
လူမဲတယောက်ကို ရဲတိ လိုင်ဂုတ်က ဖိပနာ လက်ထိပ်ခတ် ဖမ်းစွာမှာ သီလားရေအတွက်၊ ဆန္ဒပြကတ်စွာကနိန်၊ ရုန်းရင်းဆန်ခတ်ဖြစ်ကတ်စွာတိ၊ ဖောက်ထွင်းလုယက်ကတ်စွာတိ များလာရေအတွက်၊ အေနိ ညဉ့် ၈ နာရီက စပနာ၊ စနီ၊ တနင်္ဂနီထိ ညဉ့်မထွက်ရ စစ်အမိန့်ကို မီနီယာပိုလဲ့ဆ် မြို့တော်ဝန်(Minneapolis Mayor) ဂျက်ကော့ဘ် ဖြဲ(Jacob Frey)က အေနိထုတ်ပြန်လိုက်ပါရေ။
အနားက ဆိန့်ပေါလ်မြို့(St. Paul)မှာလည်း အလားတူ ညဉ့်မထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပါရေ။ အေနိ ညဉ့် ၈ နာရီကနိန် စနီနိ မိုးသောက် ၆ နာရီထိ၊ စနီနိ ညဉ့် ၈ နာရီကနိန် တနင်္ဂနီနိ မိုးသောက် ၆ နာရီထိပါ။ ချိုးဖောက်ပနာ အပြင်ထွက်ရေ လူတိကို အမေရီကန်ဒေါ်လာ ၁ ထောင် ဒဏ်ကြေး (ဝါ) ရက် ၉၀ ထောင်ဒဏ် ချမှတ်လားဖို့လို့ ဆိုပါရေ။
“ညဉ့်မထွက်ရ စစ်အမိန့် ထုတ်ထားရေအချိန်မှာ၊ တယောက်လည်း အိမ်ပြင်ကို ထွက်ပနာ လမ်းမလားရ၊ အိမ်အပြင်မှာ မနိန်ရ။” လို့ အရေးပေါ် ကြေငြာချက်မှာ ဖော်ပြထားပါရေ။
အေ ညဉ့်မထွက်ရ အမိန့်ကို လက်နက်မပါရေ လူမဲ ဂျော့ချ် ဖလွိုင်းဒ်(George Floyd) လိုင်ဂုတ်ကို ဒူးနန့် ဖိပနာ ဖမ်းခရေ ရဲအရာရှိ ဒါရတ်ခ် ချူဗိန်(Derek Chauvin)ကို လူသတ်မှုနန့် ထောင်ချဖို့လို့ အမိန့်ထုတ်ပြန်လို့အဗြီးမှာ ကြေငြာစွာပါ။ ရဲက ဖမ်းနိန်ရေခါ ဂျော့ချ် ဖလွိုင်းဒ် အသက်ရှုကျပ်ပနာ သီလားရေအတွက်၊ အေတပတ်လုံး အမေရီကန်ပြည်ထောင်စု အနှံ့မှာ ဆန္ဒပြဆန့်ကျင်ကတ်စွာတိ ကျယ်ပြန့်လာနိန်ပါရေ။
ဆန္ဒပြကတ်စွာကနိန် ဗုဒ္ဓဟူးနိညဉ့်မှာ ဖောက်ထွင်းခိုးယူစွာတိ၊ မီးတိုက်ကတ်စွာတိ မီနီဆိုတာပြည်နယ်က မြို့ကြီး ၂ မြို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါရေ။ ညဇာက ညဉ့်မှာ ရဲအရာရှိ ဒါရတ်ခ် ချူဗိန် အလုပ် လုပ်ခရေ ရဲစခန်းကို ဆန္ဒပြရေလူတိ ဝိုင်းထားရေခါ၊ ရဲအရာရှိတိ ထွက်ဗြီးလားရရေအတွက်၊ ရဲစခန်းတခုလုံးကို ပြာကျအောင်ထိ မီးတိုက်ပလိုက်ကတ်ပါရေ။

