ကန်ဆာ ဖြစ်နိုင်လို့ Johnson & Johnson အချေပေါင်ဒါမှုန့် တင်သွင်းစွာကို ဆရီ လန်ကာနိုင်ငံ ပိတ်ပင်

0
1609
© Reuters / Brendan McDermid
© Reuters / Brendan McDermid

ဆရီ လန်ဒါနိုင်ငံက အချေပေါင်ဒါမှုန့် ဂျွင်ဆင် အန် ဂျွင်ဆင် (Johnson & Johnson (J&J)) တင်သွင်းစွာကို၊ ကင်ပဏီက ကန်ဆာရောဂါ ဖြစ်နိုင်ရေ အပ်ဆ်ဘတ်ဆတို့ဆ် (asbestos) မပါပါလို့ သက်သီပြပနာ၊ အာမခံပီးနိုင်ရေအချိန်ထိ တားဆီးပိတ်ပင်ခပါရေ။

ဆရီ လန်ဒါနိုင်ငံနန့် အာရှနိုင်ငံ အင်တန်များများမှာ ပေါင်ဒါမှုန့်ကို ကျန်းမာရေးနန့် အလှဆင်ပစ္စည်းအဖြစ် သုံးလေ့သုံးထ များကတ်ပါရေ။ ဆရီ လန်ဒါနိုင်ငံမှာ ပေါင်ဒါမှုန့်ကို ဂျေအန်ဒ်ဂျေ အိန္ဒိယ( J&J India)က တင်သွင်းပါရေ။

ဗြီးခရေ ဒီစန်ဘာလမှာ အိန္ဒိယနိုင်ငံ ဆီးဝါးထိန်းကွပ်ရေးအဖွဲ့က၊ အိန္ဒိယနိုင်ငံက Johnson & Johnson စက်ရုံ ၂ ရုံကို ကုန်ကြမ်းတိမှာ အပ်ဆ်ဘတ်ဆတို့ဆ် မပါပါလို့ သက်သီပြနိုင်ရေ အချိန်ထိ၊ ထုတ်လုပ်မှု မလုပ်ဖို့ တားဆီးပိတ်ပင်လိုက်ပါရေ။ ရိုက်တာဆ်(Reuters) သတင်းဌာနက သတင်းတပုဒ်မှာ ယင်းစက်ရုံတိစွာ ကုန်ကြမ်းတိအထဲမှာ ကန်ဆာရောဂါ ဖြစ်စီနိုင်ရေ အပ်ဆ်ဘတ်ဆတို့ဆ် ပါနိန်ရေဆိုစွာကို၊ အယင် ဆယ်စုနှစ်ပေါင်းများစွာကပင် သိနိန်ခရေလို့ ဆိုပါရေ။

အမေရီကန်ဆီးဝါးထုတ်လုပ်ရေးကင်ပဏီ ဂျွင်ဆင် အန် ဂျွင်ဆင် စွာ အမေရီကန်ပြည်ထောင်စုမှာလည်း အချေပေါင်ဒါမှုန့်တိမှာ ကန်ဆာဖြစ်စီရေ အပ်ဆ်ဘတ်ဆတို့ဆ် ပါလို့ဆိုပနာ၊ ထောင်သောင်းချီရေ တရားစွဲဆိုမှုတိကို ခံနိန်ရပါရေ။ ကင်ပဏီကတော့ခါ သူရို့ ထုတ်တေ ပစ္စည်းတိမှာ အပ်ဆ်ဘတ်ဆတို့ဆ် မပါပါလို့ ငြင်းဆိုထားပါရေ။

မှတ်ချက် – အပ်ဆ်ဘတ်ဆတို့ဆ်(asbestos)ဆိုစွာ အပူရှိန် အမြင့်ကြီး ဒဏ်ကို ခံနိုင်ရည်ရှိရေ ဆီလီကိတ် တွင်းထွက်ပစ္စည်းတမျိုးပါ။ အမျှင်တိ လုပ်ပနာ သုံးနိုင်ပါရေ။ ကားဘြိတ်ချူးတိမှာ သုံးရေပိုင်၊ မီးခံပြား၊ အပူခံပြားတိမှာ ထည့်သုံးလေ့ ရှိပါရေ။ ပြဿနာက ယင်းအမှုန်တိ နခေါင်းထဲကိုရာ ဝင်မိကေ၊ အဆုပ်ထဲမှာ မပျက်မစီးဘဲ နှစ်ရည်ရှိနိန်နိုင်ပနာ၊ ကြာလာကေ ကန်ဆာရောဂါကို ဖြစ်စီနိုင်ပါရေ။