က ကျောထောက်နောက်ခံမှု ကောင်းကောင်း လိုရေ။ ကျွန်တော် အတိအကျတော့ မပြောနိုင်။ ယကေလည်း ၁၅ နှစ်အတွင်းမှာ၊ ကျွန်တော်ရို့ တရုတ်နန့် စစ်ဖြစ်ဖို့ ဖြစ်နိုင်ခြေ ကကောင်း ရှိနိန်ပါရေ။” ဟော့ဂျ် က သတိပီးလိုက်ပါရေ။

ဥရောပတိုက် လုံခြုံရေးအတွက်၊ ရံပုံငွေ မတည်ပီးဖို့စွာနန့်၊ လေ့ကျင့်မှုတိ လုပ်ပီးဖို့စွာ၊ ဝါရှိန်တန်အစိုးရအတွက် ထိပ်တန်း ဉီးစားပီးပါလို့ ဟော့ဂျ် က သုံးသပ်ပြပါရေ။ “လာဖို့ ၁၀ နှစ်၊ ၁၅ နှစ် အတွင်း၊ ပစိဖိတ်သမုဒ္ဒရာမှာ စစ်တိုက်ဖို့အတွက်လည်း၊ အမေရီကန်ပြည်ထောင်စုက ပြင်ဆင်ဖို့ လိုနိန်ပါဗျာလ်။” လို့ ပြောလားပါရေ။

အယင် ကာကွယ်ရေးဉီးစီးချုပ်က၊ အဆိုစီယိတ်တတ် ပြတ်စ်(Associated Press) သတင်းဌာနနန့် တွိဆုံစွာမှာ၊ အမေရီကန်၊ တရုတ် ဆက်ဆံရေးက တဖြည်းဖြည်း တင်းမာလာနိန်ရေလို့ ဆိုပါရေ။ တရုတ်အစိုးရက၊ နည်းပညာတိ ခိုးစွာနန့်၊ အာဖရိကတိုက်နန့် ဥရောပတိုက်က၊ မဟာဗျူဟာကျရေ နိန်ရာတိကို၊ ထိန်းချုပ်လို့ရအောင် ယူထားစွာတိကို အပြစ်တင်လိုက်ပါရေ။ ဥရောပတိုက် ဆိပ်ကမ်းတိထဲက၊ ၁၀% ကျော်ကိုလည်း၊ တရုတ်က ပိုင်လားဗျာလ်လို့ သူက ပြောပါရေ။

ဟော့ဂျ် စွာ၊ ဥရောပတိုက် ကုန်းတပ် ကာကွယ်ရေးဉီးစီးချုပ်အဖြစ်၊ ၂၀၁၄ ခုနှစ်ကနိန်၊ အယင်နှစ်အထိ လုပ်လားပါရေ။ အဂု ဝါရှိန်တန် အခြေစိုက် သုတေသနဌာန၊ ဥရောပဆိုင်ရာ နိုင်ငံရေး သုံးသပ်ရေး ဗဟိုဌာန(Center for European Policy Analysis)မှာ အလုပ် လုပ်နိန်ပါရေ။ ယင်းသုတေသနဌာန လည်ပတ်ဖို့အတွက်၊ ရံပုံငွေကို၊ အမေရီကန်ပြည်ထောင်စုက လက်နက်အကြီးတန်း ထုတ်တေ ကုမ္ပဏီကြီးတိ ဖြစ်တေ လော့ခ်ဟိဒ် မာတိန်(Lockheed Martin)၊ ရေသီယွင်(Raytheon)နန့် အမေရီကန်ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာန(US Defense Department)ရို့က မ,တည်ပီးပါရေ။

အဂု သူပီးလိုက်တေ မှတ်ချက်က၊ တရုတ် – အမေရီကန် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး တင်းမာနိန်ရေ အချိန်မှာ ပါ။ လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ၊ လွတ်လပ်တေ ရီကြောင်းခရီး လားပိုင်ခွင့်(freedom of navigation)ကို အကြောင်းပြပနာ၊ အမေရီကန် စစ်သင်္ဘောတိ တရုတ်နိုင်ငံ အနားဝန်းကျင်မှာ၊ လှုပ်ရှားမှုကို တိုးလုပ်လာနိန်စွာကို တွိရပါရေ။ တရုတ်ကလည်း အန္တရာယ် ရှိရေ အနိန်အထားကို ရောက်နိန်ဗျာလ်လို့ သတိပီးထားပါရေ။

စီးပွားရေးအရ နှစ်နိုင်ငံ ဆက်ဆံမှုလည်း၊ ကကောင်း ခါးသီးနိန်ကတ်ပါရေ။ အမေရီကန်ပြည်ထောင်စုက၊ တရုတ်ကို နည်းပညာ ခိုးရေလို့ စွပ်စွဲရေပိုင်၊ တရုတ်က အမေရီကန်ပြည်ထောင်စုကို၊ ပစ္စည်း ပိုတင်ပို့လို့၊ ဖေသာ ပိုရနိန်စွာကိုလည်း မကျေမနပ် ဖြစ်နိန်ပါရေ။