ဒေါ်လာ သန်းချီဖိုး ရောင်းဝယ်ဖောက်ကားနိန်ကတ်တေ၊ ဂျပန်ငါးစျီးကွက်က အံ့သြစရာတော့ မဟုတ်ပါ။ ယကေလည်း အေအပတ်ထဲမှာတော့ခါ ကဗာ့စျီးအကြီးဆုံး ငါးတကောင် အရောင်းအဝယ် ဖြစ်စွာကို တွိရပါရေ။ အပြာရောင် စူးတောင်ရှိရေ တူနာ ငါးကြီးတကောင်ကို အမေရီကန်ဒေါ်လာ ၃.၁ သန်းနန့် အရောင်းအဝယ် ဖြစ်လားပါရေ။
ဂျပန်နိုင်ငံက နာမေကြီး ဆူချီ ဇန်မာအိ(Sushi Zanmai) ဆူချီ လုပ်ငန်းကြီးကို ပိုင်ရေ၊ ငါး သဌေးကြီး ကီယိုရှိ ကီမူရာ(Kiyoshi Kimura)က နှစ်စဥ် လုပ်နိန်ကျ၊ နှစ်သစ်ကူး ပင်လယ်စာရောင်းပွဲမှာ ယင်းငါးကြီးကို စနီနိက ဝယ်ယူလားခပါရေ။
တူနာငါးဘုရင်လို့ နာမေပီးထားရေ၊ အပြာရောင် စူးတောင်နန့် တူနာငါးကြီးက အလီးချိန် ၂၇၈ ကီလိုဂရမ် လီးပနာ၊ ဂျပန်ယန်း ၃၃၃.၆ သန်း(အမေရီကန်ဒေါ်လာ ၃.၁ သန်း)နန့် အရောင်းအဝယ် ဖြစ်လားစွာပါ။ ယင်းငါးကို ဂျပန်နိုင်ငံ မြောက်ပိုင်းက အေအိုမာအိ(Aomari)အရပ်မှာ ဖမ်းမိစွာလို့ ဆိုပါရေ။
ယင်းငါးတကောင် တန်ဖိုးက၊ ရွှေသား ၇၀ ကီလိုဂရမ် တန်ဖိုးနန့် လားညီပါရေ။ ကဗာ့စျီးအကြီးဆုံး မန်ဟတ္တန်ရပ်ကွက်က အိမ်ခန်း ၃ ခန်းပါ တိုက်ခန်းတခန်း တန်ဖိုးနန့် လားညီပါရေ။ ယကေလည်း ကီယိုရှိ ကီမူရာ က၊ အေငါးကို သူ့ဖောက်သယ်တိကို ချက်ကျွေးဖို့အတွက် တန်ရေလို့ ပြောပါရေ။

လွန်ခရေ ၆ နှစ်ကလည်း၊ အလီးချိန် ၂၂၂ ကီလိုဂရမ် လီးရေ အပြာရောင်စူးတောင် တူနာငါးကြီးတကောင်ကို၊ ကီယိုရှိ ကီမူရာ က ဂျပန်ယန်း ၁၅၅.၄ သန်း(အမေရီကန်ဒေါ်လာ ၁.၈ သန်း) ပီးဝယ်ခပနာ၊ စံချိန်တင်ခဖူးပါရေ။ နှစ်သစ်ကူး ငါးရောင်းပွဲမှာ၊ စျီးအကြီးဆုံး ပီးဝယ်ရေ လူအဖြစ် ၇ နှစ် ဆက်တိုက် ရှိခရေ နာမေကို၊ ကီယိုရှိ ကီမူရာ က ပြန်ယူလိုက်စွာပါ။ အယင်နှစ်က စျီးအကြီးဆုံး ပီးဝယ်ရေ လူ နာမေကို၊ လက်လီဖြန့်ရေ ယာမာယူကီ အုပ်စု(Yamayuki Group) ဂေါင်းဆောင် ယူကီတာကာ ယာမာဂူချီ(Yukitaka Yamaguchi)က ရယူလားဖူးပါရေ။