ကာလီဖိုးနီးယား တောမီး ၆၃ ယောက်သီ၊ ၆၀၀ ကျော် ပျောက်၊ နိဗ္ဗာန် ပြာကျ

0
1167
© Reuters / Mike Blake
© Reuters / Mike Blake

အမေရီကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် သမိုင်းမှာ၊ အဆိုးရွားဆုံး တောမီးက၊ ဆက်ပနာ လောင်နိန်သိမ့်ရေအတွက်၊ မီးသတ်သမားတိ အင်တိုက်အားတိုက် မီးသတ်နိန်ရရေပိုင်၊ ဒေသခံတိ မီးထဲ ပါမလားအောင်လည်း၊ ကယ်ဆယ်ရေးသမားတိ ကြိုးစားနိန်ရတုန်းပါ။ လက်ရှိမှာ လူ ၆၃ ယောက် သီစွာ ခိုင်လုံလားပနာ၊ ၆၃၀ ကျော် ပျောက်နိန်တုန်းပါ။

ဘာ့တ် ခရိုင်(Butte County)က နိဗ္ဗာန်မြို့(Paradise)နန့် ပတ်ဝန်းကျင်ဒေသတိလည်း၊ မီးလောင်ခံရပနာ၊ ပြာအတိကျလားပါရေ။ ဗြီးခရေ ကြာသပဒီးနိ မိုးသောက်ဖက်မှာ၊ အနားက ပါလ်ဂါ(Pulga)ကို စပနာ မီးလောင်ခပနာ၊ ဧက ၁ သိန်း ၄ သောင်းကျော်ထိ ပျံ့နှံ့လောင်လာစွာပါ။ လီပြင်းပနာ၊ စိုထိုင်းမှုကလည်း မရှိ ဖြစ်နိန်ရေခါ၊ အိမ်ပေါင်း ၈,၇၀၀ ကျော်ကို မီးဝါးမြိုလားပနာ၊ လူထောင်သောင်းချီပနာ၊ နိန်ရာ ရွိပြောင်းပနာ၊ ကယ်ဆယ်ထားရပါရေ။ မောင်းသူမဲ့ လေယာဉ်ပျံနန့် ရိုက်ကူးထားရေ ဗွီဒီယိုကို အောက်မှာ ကြည့်နိုင်ပါရေ။

ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဗြောင်း(Jerry Brown)က ပြောစရာ စကားကို ရှာလို့ မရလို့၊ ဝမ်းနည်းပမ်းနည်း ပြောလားရေပိုင်၊ နိဗ္ဗာမြို့ကိုလည်း စစ်မြေပြင်(war zone)အတိုင်း ဖြစ်လားရေလို့ နှိုင်းပြလားပါရေ။

နိုဗန်ဘာလကုန်ထိ မီးငြိမ်းသတ်နိုင်ဖို့ မမြင်လို့ ဆိုပါရေ။ မီးခိုးလုံးတိနန့် နီရောင်ကိုတောင် မမြင်ရရေပိုင်၊ မီးခိုးတိမ်တိ အုပ်လားလို့၊ ပတ်ဝန်းကျင်ဒေသတိထက် အပူချိန် ၁၀ ဒီဂရီတောင် ကျဆင်းလားရေလို့လည်း ဆိုပါရေ။ အနားက ချီကိုမြို့(Chico)နန့် ဂရဲ့ဒ်လီမြို့(Gridley)ရို့မှာလည်း၊ မီးခိုးတိ ရောက်လာရေအတွက်၊ လီအရည်အသွေးကို “အန္တရာယ်ရှိရေ အဆင့်”လို့ သတ်မှတ်ထားပနာ၊ ဒေသခံတိ အိမ်ပြင် မထွက်ကတ်ဖို့၊ သတိပီးထားရပါရေ။ ၁၇၅ မိုင် အကွာမှာ ရှိရေ၊ ဆန် ဖရန်ဆစ္စကိုမြို့(San Francisco)အထိ၊ ကြားဒေသတိက လီထုကိုလည်း၊ “ကျန်းမာရေးအတွက် မကောင်း” အဆင့်လို့ သတ်မှတ်ထားရပါရေ။

ကာလီဖိုးနီးယားပြည်နယ်၊ ပစိဖိတ် ဂစ်နန့် လျှပ်စစ်ကုမ္ပဏီ(PG&E)ပိုင် ကရိယာတခုက မီး စ,လောင်လာရေလို့ သိရပါရေ။

မီးသတ်သမား ၅,၆၀၀ ကျော်က၊ မီးသတ်ကား၊ ဘူတိုဇာ၊ ဟဲလ်လီကော်ပတာ ရာချီ သုံးပနာ၊ မီးငြိမ်းနိုင်အောင်၊ ကြိုးစားသတ်နိန်ရတုန်းပါ။