ဂျော့ချ် ဆိုးရို့စ် ပိုင် ပွင့်လင်းလူ့အဖွဲ့အစည်း ဟင်ဂေရီနိုင်ငံမှာ လုပ်ငန်းရပ်ဆိုင်း

© Bernadett Szabo Reuters
© Bernadett Szabo Reuters

ဂျော့ချ် ဆိုးရို့စ် (George Soros) ပိုင်ဆိုင်ရေ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှန်း (Open Society Foundation)စွာ ဘူဒါပတ်စ် (Budapes) အစိုးရက လူ့အဖွဲ့အစည်းကို ဖိအားပီးလို့ဆိုပနာ ဟင်ဂေရီနိုင်ငံထဲက လုပ်ငန်းတိ အားလုံးကို ရပ်ဆိုင်းလိုက်ပါရေ။ ဟင်ဂေရီ ဝန်ကြီးချုပ် ဗစ်တွာ သြော်ဘန် (Viktor Orban)က ဆိုးရို့စ် စွာ နိုင်ငံ့ပြည်တွင်းရေးမှာ သူ့အလိုကျ အမြဲတမ်း ဝင်စွက်ဖက်ရေလို့ အကြိမ်ကြိမ် ဝေဖန်ခပါရေ။

“ဟင်ဂေရီနိုင်ငံထဲမှာ နိုင်ငံရေးအရ၊ ဥပဒေရေးအရ ဖိအားပီးမှုတိ တဖြည်းဖြည်း ပြင်းထန်လာရေအတွက် ပွင့်လင်းလူ့အဖွဲ့အစည်း နိုင်ငံတကာလုပ်ငန်းလည်ပတ်ရေးရုံးချုပ်နန့် ဝန်ထမ်းတိကို ဟင်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ ကနိန် ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်ကို ပြောင်းနိန်ဗျာလ်” လို့ အဖွဲ့အစည်းက အေနိန့် အတည်ပြုပါရေ။

ဟင်ဂေရီနိုင်ငံဖွား အမေရီကန် သဌေးကြီး ဂျော့ချ် ဆိုးရို့စ် စွာ ၁၉၆၉ ခုနှစ်မှာ ဆိုးရို့စ် ငွေသား စီမံခန့်ခွဲရေး (Soros Fund Management)ကို မတည်ထောင်ခင်ထိ ကုန်သည်တယောက်၊ စျီးကွက်လေ့လာဆန်းစစ်တေ လူတယောက် အဖြစ် ရပ်တည်ခပါရေ။ ကဗာမှာ ရှိအကျဆုံး ရင်းနှီးမြှပ်နှံရေ လူတယောက် ဖြစ်လာပနာ ကကောင်း ချမ်းသာလာပါရေ။ ၁၉၉၀ ခုနှစ်မှာ ဗြိတိသျှ ပေါင်စတာလင် ပြိုကျလားအောင်ထိ ပေါင်စတာလင် ကို ကဇတ်ခလို့လည်း နာမေဆိုး ရှိပါရေ။

ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှန်း စီမံကိန်းကို ၁၉၇၉ ခုနှစ်မှာ စတင်ခပါရေ။ ဟင်ဂေရီနိုင်ငံမှာ အမေရီကန် လက်အောက်ခံ မဟုတ်တေ ဖောင်ဒေးရှန်းအဖြစ် ၁၉၈၄ ခုနှစ်မှာ စပနာ ဖွင့်လှစ်ခပါရေ။ လက်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ နိုင်ငံအဆင့် ၂၆ ရုံး၊ ဒေသဖောင်ဒေးရှန်းတိ၊ ရုံးတိ ဖွင့်လှစ်ပနာ ၁ နှစ်ကို ဒေါ်လာ ၉၄၀ သန်း အကုန်အကျခံဗျာလ် လုပ်ငန်းတိ လည်ပတ်နိန်ပါရေ။

ဥရောပနိုင်ငံတိထဲကို လူ သန်းချီပနာ ရွိပြောင်းဝင်လာအောင်လည်း ပွင့်လင်းလူ့အဖွဲ့အစည်းတိက လုပ်ခပနာ၊ အဂု ဥရောပက ဗြီတိန် ခွဲထွက်ရေးမှာလည်း နောက်ပြန်လှည့်လာအောင် ဆိုးရို့စ် က ပေါင်စတာလင် သန်းဝက် လှူခရေလို့လည်း စွပ်စွဲနိန်ကတ်ပါရေ။