ဝီကီလိခ်ဆ် တည်ထောင်ခရေ ဂျူလီယံ အပ်ဆ်ဆန်း အဖမ်းခံရ

© Ruptly
© Ruptly

လင်ဒင်မြို့က အီကွာဒေါသံရုံးမှာ ၇ နှစ် ခိုလှုံနိန်ခရေ ဝီကီလိခ်ဆ် တည်ထောင်ရေ ဂျူလီယံ အပ်ဆ်ဆန်း ကို အီကွာဒေါ သမ္မတ မိုရီနို(Moreno)က နိုင်ငံရေးခိုလှုံခွင့်ကို ပိတ်ပင်လိုက်တေအတွက်၊ ညဇာက သံရုံးထဲကနိန် အတင်းအဓမ္မ ဆွဲထုတ်ပနာ ဖမ်းဆီးလားစွာကို တွိရပါရေ။

လတ္တင်အမေရိကာနိုင်ငံတခုဖြစ်တေ အီကွာဒေါနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကနိန် အသစ်တက်လာရေ လက်ရှိ သမ္မတ မိုရီနို နန့်၊ ဂျူလီယံ အပ်ဆ်ဆန်း ရို့ ဆက်ဆံရေးက တဖြည်းဖြည်းနန့် ဆိုးရွားလာစွာကနိန်၊ အဂု နိုင်ငံရေးခိုလှုံခွင့်ကို မိုရီနို က ပိတ်ပင်လိုက်တေအတွက် သံရုံးထဲကနိန် ဗြိတိသျှ် ရဲတိက ဝင်ဖမ်းလားစွာပါ။ အယင်နှစ်က မာ့ချ်လကပင်၊ “တခြားနိုင်ငံတိ အချုပ်အခြာကို မထိပါးနိုင်အောင်” လို့ အကြောင်းပြပနာ အပ်ဆ်ဆန်း သုံးနိန်ရေ အိန်တာနတ်ကိုလည်း ပိတ်ထားပါရေ။

၂၀၁၀ ခုနှစ်မှာ အမေရီကန်စစ်တပ် အပါချီ ဟတ်လီကော်ပတာ(Apache helicopter) တစီးထက်က စစ်သေနတ်နန့် ပစ်ခတ်လိုက်တေအတွက်၊ ရိုက်တာဆ်(Reuters) သတင်းထောက် ၂ ယောက်အပါအဝင် အရပ်သား ၁၂ ယောက် သီဗျာလ်၊ အချေ ၂ ယောက် ဒဏ်ရာရလားရေ ဗီဒီယိုဖိုင်ကို အမေရီကန်အစိုးရဘားက ဖောက်ထုတ်ပနာ၊ ပြည်သူတိကို တင်ပြနိုင်ခရေအတွက် ဝီကီလိခ်ဆ် က နာမေကျော်ကြားလာစွာပါ။

အီရတ်နိုင်ငံနန့် အာဖဂန်နစ္စတန်နိုင်ငံရို့မှာ အမေရီကန်စစ်တပ်က မဟုတ်တရုတ် လုပ်နိန်စွာတိ အပါအဝင် သံတမန်ရေးလျှို့ဝှက်ထားရေ ကင်ပျူတာ ဖိုင်ပေါင်း ၂ သိန်းကို အမေရီကန်စစ်သား ရှဲလ်ဆီး မန်းနီး(Chelsea Manning)က ဝီကီလိခ်ဆ်ကို ပို့ပီးလိုက်တေအတွက်၊ ရှဲလ်ဆီး မန်းနီး ကိုလည်း လျှို့ဝှက်ချက် ဖောက်ဖျက်မှုနန့် ၃၅ နှစ် ထောင်ချဖူးခပါရေ။

ဝီကီလိခ်ဆ် စွာ နိုင်ငံတကာက သံတမန်ရေး လျှို့ဝှက် စာရွက်စာတမ်း၊ နိုင်ငံရေးအဖွဲ့အစည်းတိ လျှို့ဝှက် စာရွက်စာတမ်း၊ ဘာသာရေးအဖွဲ့အစည်းတိ လျှို့ဝှက်စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ပြည်သူတိ သိနိုင်အောင် ဖော်ထုတ်ပီးခပါရေ။

တချိန်က ဝီကီလိခ်ဆ် သတင်းတိနန့် နာမေကြီး လူကြိုက်များခရေ နိုင်ငံတကာ သတင်းမီဒီယာတိစွာ အဂုအချိန်မှာ တိတ်ဆိတ်ပနာ မသိဟန်ဆောင်နိန်ကတ်စွာကို တွိရပါရေ။

https://wikileaks.org