ဂျီ ၂၀ ညစာစားပွဲမှာ သွင်းကုန်ခွန်ကို ရက် ၉၀ ရပ်ထားဖို့ ထရုန့်ပ် – ရှီ သဘောတူ

0
3784
© Reuters / Kevin Lamarque
© Reuters / Kevin Lamarque

နိုင်ငံပေါင်း ၁၉ နိုင်ငံနန့် ဥရောပသမဂ္ဂက ဘဏ္ဍာရေးဝန်ကြီးတိနန့် ဗဟိုဘဏ်ဥက္ကဌတိ  ပါရေ အုပ်စု (ဂျီ ၂၀) အစည်းအဝေး ကျင်းပနိန်ရေ အာဂျင်တီးနားနိုင်ငံက၊ ၂ နာရီခွဲ ကြာရေ ညစာစားပွဲမှာ၊ တရုတ်သမ္မတ ရှီ ကျင်းပေါင် နန့် အမေရီကန်ပြည်ထောင်စု သမ္မတ ဒိုနဲလ် ထရုန့်ပ် ရို့ ကုန်သွယ်ရေး သဘောတူညီမှု တခုကို ရလိုက်ကတ်ပါရေ။

ကုန်သွယ်ရေး ဆွေးနွေးမှုကို ဆက်ပနာ လုပ်လားဖို့နန့်၊ လောလောဆယ် သွင်းကုန်ခွန် ထပ်မကောက်ဖို့ နှစ်ဖက်ဂေါင်းဆောင်တိ သဘောတူလားကတ်ပါရေ။

အမေရီကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်က ထုတ်တေ ကြေငြာချက်မှာ “၂၀၁၉ ခုနှစ် ဂျန်နဝါရီလ ၁ ရက်နိက စပနာ၊ အမေရီကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးရှိရေ ကုန်ပစ္စည်းတိမှာ အေတကြိမ် သွင်းကုန်ခွန် ၂၅% မကောက်ဘဲ၊ ၁၀% ရာ ကောက်လားဖို့ သမ္မတ ထရုန့်ပ် က သဘောတူထားဗျာလ်။” လို့ ဖော်ပြထားပါရေ။

အပြန်အလှန်အနိန်နန့် နှစ်နိုင်ငံ ကုန်သွယ်ရေး ငွေကြေးပမာဏ ညီမျှလားအောင်၊ တရုတ်နိုင်ငံက အမေရီကန်ပြည်ထောင်စုထုတ် စိုက်ပျိုးရေး၊ စွမ်းအင်နန့် လုပ်ငန်းသုံးပစ္စည်း အများအပြား ဝယ်ယူဖို့ သဘောတူလားရေလို့ ဆိုပါရေ။ အယင်နှစ်က ကုန်သွယ်ရေး မညီမျှမှုက အမေရီကန်ဒေါ်လာ ၃၇၅ ဘီလီယံ ရှိခရေလို့ ဆိုပါရေ။(တရုတ်နိုင်ငံက အမေရီကန်ပြည်ထောင်စုကို အမေရီကန်ဒေါ်လာ ၃၇၅ ဘီလီယံဖိုး ပစ္စည်း ပိုရောင်းရေလို့ ဆိုလိုစွာပါ။) တရုတ်နိုင်ငံက ဝယ်ယူဖို့ ပစ္စည်းတိ စရင်းကို အဗြီးသတ် မထုတ်ပြန်သိမ့်ကေလည်း၊ လောလောဆယ် အမေရီကန်ပြည်ထောင်စုထုတ် လယ်ယာပစ္စည်းတိကို ချက်ချင်း ဝယ်ယူဖို့ သဘောတူလားရေလို့၊ အမေရီကန်ပြည်ထောင်စု အုပ်ချုပ်ရေးပိုင်းက ပြောလားပါရေ။

အမေရီကန်ပြည်ထောင်စုသမ္မတ ဒိုနဲလ် ထရုန့် က၊ တရုတ်ပစ္စည်းတိစွာ နည်းပညာ မူပိုင်ခွင့်ကို ချိုးဖောက်တေ၊ တရုတ်နိုင်ငံကလည်း၊ ကုန်သွယ်ရေးမှာ အမေရီကန်ပြည်ထောင်စုက ဝယ်ယူစွာထက်၊ အမေရီကန်ဒေါ်လာ ၃၇၅ ဘီလီယံဖိုး ပိုရောင်းပနာ၊ ကုန်သွယ်ရေး အလေ့အထတိကို ချိုးဖောက်တေလို့ စွပ်စွဲပနာ၊ တရုတ်နိုင်ငံက အမေရီကန်ပြည်ထောင်စုကို တင်သွင်းနိန်ရေ ပစ္စည်းတိကို သွင်းကုန်ခွန်တိ အတင်းအားဓမ္မ ကောက်လာလို့ ဘေဂျိန်းအစိုးရနန့် ဝါရှိန်တန်အစိုးရရို့ ကုန်သွယ်ရေး တင်းမာနိန်ကတ်စွာပါ။

ရက် ၉၀ အတွင်းမှာရာ၊ တရုတ်နိုင်ငံက ပြေလည်အောင် လုပ်ဖို့ မကြိုးစားကေ၊ အမေရီကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုး ရှိရေ သွင်းကုန်ပစ္စည်းတိမှာ အခွန် ၁၀% ကနိန်၊ ၂၅% ထိ ထပ်တိုးကောက်လားဖို့လို့ ပြောလားပါရေ။

လောလောဆယ်မှာ တရုတ်ထုတ်ပစ္စည်း အမေရီကန်ဒေါ်လာ ၂၅၀ ဘီလီယံဖိုးကို အမေရီကန်ပြည်ထောင်စုက သွင်းကုန်ခွန် ကောက်နိန်ပနာ၊ နောက်ထပ် အမေရီကန်ဒေါ်လာ ၂၇၆ ဘီလီယံဖိုးမှာလည်း၊ အခွန်ထပ်ကောက်လားဖို့ ပြင်ဆင်နိန်ရေလို့ ဆိုပါရေ။ တရုတ်နိုင်ငံကတော့ အမေရီကန်ပြည်ထောင်စုထုတ်ပစ္စည်း အမေရီကန်ဒေါ်လာ ၁၁၀ ဘီလီယံဖိုးမှာ သွင်းကုန်ခွန် ကောက်နိန်ပါရေ။